backup og meta

သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ

    အရေပြား ဝင်းမွတ်တောက်ပစေအောင် ပြုလုပ်ခြင်းဟာ အရေပြားအရောင် မညီညာခြင်း၊ အမာရွတ်ထင်ခြင်းများ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ ဝင်းမွတ်တောက်ပလာမယ်ဆိုရင် သင်လိုချင်တဲ့ အရေပြားအရောင် ရရှိစေဖို့အတွက် ကျေနပ်စရာတစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစောင်မှာ သင့်ရဲ့ အရေပြားဝင်းမွတ် တောက်ပဖို့အတွက် အန္တရာယ်ကင်းပြီး အသုံးဝင်တဲ့ နည်းလမ်းတွေ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

    လူအများဟာ အသားအရေဝင်းမွတ်တောက်ပဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ ဒါဟာပုံမှန်ပဲ ဖြစ်ပြီး သင့်ရဲ့အရေပြားကို အန္တရာယ်ကင်းစွာ ဝင်းမွတ်တောက်ပစေဖို့ရာ အသုံးဝင်သော နည်းလမ်း အချို့ကို ရှာဖွေနိုင်ပါတယ်။

    ရှောက်ရည်၊ သံပယိုအရည်

    ရှောက်ရည်၊ သံပယို အရည်တို့ဟာဆိုရင် သင့်ရဲ့ အရေပြားအရောင် တောက်ပ ကြည်လင်စေဖို့ရာအတွက် အခြေခံကျသော ကုသမှုတစ်မျိုး ဖြစ်ပါတယ်။ ဒါကို အိမ်မှာပဲ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။ ရှောက်သီး ၊သံပယိုသီးတို့ဟာ ဆိုရင်ဗီတာမင် စီဓါတ် ကြွယ်ဝပြီး အားကောင်းတဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်တဲ့အတွက် အရေပြားကျန်းမာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ သင်ဟာ ဝါဂွမ်းလုံးလေး တစ်လုံးကိုယူပြီး ရှောက်ရည်၊ သံပယိုရည်ထဲကို နှစ်လိုက်ပါ။ ပြီးတဲ့အခါ သင်ဖြူစင် ဝင်းပချင်တဲ့ နေရာကို သုတ်လိမ်းပေးပါ။ ဒါဆိုရင် ရှောက်ရည် သံပရာရည်မှာ ပါတဲ့ အက်စစ်ဓါတ်ဟာ အရေပြားရဲ့ အပေါ်လွှာကို စတင်ပြီး ဖယ်ရှားပါလိမ့်မယ်။ ထို့နောက် သင့်ရဲ့အရေပြားအရောင် မညီညာခြင်းတွေကို လျှော့ချပစ်လိုက်ပြီး အောက်က ပိုပြီးဝင်းမွတ်တောက်ပတဲ့ အရေပြားအလွှာဟာ ပေါ်လာမှာ ဖြစ်ပါတယ်။ ဤသို့ ပြုလုပ်ပြီး ဆေးကြောအခြောက်ခံပြီးတဲ့အခါ အရေပြားအစိုဓါတ် ဖြည့်တင်းပေးတဲ့ ခရင်မ် တစ်ခုခုကို သုတ်လိမ်းပေးသင့်ပါတယ်။ သင်အလိုရှိတဲ့ အရေပြားအရောင်မရမချင်း တစ်ရက်ကို ၁ ကြိမ် ဒီလိုမျိုး လုပ်ပေးနိုင်ပါတယ်။ သို့သော် တကယ်လို့သင့်ရဲ့ အရေပြားမှာ ပေါက်ပြဲနေတဲ့ ဒဏ်ရာတစ်ခုခု ရှိမယ်ဆိုရင် ရှောက်ရည် သံပရာရည်ကို သုတ်လိမ်းခြင်းဟာ မကောင်းပါဘူး။

    အယ်ဖာဟိုက်ဒရိုစီအက်စစ်

    အချို့သော အစားအသောက် တွေမှာalpha hydroxyl acids သို့မဟုတ် AHA ပါဝင်ပါတယ်။ သို့သော် သူတို့ဟာလည်း လူတွေပြုလုပ်ထားတဲ့ အရာတွေဖြစ်ပါတယ်။ သင့်ရဲ့ အရေပြားလိမ်းတဲ့ ခရင်မ်တွေမှာ ပါတဲ့ glycolic acid သို့မဟုတ် နို့ထဲမှာပါတဲ့ လက်တစ် အက်စစ် ဟာဆိုရင် သင့်ရဲ့အရေပြား ပိုမိုဖြူဝင်းတောက်ပစေ ဖို့အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဒီ AHAတွေဟာ မက်လက်နင် လို့ခေါ်တဲ့ အသားမည်းစေတဲ့ ရောင်ခြယ်တွေကို သဘာဝအတိုင်း အရေပြားမှ ဖန်တီးထုတ်လုပ်ခြင်းမှာ တားဆီးပါတယ်။ ဒီအခါမှာ အညိုအမည်းအကွက်တွေ ဖြစ်ပေါ်ခြင်းကို လျှော့ချပေးလိုက်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့အရေပြားမှ မကောင်းသော အလွှာများ ကွာကျစေတဲ့ ဂုဏ်သတ္တိကြောင့် အရေပြားကို ပြန်လည်လန်းဆန်းလာမှု မြန်ဆန်စေပြီး အရောင်အသွေး ညီညာတဲ့ အရေပြား တစ်ရှူးအသစ်ကို ဖြစ်ပေါ်လာစေပါတယ်။

    ကိုကျစ်အက်စစ်

    ကိုကျစ်အက်စစ်ဟာ မှိုများမှာတွေ့ရတဲ့ သဘာဝပစ္စည်း တစ်မျိုးဖြစ်ပါတယ်။ ၎င်းဟာ မှိုများ ဇီဝကမ္မဆိုင်ရာ ဖြစ်ပျက်ပြောင်းလဲပြီး နောက်ဆုံးရတဲ့ ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ သင်ဟာ ၎င်းကို ဆန်အရက်မှာလည်းပဲ တွေ့နိုင်ပါတယ်။ ဒီအမျိုးအစား အက်စစ်ဟာ tyrosine ဓါတ်ကို တားဆီးပေးပြီး မက်လက်နင် ထုတ်လုပ်ခြင်းကို လျှော့ချပေးပါတယ်။ ရလဒ်အနေနဲ့ကတော့ သင့်ရဲ့ အရေပြားဟာ သဘာဝအတိုင်း ဝင်းမွတ်တောက်ပပြီး အစက်အကွက်တွေ အညိုအမည်းတွေ လျော့နည်း စေပါတယ်။ သို့သော် တကယ်လို့ သင့်ရဲ့ အရေပြားဟာ ထိရှ လွယ်တယ် ဆိုရင် အရေပြားကျိန်းစပ်နိုင်ခြေများပါတယ်။ ဒါကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်း တော်တော်များများမှာ အသုံးမပြုခင် အကွက်သေးသေးလေးတစ်ခု သုတ်လိမ်းပေးပြီး စမ်းသပ်သင့်ပါတယ်။ နောက်ထပ်သင် လုပ်သင့်တဲ့ နည်းလမ်းတစ်ခုကတော့ ကိုကျစ် အက်စစ် လက်ဖက်ရည် ဇွန်းတစ်ဇွန်းကို သင့်ရဲ့ ပုံမှန်လိမ်းနေကြ ခရင်မ်လိုးရှင်း သို့မဟုတ် ဂျယ်တစ်ခုခုနှင့် ရောပေးပါ။ ပြီးရင် ၎င်းကို သင်အသားဖြူချင်တဲ့ နေရာမှာ တစ်ရက်ကို ၂ကြိမ် လိမ်းပေးပြီး သင်လိုချင်တဲ့ ရလဒ်မရမချင်း လိမ်းပေးနိုင်ပါတယ်။

    နို့

    နို့ထဲမှာပါတဲ့ glycolic acid၊ လက်တစ်အက်စစ်တွေဟာ အသားညိုမည်းခြင်းမဖြစ်အောင် ကူညီပေးနိုင်တဲ့အတွက် ၎င်းကို သင့်ရဲ့ အရေပြားပေါ်မှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် နို့ထဲမှာပါတဲ့ ကယ်စီယမ်ဓါတ်ဟာ အသားအရေ အစိုဓါတ် ဆုံးရှုံးမှုမဖြစ်ရန် သိသိသာသာ ကာကွယ်ပေးနိုင်တဲ့ အလွှာကို ထိန်းသိမ်းပေး နိုင်ပါတယ်။ ဒါကြောင့် အသားအရေ အလွန်အမင်း ခြောက်သွေ့တတ်တဲ့ သူတွေမှာ အရေပြားအရောင် မညီမညာဖြစ်မယ်ဆိုရင် ဒီလိုလုပ်ပေးခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ တကယ်လို့ သင်ဟာ နို့ရည်ကို နေ့တိုင်း လိမ်းပေးမယ်ဆိုရင် သင့်ရဲ့ အရေပြား အရောင်ဟာ အချိန်ကြာလာတာနှင့် အမျှဖြူဝင်း တောက်ပလာမှာ အမှန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ အသားအရေ တောက်ပလာစေဖို့အတွက် နို့ကို အသုံးပြုနိုင်တဲ့ အခြားနည်းလမ်း တစ်ခုကတော့ ပါးပါးလှီးထားတဲ့ ရှောက်သီး ၊သံပယို သီးကို နို့တစ်ဝက်ဖြည့်ထားတဲ့ ခွက်ထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ပြီးရင် သင်မအိပ်ခင်မှာ သင့်ရဲ့ မျက်နှာကို ခုနက စိမ်ထားတဲ့အရည်ကို ပွတ်လိမ်းပေးပါ။ မနက်ရောက်တဲ့အခါ သင့်ရဲ့ မျက်နှာကို သေချာ သစ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

    အထက်ဖော်ပြပါ နည်းလမ်းများဟာ သင့်ရဲ့ အရေပြားကို တစ်ဖြည်းဖြည်းနှင့် အန္တရာယ် ကင်းစွာ ကြည်လင်တောက်ပ လာစေဖို့ရာ ကူညီပေးနိုင်ပါတယ်။ သို့သော် သူတို့ထဲက အချို့ကို ပြုလုပ်ခြင်းဟာ သင်ထင်သလောက် မဖြစ်လာဘူးဆိုရင်လည်း အရမ်းစိုးရိမ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ နည်းလမ်းအချို့ ဟာလူတိုင်းနှင့် သင့်တော်ချင်မှ သင့်တော်ပါလိမ့်မယ်။ အဲဒီအစား သင့်ရဲ့ အရေပြားဆိုင်ရာ ကျွမ်းကျင်သူ သို့မဟုတ် အရေပြားဆရာဝန်ကို သင်နှင့် သင့်တော်မယ့် အခြားနည်းလမ်းများ လမ်းညွှန်ပေးနိုင်ရန် တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement