အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ

အခုနောက်ပိုင်းမှာ Collagen (ကော်လာဂျင်) ဆိုတဲ့ စကားလုံးလေးက လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အရေပြားတွေ ကျန်းမာဖို့ အသားအရေတွေ တင်းရင်းလှပစေဖို့ ကော်လာဂျင်ကို လိုအပ်တယ်ဆိုတာကို အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတိုင်းရော ယောက်ျားလေးတိုင်းပါ သိထားပြီးသားဖြစ်မှာပါ။ အရေပြားမှာ ကော်လာဂျင် နည်းလာလေလေ အရေးအကြောင်းတွေ ဖြစ်နိုင်ခြေ များလေလေ၊ အရွယ်မတိုင်ခင် အိုမင်းတာမျိုးတွေ ဖြစ်လာမှာပါ။ ဒီလိုမျိုး အသားအရေထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ကော်လာဂျင် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်တာက အကောင်းဆုံး ဖြစ်မှာပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ Collagen ဆုံးရှုံးမှုကို ကာကွယ်ဖို့ မွေးမြူရမယ့် အလေ့အထကောင်းလေးများ က ဘာတွေလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကော်လာဂျင်ဆိုတာ ကော်လာဂျင် ဆိုတာက အရေပြားကို ကျန်းမာပြီး အရွယ်တင်စေဖို့ လှပစေဖို့ အရိုးအဆစ်တွေနဲ့ အရွတ်တွေ ကျန်းမာစေဖို့ […]

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

အသားအရေ ထိန်းသိမ်းခြင်း

နေလောင်ခြင်းနှင့် အသားအရေအိုမင်းရင့်ရော်ခြင်း

နေလောင်ဒဏ်ကြောင့် အသားအရေထိခိုက်ခြင်းနဲ့ အသားအရေအိုမင်းရင့်ရော်ခြင်း ဟာ အဖြစ်အများဆုံးသော အရေပြားပြဿနာတွေ ဖြစ်ကြပါတယ်။ အသက်ကြီးပြီး အသားအရေအိုမင်းရင့်ရော်လာတဲ့အခါ နေရောင်ကြောင့် အသားအရေထိခိုက်တာကို ပိုဆိုးလာစေပါတယ်။ ဘာလို့လဲဆိုတော့ အရေပြားက ပိုပြီးထိခိုက်လွယ်လာလို့ ဖြစ်ပါတယ်။ နေရောင်ကြောင့် အသားအရေထိခိုက်တာနဲ့ အသားအရေအိုမင်းရင့်ရော်လာတဲ့အကြောင်းကို ပိုမိုသိရှိနိုင်စေဖို့အတွက် ဒီဆောင်းပါးလေးကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ နေလောင်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်သည်များ နေရောင်ကြောင့် အသားအရေထိခိုက်ခြင်းဆိုတာ ဘာလဲ။ နေမင်းကြီးရဲ့ အနွေးဓာတ်နဲ့ အလင်းဓာတ်က သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုရော၊ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုပါ အများကြီးအကျိုးရှိစေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါပေမယ့် နေရောင်ခြည်နဲ့ ထိတွေ့လွန်းရင်လည်း သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ နေရဲ့အပူရှိန်က သင့်အရေပြားကို ခြောက်သွေ့စေပြီး သဘာဝအတိုင်း ပုံမှန်ထွက်ရှိရမယ့် အဆီတွေ ထွက်မလာနိုင်တော့ပါဘူး။ ဒါ့အပြင် နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဟာလည်း နေလောင်ဒဏ်ကို ဖြစ်စေပြီး ရေရှည်မှာ သင့်အရေပြားရဲ့အစိတ်အပိုင်းတွေကို ထိခိုက်စေပါလိမ့်မယ်။ နေရောင်ကြောင့် […]


အခြားအရေပြားပြဿနာများ

Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း) ကဘာလဲ။ မွေးရာပါ အသားအရောင် နှင့်ဆံပင်များဖြူခြင်း ဆိုသည်မှာ အသားအရေ၊ဆံပင်နဲ့မျက်လုံးအရောင်တွေကို သတ်မှတ်ပေးတဲ့ melain (မယ်လနင်) ထုတ်လုပ်မှုနည်း၍သော်လည်းကောင်း၊ လုံးဝမထုတ်နိုင်၍သော်လည်းကောင်းဖြစ်ရသော မျိုးရိုးလိုက်ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ရလဒ်ကတော့ ဒီလိုမျိုးရောဂါရှိတဲ့လူတွေဟာ ဆံပင်၊အသားအရေနှင့် မျက်လုံးများအရောင်ဖျော့ခြင်း သို့မဟုတ် အရောင်လုံးဝမရှိခြင်းတို့ဖြစ်ကြပါတယ်။ ဒီလိုမတူညီတဲ့အသွင်အပြင်ရှိခြင်း ဟာသူတို့ကို လူ့ပတ်ဝန်းကျင်ကနေ သီးခြားဖြစ်နေစေပြီး ခွဲခြားခြင်းခံရစေပါတယ်။ ဒီလိုလူအများစုဟာနေရောင်ခြည်ဒဏ်ကို မခံနိုင်ကြပါဘူး။ ပြီးတော့ သူတို့ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ချေ ပိုများကြပါတယ်။ အမှန်တကယ်တော့ ဒီလိုမွေးရာပါ ရောဂါမျိုးကို ပျောက်ကင်းအောင် မကုသနိုင်ကြပါဘူး။ ဒါပေမယ့် သူတို့ဟာ အဆင့်ဆင့်စောင့်ရှောက်မှုတွေယူ၍ အသားအရေကို ကာကွယ်နိုင်ပြီး သူတို့ရဲ့အမြင်အာရုံ ကောင်းမွန်အောင်လုပ်ပေးနိုင်ပါတယ်။ Albinism (မွေးရာပါ အသားအရောင်နှင့် ဆံပင်ဖြူခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီလိုရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။ မည်သည့် အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ဖြစ်ပွားနိုင်ချေ […]


ဝက်ခြံ

သက်ကြီးဝက်ခြံပေါက်ရခြင်း အကြောင်း ၅ ချက်

ဝက်ခြံဆိုတာ အရွယ်ရောက်ပြီးသူများ အတွက် နာကျင်မှုဖြစ်စေရုံသာမက အရှက်ရမှုတွေလဲ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အရေပြားသိပ္ပံဌာနအရ အရွယ်ရောက်လူဦးရေရဲ့ ၄၀-၅၅ % ဟာ ဝက်ခြံပေါက်နေကြပြီး ဆယ်ကျော်သက်အရွယ်တုန်းက ဝက်ခြံပျောက်စေခဲ့တဲ့ ကုထုံးတွေတောင် လူနာအများစု အတွက် အခုချိန်မှာ အကျုံးမဝင်တာ ( သို့) ပိုဆိုးစေနေတာကို တွေ့နေရပါတယ်။ ဒီအခြေအနေဟာ ဘာလို့ အရွယ်ရောက်ပြီးသူတွေမှာ ဝက်ခြံပေါက်ရတာလဲဆိုတဲ့ မေးခွန်းကို ပိုပြီးမေးလာစရာ ဖြစ်လာစေခဲ့ပါတယ်။ အချို့လူကြီးပိုင်းတွေမှာဆိုရင် အသက် ၃၀၊ ၄၀ ကနေ ၅၀ ထိတောင် ဝက်ခြံပေါက်လို့ကောင်းတုန်း ရှိနေပါသေးတယ်။ အရွယ်ရောက်ပြီးနောက်ပိုင်းမှ ပေါက်သော ဝက်ခြံကို အရေးပြာဆရာဝန်များက သက်ကြီးဝက်ခြံဟု ခေါ်ဝေါ်ညွှန်းဆိုကြသည်။ ဒီဝက်ခြံဟာ အမျိုးသားတွေထက် အထူးသဖြင့် သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဝက်ခြံပေါက်စေဖို့ အတွက် အကြောင်းပြချက် အချို့ကတော့ ဟော်မုန်းအဆင့်များ […]


ဝက်ခြံ

ဝက်ခြံပိုပေါက်စေတဲ့ အကြောင်းအရာ ၇ ချက်

လူတိုင်းလိုလို ဘဝမှာ တစ်ကြိမ်တစ်ခါတော့ ဝက်ခြံပေါက်ကြစမြဲဖြစ်ပါတယ်။ “ငါဘာလို့တခြားသူတွေထက် ဝက်ခြံပိုပေါက်နေတာလဲ” ဒါမှမဟုတ် “ဘာလို့ တချို့တွေမှာ ဝက်ခြံမပေါက်တာလဲ” ဆိုပြီး ကိုယ့်ဘာသာ မေးခွန်းထုတ်ကြည့်ကြဖူးလား။ ဒါဟာ မေးခွန်းကောင်းတစ်ခုဖြစ်ပြီး သင့်အတွက် အဖြေကိုတော့ ဒီဆောင်းပါးမှာ ဆက်လက်ဖော်ပြပေးသွားမှာပါ။ ဟော်မုန်းပြောင်းလဲခြင်းများ ဟော်မုန်းပြောင်းလဲတာဟာ ဝက်ခြံပိုပေါက်စေတဲ့ အဓိကအတွေ့အများဆုံးအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုက လူပျိုအပျိုဝင်စအချိန် ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတွေမှာတောင်မှ ဖြစ်နိုင်ပါတယ်။ လူပျို အပျိုဖော်ဝင်ချိန် ပျိုဖော်ဝင်ချိန်မှာ Androgen (အန်ဒရိုဂျင်) လို့ခေါ်တဲ့ လိင်ဟော်မုန်းတွေဟာ သင့်ခန္ဓါကိုယ်မှာ တိုးပွားလာပါတယ်။ ဒီလိုတိုးပွားလာတာဟာ သင့်အရေပြားမှာ ရှိတဲ့ အဆီအိတ်တွေကို အဆီပိုထုတ်လာအောင် လှုံ့ဆော်ပေးပါတယ်။ လုံလောက်တဲ့ သဘာဝအဆီဟာ အရေပြားကိုကာကွယ်ပေးပြီး စိုစွတ်မှုကိုဖြစ်စေပါတယ်။ လိုတာထက် ပိုလာရင်တော့ အရေပြားဆဲလ်အဟောင်းတွေနဲ့ရောပြီး ချွေးပေါက်တွေကို ပိတ်စေကာ ဝက်ခြံအဖြစ်ပေါ်လာနိုင်ပါတယ်။ အရွယ်ရောက်ပြီးချိန် အမျိုးသမီးတွေမှာ ရာသီလာ စဉ်၊ ကိုယ်ဝင်ဆောင်စဉ် သို့မဟုတ် ဟော်မုန်းကုသမှုခံယူစဉ်တွေမှာ ဟော်မုန်းပြောင်းလဲမှုတွေဖြစ်စေပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

သင်သိသင့်သော အသားဖြူစေသော ကုထုံးများ

သင့်အသားရေကိုကောင်းမွန်အောင် ပြုလုပ်သောနည်းလမ်းများစွာရှိပါသည် (အသားဖြူဆေးထိုးခြင်း၊ ဆေးသောက်ခြင်း၊ အသားဖြူခရင်မ်လိမ်းခြင်း)။ သို့သော်လည်း သင့်ကိုသင် မပြောင်းလဲမီသေချာစဉ်းစားပါ။ ယခုဆောင်းပါးသည် အသားဖြူစေသောကုထုံးနှင့်ပတ်သက်၍ သင့်ကိုအကြံဉာဏ်ကောင်းများပေးပါလိမ့်မည်။ အသားအရေအရောင်ကို Melanocyteမှ ထုတ်လုပ်သော မယ်လနင်ဓါတ်က ဆုံးဖြတ်ပေးပါသည်။ မယ်လနင် (melanin)သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ eumelanin ၊ pheomelanin နဲ့ neuromelaninဖြစ်ပြီး အသားရောင်မည်းစေသော မယ်လနင် မှာ eumelanin ဖြစ်သည်။ Pheomelaninသည် အသင့်အတင့် အသားရောင်ကိုဖြစ်စေပြီး neuromelaninကို ဦးနှောက်မှာသာ လျှင် တွေ့ရပါသည်။ ထို့ကြောင့် အသားဖြူစေသော ကုသနည်းများသည် မယ်လနင် လုပ်ဆောင်ချက်ကို ဆန့်ကျင်မှုပေါ်တွင် အခြေခံထားပါသည်။ နည်းလမ်းမှာeumelaninကို pheomelaninသို့ ပြောင်းခြင်း (သို့) မယ်လနင်ထုတ်ခြင်းကို ရပ်အောင် ပြုလုပ်ခြင်းတို့ ဖြစ်ပါ သည်။ တချို့သောကုသနည်းများမှာ - ၁။ အသားဖြူဆေးထိုးခြင်း အသားဖြူဆေးထိုးခြင်းသည် ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေခြင်း၊ မယ်လနင်ထုတ်လုပ်မှုကို […]


ဝက်ခြံ

အဖြစ်များသော ဝက်ခြံအမျိုးအစား (၅)မျိုးနှင့်ကုသဖြေရှင်းနည်းများ

ဝက်ခြံအမျိုးအစား အမျိုးမျိုးကွဲပြားသည်ကို သင်သိပါသလား။ သင့်ဝက်ခြံသည် မည်သည့်ဝက်ခြံအမျိုးအစားဖြစ်သည်ကို သိပါ သလား။ တစ်ခါတရံတွင် သင့်ဝက်ခြံကို ပျောက်ကင်းအောင် ကုသရန် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ဝက်ခြံအမျိုးအစားအတွက် သင့်လျော်သောဖြေရှင်းနည်းကို အသုံးမပြုသောကြောင့် ဖြစ်ပါသည်။ အဖြစ်များသော ဝက်ခြံအမျိုးအစားနှင့် ကုသနည်းများကိုအောက်တွင် ဖော်ပြထားပါ သည်။ ဝက်ခြံအမျိုးအစားများ ဆားဝက်ခြံအမည်းဆံနှင့် ဝက်ခြံဖြူ (အဆီဖုဝက်ခြံ) ဝက်ခြံသည် အဆီနှင့် အရေပြားဆဲ(လ်) အသေများ စုပေါင်းပြီး ချွေးပေါက်ထိပ်တွင် ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာသည်။ ထိုဆဲလ်အသေနှင့် အဆီလုံးများသည် အရေပြားအောက်တွင် ရှိနေပါက ဝက်ခြံဖြူဖြစ်ပြီး Close comedo ဟုခေါ် သည်။ Close comedoသည် အရေပြားပေါ်တွင် ပေါ်လာပြီး လေနှင့်ထိတွေ့၍ အမဲရောင်ဖြစ်သွားပါက open comedo (သို့) အမည်းဆံဟုခေါ်သည်။ အညစ်အကြေးများကြောင့် အမည်းရောင် ဖြစ်သွားခြင်းမဟုတ်ပါ။ Papules တစ်ခါတရံတွင် ဝက်ခြံသည် […]


အသားအရေ ထိန်းသိမ်းခြင်း

ချွေးပေါက်တွေဘာလို့ကျယ်ရသလဲ

မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်မှာအထူးသဖြင့် နှာခေါင်း နှင့် ပါးပြင်ပေါ်မှာ အရင်တုန်းကသတိမထားမိတဲ့ ချွေးပေါက်ကလေးတွေ ကျယ်နေတာကို သင်သတိထားမိပါသလား။ ဒါတွေဟာ အချိန်နှင့်အမျှ သိသာလာပြီး သင့်ကိုနေ့စဉ်နဲ့အမျှ စိတ်ဒုက္ခ ပးနေပါသလား။ ဒီချွေးပေါက်လေးတွေ ဘာလို့ကျယ်လာတယ်ဆိုတာကို သိထားခြင်းအားဖြင့် သက်သာအောင် လုပ်ဆောင်လို့ရပါတယ်။ ချွေးပေါက်လေးတွေ ဘာလို့ကျယ်လာတာလဲ။ မျက်နှာပေါ်ရှိချွေးပေါက်ကလေးများဟာ တကယ်တော့ အရေပြားမှာရှိတဲ့ အဆိပ်အတောက်များကို အထူးသဖြင့် ချွေးနှင့်အဆီများကို အပြင်ကိုပြန်ထုတ်ပေးတဲ့ လမ်းကြောင်းကလေးများဖြစ်တယ်။ ဒါ့အပြင် အရေပြားရဲ့ ခြောက်သွေ့မှုကို ကာကွယ်ပေးတဲ့ အစိုဓါတ်နှင့် အဆီဓါတ်ကိုလည်းထိန်းပေးတဲ့ လမ်းကြောင်းလေးများဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေ လူပျို/အပျို ဝင်ချိန်မှာ ခန္ဓါကိုယ်မှာဟော်မုန်းပြောင်းလဲမှုကြောင့် မျက်နှာအရေပြားမှ အဆီတွေကို လိုတာထက်ပိုထုတ်လာပြီး ချွေးပေါက်တွေ ပိုကျယ်ပိုသိသာလာကာ ဝက်ခြံတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် အဆီပြန်အသားအရေပိုင်ဆိုင်သူများဟာ နဂိုကတည်းက အဆီထုတ်လုပ်မများတာကြောင့် ခြောက်သွေ့သော အသားအရေပိုင်ရှင်များထက် ချွေးပေါက်များပိုကျယ်တတ်ပါတယ်။ ချွေးပေါက်ကျယ်ခြင်းဟာ […]


အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူအောင်ဘယ်လိုလုပ်ကြမလဲ

အသားအရေထိန်းသိမ်းခြင်းဟာ အမျိုးသမီးများအတွက်သာမက အမျိုးသားများအတွက်ပါ အရေးပါလာသည်ကို ယနေ့ခေတ်တွင် တွေ့မြင်လာရသည်။ အထူးသဖြင့် မွေးရာပါအမှတ်၊ဝက်ခြံ နဲ့အမဲစက်များရှိနေသူများတွင် အရေပြားပြဿနာကို အလေးထားလာသည်ကိုပိုမိုတွေ့မြင်လာရသည်။ ယနေ့တိုးတက်လာသောခေတ်တွင် ထိုအရေပြားပြဿနာများကို ကုစားရန် ရွေးချယ်စရာ နည်းလမ်းပေါင်းများစွာရှိပါတယ်။ ထိုအထဲမှ သင်နဲ့သင့်တော်သည့် နည်းလမ်းကိုရွေးချယ်နိုင်ဖို့ အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်သင့်သည်။   ဓါတုနည်းဖြင့်အသားဖြူအောင်လုပ်ခြင်း ဓါတုနည်းဖြင့် အသားဖြူအောင်လုပ်ခြင်းဆိုသည်မှာ အမဲစက်များ သက်သာပျောက်ကင်းအောင်ပြုလုပ်သော နည်းပညာကုထုံးတစ်ခု ဖြစ်သည်။ ထိုကုထုံး၏ အဓိကရည်ရွယ်ချက်မှာ အရေပြားရောင်ခြယ် မယ်လနင် (melanin) ဖျောက်ပေးခြင်း နှင့် ထုတ်လုပ်မှုလျော့ကျအောင် ဆောင်ရွက်ပေးခြင်းတို့ ဖြစ်သည်။ မယ်လနင်ရောင်ခြယ်သည် နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် အရေပြားမှ သဘာဝအတိုင်း ထုတ်လုပ်ပေးသောရောင်ခြယ်တစ်မျိုးဖြစ်သည်။ ထိုမယ်လနင်ရောင်ခြယ်ကို လျော့ကျစေသောနည်းလမ်းများမှာ   ၁ ။ အသားဖြူခရမ်လိမ်းခြင်း အရေပြားဆရာဝန်များ၏ ညွှန်ကြားချက်အရ ဝယ်ယူရနိုင်သော အသားဖြူခရမ်များတွင် အောက်ပါပစ္စည်းတို့ပါဝင်သည်။ • hydroquinone (မယ်လနင်ရောင်ခြယ်ဖြစ်ပေါ်ခြင်းကိုတားမြစ်ပေးသည်) • corticosteroid လူအများစုမှာ အသားဖြူလိမ်းဆေးခရမ်များ အသုံးပြုလေ့ရှိကြပြီး […]


အသားအရေ ထိန်းသိမ်းခြင်း

သင့်အသားအရေ ဝင်းမွတ်တောက်ပစေဖို့ နည်းလမ်းများ

အရေပြား ဝင်းမွတ်တောက်ပစေအောင် ပြုလုပ်ခြင်းဟာ အရေပြားအရောင် မညီညာခြင်း၊ အမာရွတ်ထင်ခြင်းများ မဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အရေပြားဟာ ဝင်းမွတ်တောက်ပလာမယ်ဆိုရင် သင်လိုချင်တဲ့ အရေပြားအရောင် ရရှိစေဖို့အတွက် ကျေနပ်စရာတစ်ခု ဖြစ်ပါတယ်။ ယခုဖော်ပြမယ့် စာစောင်မှာ သင့်ရဲ့ အရေပြားဝင်းမွတ် တောက်ပဖို့အတွက် အန္တရာယ်ကင်းပြီး အသုံးဝင်တဲ့ နည်းလမ်းတွေ အကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။ လူအများဟာ အသားအရေဝင်းမွတ်တောက်ပဖြူဝင်းစေဖို့အတွက် ဆန္ဒရှိနေကြပါတယ်။ ပိုပြီးညီညာသော အသားအရေ အရောင်အဆင်း ရှိစေခြင်း၊ ရှိနေသော အမာရွတ်များကို မှေးမှိန်စေခြင်း သို့မဟုတ် တစ်ခါတစ်ရံမှာ ပို၍ ဖြူဝင်းသော အသားရောင်ကို ရရှိစေခြင်း စတာတွေကို အလိုရှိနေကြပါတယ်။ ဒါဟာလူတိုင်းရဲ့ ပုံမှန်လိုအပ်ချက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာဟာ သင့်လိုပဲ ပိုပြီး ဝင်းမွတ်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ ဆန္ဒ ရှိနေကြပါတယ်။ […]


အသားအရေ ထိန်းသိမ်းခြင်း

လေ့ကျင့်ခန်း လုပ်ပြီးနောက် အသားအရေ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းလမ်းများ

ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ရာ အတွက် အသားအရေထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အိပ်ရာမဝင်ခင်၊ အပြင်မထွက်ခင်၊ ရေချိုးပြီးစတဲ့ အချိန်တွေမှာ အသားအရေ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို သင်ကြားဖူးထားမှာပါ။ သို့သော် အားကစားလေ့ကျင့်ပြီးတဲ့ အခါမှာတော့ သင့်အသားအရေကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာကို သင်သတိပြုမိပါသလား။ အားကစား ပြင်းပြင်းထန်ထန် လုပ်ပြီးသွားတဲ့ အခါမှာ များသောအားဖြင့် ပင်ပန်းနေတတ်ပြီး သင့်အသားအရေကို ဂရုစိုက်ဖို့ရာ မေ့လျော့နေတတ်ပါတယ်။ အမှန်မှာတော့ အားကစား လေ့ကျင့်ပြီးတဲ့အခါမှာ အသားအရေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းဟာ ရိုးရှင်းတယ်လို့ ဆိုရပေမယ့် အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်အသားအရေ ထိန်းသိမ်းခြင်းအတွက် ပို၍ အသုံးဝင်မှာဖြစ်ပါတယ်။ သင့်ရဲ့ လက်တွေကို ဆေးကြောပါ။ အားကစားလေ့ကျင့်နေစဉ်မှာ သင့်ရဲ့ လက်တွေဟာ လေ့ကျင့် ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အတွက်ကြောင့် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)