backup og meta

အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့

    အရေပြားက ခန္ဓာကိုယ်မှာ အကြီးဆုံး အစိတ်အပိုင်း ဖြစ်သလို လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ အရေပြားက အနာအဆာတွေ ကင်းလေလေ လူအများကြားထဲမှာ ထင်းခနဲ လှလေလေပါပဲ။

    အရေပြား အနာအဆာ ကင်းဖို့ဆိုတာကလည်း ပြောသလောက်တော့ မလွယ်ပါဘူး။ အရေပြားက ထိခိုက်လွယ်သလို ဟော်မုန်း အပြောင်းအလဲကြောင့်၊ ရာသီဥတုကြောင့်၊ ထိခိုက်မိတာတွေကြောင့်ဆိုပြီး အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ထိခိုက်နိုင်ပါတယ်။

    ဒါကြောင့် အရေပြားမှာ ဖြစ်ပေါ်လာတဲ့ အနာအဆာတွေကို ကင်းစေဖို့ ဘာတွေ စားပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    အရေပြားပေါ်က အနာအဆာတွေ သက်သာစေဖို့

    နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရေပြားပေါ်က အနာအဆာတွေကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ခရမ်းချဉ်သီး

    အရောင် နီနီရဲရဲလေးနဲ့ လှပနေတဲ့ ခရမ်းချဉ်သီးက သူကိုယ်တိုင်က လှပသလို စားသုံးသူကိုလည်း လှပစေပါတယ်။ ဗီတာမင် C ပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် ပစ္စည်း တစ်မျိုးဖြစ်တဲ့ lycopene ပါဝင်နေတာကြောင့် အသားအရေကို ချောမွတ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ခရမ်းချဉ်သီးကို အစိမ်းစားတာထက် ချက်စားတာက အသားအရေကို ပိုပြီး ထောက်ကူပေးနိုင်ပါတယ်။

    ငါး

    ငါးမှာ Omega-3 fatty acids ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်သလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကို ကော်လာဂျင် ထွက်ရှိစေပြီး တင်းရင်း လှပစေနိုင်ပါတယ်။

    တစ်ပတ်ကို ၃ ကြိမ်လောက် ငါးစားပေးတာက အသားအရေကို အနာအဆာ ကင်းစေမှာပါ။

    ကန်စွန်းဥ

    ကန်စွန်းဥ

    ကန်စွန်းဥက ဗီတာမင် A ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်သလို ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

    နေ့တိုင်း မစားဖြစ်ရင်တောင် တစ်ပတ်ကို ၄ ရက်လောက် စားပေးတာက အသားအရေကို ကျန်းမာစေနိုင်မှာပါ။

    ဟင်းနုနွယ်

    ဟင်းနုနွယ်က ဗီတာမင် K ကြွယ်ဝတာကြောင့် အရေပြားမှာ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေပြီး အသားအရေကို ကျန်းမာစေနိုင်မှာပါ။ အမာရွတ်တွေကို သက်သာစေနိုင်ပြီး glow စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဇင့်ပါဝင်မှုကလည်း အရေပြားကို အရောင်ကျစေဖို့ ထောက်ကူပေးပြီး ဝက်ခြံကြောင့် ရောင်ရမ်းတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးမှာပါ။

    နေကြာစေ့

    နေကြာစေ့က အရေပြားအတွက် အစေ့အဆန် တစ်မျိုးပါ။ နေကြာစေ့မှာ အသားအရေ ကျန်းမာစေဖို့ ထောက်ကူပေးမယ့် ဗီတာမင် E ပါဝင်နေပါတယ်။ ဗီတာမင် E ပါဝင်နေမှုက အသားအရေ ပေါ်က အနာအဆာတွေကို သက်သာစေနိုင်မှာပါ။

    ရေ

    ရေကတော့ အသားအရေ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ ရေဓာတ်ပြည့်ဝမှုက အသားအရေ ခြောက်သွေ့မှု ကင်းစေပြီး ကျန်းမာလှပစေမှာပါ။ ရေဓာတ်ပြည့်ဝတာက အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ထိခိုက်မှုတွေကို အနာကျက် မြန်စေသလို အနာအဆာတွေကိုလည်း ကင်းစေနိုင်မှာပါ။

    ကဲ ….. ဒါလေးတွေ စားရင်း အရေပြားပေါ်က အနာအဆာတွေ ကို ခပ်ဝေးဝေး မောင်းထုတ် လိုက်ရအောင်လား ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement