အသားအရေနှင့် အလှအပ

အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါရပ်ပါ။ အပြင်ကနေ ခန္ဓာကိုယ်တစ်ခုလုံးကို ကာကွယ်ပေးထားတာပါ။ ခန္ဓာကိုယ်ကို အပူချိန်ထိန်းညှိတာ၊ ရောဂါပိုးတွေ မဝင်အောင် တားဆီးပေးတာ စတဲ့ အရေးပါတဲ့ လုပ်ငန်းတွေကိုလည်း လုပ်ပေးပါတယ်။ ကျန်းမာတဲ့ အရေပြားဆိုတာဘာလဲ၊ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ဘာတွေလဲဆိုတာ ဒီစာမျက်နှာမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အသားအရေနှင့် အလှအပ

အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen

နေရောင်ခြည်နဲ့ ထိတွေ့မှုများရင် နေလောင်တာ၊ အရေပြားတွေ ပျက်စီးတာကိုတော့ သိထားကြမှာပါ။ နောက်ထပ် ပိုအရေးကြီးတဲ့အချက်က နေရောင်ခြည်မှာပါတဲ့ UVလှိုင်းတွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်ဆိုတာပါပဲ။ အရေပြားကင်ဆာဖြစ်စေတဲ့ အချက်တွေထဲမှာ နေရောင်ခြည်က ထိပ်ဆုံးက ပါနေပါတယ်။ ဒါကြောင့် နေရောင်ခြည်ကို ကာကွယ်တာက အရေပြားကင်ဆာကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ Sunscreenတွေက အရေးကြီးလာပါပြီ။ Sunscreenတွေက နေရောင်ခြည်က UVလှိုင်းတွေကို ကာကွယ်ပေးနိုင်တာကြောင့် Sunscreenတွေကို ပုံမှန်လိမ်းတာက အရေပြားကင်ဆာကို ကာကွယ်နည်းတစ်မျိုးပါပဲ။ Sunscreenလိမ်းတာအပြင် နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ်ဆောင်းမယ်၊ အဝတ်အစားကို လုံလုံခြုံခြုံဝတ်မယ်ဆိုရင် အရေပြားကင်ဆာ ဖြစ်နိုင်ခြေက တော်တော်ကြီး နည်းသွားမှာ ဖြစ်ပါတယ်။ အရေပြားကင်ဆာ တွေကနေ ကာကွယ်ပေးမယ့် Sunscreen Sunscreenနဲ့ ပတ်သက်လာရင် သိထားဖို့လိုတဲ့ ‘W’ ၅လုံး ရှိပါတယ်။ WHO (ဘယ်သူတွေ လိမ်းဖို့လိုသလဲ) နေရောင်တဲ့ထိတွေ့တဲ့ ဘယ်သူမဆို […]

အသားအရေနှင့် အလှအပ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသားအရေနှင့် အလှအပ ကို ရှာဖွေမည်။

ဝက်ခြံ

သင်စားလိုက်တဲ့အရာတွေက ဝက်ခြံတွေပေါက်စေတာလား

သင်ဘာစားလိုက်တယ်ဆိုတာက သင့်ရဲ့ကျန်းမာရေးပေါ် သက်ရောက်မှုတွေရှိတယ်ဆိုတာကိုတော့ သင်သိပြီးသားဖြစ်မှာပါ။ ကယ်လ်စီယမ်ပါဝင်မှုများတဲ့စားစရာတွေကို စားသုံးတာက သင့်အရိုးတွေအတွက် ကောင်းမွန်စေပါတယ်။ ဗီတာမင် အေ ကြွယ်ဝတဲ့စားစရာတွေက မျက်လုံးအတွက်ကောင်းမွန်စေပြီး သင့်အသားအရေအတွက်ကတော့ အချို့သောစားစရာတွေက အလွန်ကောင်းမွန်ပြီး အချို့သောစားစရာတွေကတော့ ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒါတွေက ဘာတွေများပါလိမ့်? ကျန်းမာရေးနဲ့ အသားအရေပုံသဏ္ဍာန် သင့်အသားအရေဘယ်ပုံစံရှိနေတယ်ဆိုတာက သင့်ကျန်းမာရေးအခြေအနေကို ဖော်ပြနေပါတယ်။ တကယ်လို့ သင်က ကျန်းမာရေးကောင်းမွန်နေတယ်ဆိုရင်တော့ အသားအရေကလည်း ကောင်းနေမှာပါပဲ။ တစ်ဘက်မှာတော့ ကျန်းမာရေးမကောင်းဘူးဆိုရင် သင့်အသားအရေမှာ ပေါ်လွင်နေပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံက သင့်ခန္ဓါကိုယ်က ကျန်းမာစေပြီး ကြည့်ကောင်းတဲ့ပုံပေါက်စေပါတယ်။   အချိုများ အရင်တုန်းက လေ့လာမှုတွေကတော့ သင်ဘာစားလိုက်တယ်ဆိုတာက ဝက်ခြံတွေအပေါ်မှာ သက်ရောက်မှု မရှိဘူးလို့ဆိုကြပါတယ်။ ဒါကြောင့် ဘာစားစား ဝက်ခြံတွေထွက်မှာ စိုးရိမ်စရာမလိုဘူးလေ။ ဒါပေမဲ့ လက်ရှိလေ့လာမှုတွေမှာတော့ နောက်တစ်မျိုးပြောင်းသွားပြန်ပါပြီ။ တကယ်လို့များသင်က သကြား ဒါမှမဟုတ် အချိုတွေ ပိုစားခဲ့မယ်ဆိုရင် သွေးတွင်းသကြားဓါတ်ပိုမို မြင့်တက်လာမှာဖြစ်ပြီး […]


ဝက်ခြံ

အမာရွတ်ကုသမှုအတွက် ပါးစပ်ပြောရာဇဝင်တွေနဲ့ မှားယွင်းနေသော အချက် (၅)ချက်

ဝက်ခြံတွေဟာ အဖြစ်များတတ်ပြီး စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒါက သင့်ရဲ့ အလှအပနဲ့ ပုံပန်းသဏ္ဍာန်ကို ထိခိုက်စေတယ်မဟုတ်လား။ ဝက်ခြံတွေကို ကုသတဲ့အခါ သင့်အရေပြားပေါ်မှာ အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။ အမာရွတ်တွေဟာ ဒုတိယမြောက် ပြစ်ဒဏ်တစ်ခုလိုပါပဲ။ ဒါကြောင့် လူတွေက သူတို့ပျောက်ကင်းစေဖို့ ပါးစပ်ရာဇဝင်တွေကို လိုက်ပြီး နည်းလမ်း အမျိုးမျိုးကြိုးစားကြတာပါ။ ဝက်ခြံအမာရွတ်တွေ ကုသခြင်းအတွက် အယူအဆမှားတွေနဲ့ ပါးစပ်ရာဇဝင်တွေ ဘယ်လောက်ထိ မှန်နိုင်တယ်ဆိုတာကို ဖော်ထုတ်ကြည့်ရအောင်…   ပါးစပ်ရာဇဝင် (၁) ။ ။ နေရောင်ထဲကို အကာအကွယ်မပါဘဲ ထွက်တာက အမာရွတ်တွေကို သက်သာစေပါတယ်။ အယူအဆအမှား။ ။ အချို့သူတွေကတော့ နေရောင်ဟာ ဝက်ခြံအမာရွတ်တွေအတွက် ကောင်းတယ်လို့ ဆိုပါတယ်။ နေရောင်ခြည်နဲ့ ဝက်ခြံအမာရွတ်တွေနဲ့ ထိတွေ့တာဟာ ပန်းရောင်အမာရွတ်တွေကို အညိုရောင်ဖြစ်စေပြီး အသားရောင်နဲ့ ရောထွေးသွားစေတယ်လို့ဆိုပါတယ်။ အမှန်။ ။ ဒါပေမဲ့ နေရောင်ခြည်က ခရမ်းလွန်ရောင်ခြည်တွေဟာ […]


ဝက်ခြံ

ဝက်ခြံအမာရွတ်များအတွက် အကောင်းဆုံး အိမ်တွင်းဆေးဝါးများ

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးနည်းတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေအမျိုးမျိုးပါဝင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေဟာ ပြင်းထန်တဲ့ ပိုးဝင်ခြင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေပိုဆိုးလာတာမျိုးတွေ၊ ညှစ်ထုတ်လိုက်တာမျိုးတေါ ဒါမှမဟုတ် ကုတ်လိုက်မိတာမျိုးတွေအတွက် အသုံးဝင်လှပါတယ်။ အပျော့စား ဝက်ခြံအမာရွတ်တွေကတော့ သူ့အလိုလိုပျောက်ကင်းသွားပေမယ့် အမာရွတ်နက်တာတွေကတော့ ဘဝတစ်သက်စာလုံး ကျန်ရစ်ခဲ့တော့မှာပါ။ အပျော့စား ဝက်ခြံအမာရွတ်တွေကိုတော့ သဘာဝပစ္စည်းတွေဖြစ်တဲ့ အိမ်တွင်းဆေးဝါးတွေကိုသုံးပြီးဘေးကင်းကင်းနဲ့ ထိထိရောက်ရောက်ဖယ်ရှားနိုင်ပါတယ်။ ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးများ ဝက်ခြံတွေဟာ ချွေးပေါက်တွေပိတ်ရာကနေ အနာတွေအဖြစ်ထွက်ပေါ်လာတာပါ။ ဝက်ခြံတွေကြောင့် ရှက်စရာကောင်းပြီး လူမြင်ကွင်းကိုမထွက်ချင်တာမျိုးတွေကို သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာရော လူကြီးဘဝမှာပါ သင်ခံစားနေရတတ်ပါတယ်။ ဒါပေမဲ့ နှစ်တွေကြာလာပြီး ဟော်မုန်းတွေပြောင်းလဲသွားတဲ့အခါ ဝက်ခြံတွေ ပြုံပြီးပေါက်လာတာမျိုးတွေ ပြန်ဖြစ်လာတာမျိုးတွေ လျော့သွားနိုင်ပါတယ်။ အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံပျောက်ပြီးကျန်ခဲ့တဲ့အမှတ်တွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုလျော့နည်းစေတာမျိုးတွေဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် ဝက်ခြံတွေကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

ခြေဖဝါးကြွက်နို့ကိုင်တွယ်နည်းများ၊ ဖြေရှင်းနည်းများ ခြေဖနောင့်နေရာတွေမှာ ဖြစ်တတ်တဲ့ မာကြောတဲ့အကျိတ်စေ့ပုံစံကြီးထွားမှုတွေ ဖြစ်ပါတယ်။ မပြင်းထန်ပေမဲ့လည်း သင့်ကိုမသက်မသာဖြစ်မှုနဲ့နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကြွက်နို့နဲ့ပတ်သက်ပြီး နည်းလမ်းအချို့ရှိပါတယ်။ Cryotherapyနည်းလမ်းအသုံးပြုခြင်း သင့်ဆရာဝန်ရဲ့လုပ်ဆောင်ပေးမှု လိုပါတယ်။ ပထဆုံးကတော့ သင့်သွေးထဲကိုဓါတုပစ္စည်းတွေ ဝင်သွားတဲ့အခါ နာကျင်မှုတွေမခံစားရအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ထုံသွားအောင်ခံစားမှုမရှိတော့အောင် သင့်ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။ နိုက်ထရိုဂျင်အရည်ဖြန်းခြင်း သို့ ဝါဂွမ်းနဲ့တို့ပေးခြင်းတွေကို ပြုလုပ်ပေးပါလိမ့်မယ်။ ရလဒ်ကတော့ ကြွက်နို့တစ်ဝိုက်အရေကြည်အိတ်လေးဖြစ်ပေါ်လာပြီး ဆဲလ်အသေတွေရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ဖို့အတွက် သင့်ကိုယ်ခံအားကိုလှုံ့ဆော်ပေးခြင်းဖြ်င့်လည်း အကူအညီပေးပါတယ်။ salicylic acidနဲ့ပေါင်းပြီးကုသမှုပေးခြင်းဖြင့်လည်း ကုသမှုအောင်မြင်နိုင်ချေရာနှုန်းကို မြင့်စေပါတယ်။ salicylic acidသုံးခြင်း ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ သင့်အခြေအနေနဲ့သင့်တော်မယ့် အရည်သို့ကပ်ခွာ ဖြစ်နိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်နူးထားရမှာ ဖြစ်ပါတယ်။ အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ သင့်အရေပြားထဲဝင်ရေက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက်သို့လက်သည်းတိုက်တံစဉ်းကို သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acidဆေးရည်သို့ ကပ်ခွာကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အမျိုးမျိုးသော ခြေထောက်ကူးစက်ပိုးများ

သင့်ခြေထောက်ကို အစဉ်အမြဲဂရုစိုက်နေမယ်၊ သန့်ရှင်းအောင်ထားမယ်ဆိုရင်တောင်မှ သင်နဲ့မတော်တဲ့ရှူးဖိနပ်ကျပ်ကျပ်တွေကြောင့်နဲ့ ရိုးရိုးထိခိုက်ဒဏ်ရာတွေကြောင့် သင့်ခြေထောက်ကိုကူးစက်ပိုးဝင်နိုင်ပါတယ်။ သင့်တွေ့ကြုံနိုင်တဲ့ ခြေထောက်ပိုးဝင်ခြင်းအမျိုးအစားအချို့ကို ရှင်းပြပါမယ်။   ခြေဖဝါးကြွက်နို့ သင့်အရေပြားပေါက်ပြဲသွားတဲ့အခါမျိုးမှာ ထိုဒဏ်ရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးသင့်ခန္ဓါကိုယ်ထဲကိုဝင်လာပြီး သင့်ခြေဖဝါးမှာ မာပြီးကြမ်းတမ်းတဲ့ကြွက်နို့တွေ ဖြစ်စေနိုင်ပါတယ်။ ခြေဖနောင့်ပေါ်မှာလည်း အလားတူကြွက်နို့တွေနဲ့ အသားမာတွေပေါ်လာနိုင်ပါတယ်။ အပေါက်သေးသေးလေးတွေ သို့ သေးငယ်တဲ့အမည်းစက်လေးတွေကို ကြွက်နို့တစ်ခုတည်းသို့အပြုံလိုက်ပေါက်နေတဲ့နေရာမှာ တွေ့နိုင်ပါတယ်။ ဘယ်လိုကူးစက်ခံရတယ်ဆိုတာကို ရှာမတွေ့သေးပေမဲ့ ဖြစ်ရတဲ့အကြောင်းရင်းက ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိတဲ့လူတွေ သို့ အများသုံးရေကူးကန်၊ ရေချိုးခန်းမျက်နှာပြင်တွေနဲ့ ထိတွေ့မိရာကနေ ကူးစက်ခံရနိုင်ပါတယ်။ အန္တရာယ်မပေးနိုင်တဲ့အတွက်ကြောင့် ကုသမှုပေးဖို့မလိုအပ်ပါဘူး။ နာကျင်မှုခံစားရတဲ့အခါမှာတော့ ဖယ်ထုတ်ဖို့ salicylic acidသုံးနိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အခြေအနေတွေမှာတော့ ဖယ်ရှားဖို့ မီးကင်ခြင်း၊ အေးခဲစေခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသခြင်းက ပိုကောင်းပါတယ်။   မန်းရည်ရှိသောအနာများ သင့်အရေပြားမှာ အရည်ကြည်တွေနဲ့ပြည့်နေတဲ့ အရည်အိတ်ဖြစ်နေခြင်းဖြစ်တယ်။ သင့်ခြေထောက်တစ်နေရာတည်းကို ရှူးဖိနပ်နဲ့ထပ်တလဲလဲပွတ်တိုက်မိခြင်း ၊ သင့်ဖိနစ်ချောင်လွန်းခြင်း၊ ကျပ်လွန်းခြင်း၊ ရှူးဖိနပ်စီးတဲ့အခါတွေမှာ ခြေစွပ်မစွပ်ခြင်းကဲ့သို့သောသင့်အရေပြားကိုဆက်တိုက်ပွတ်တိုက်မိခြင်းကြောင့် ဖြစ်ပါတယ်။ သင့်အတွက်အကြံပေးလိုတာကတော့ သင့်မှာအရည်ကြည်အိတ်ရှိနေတယ်ဆိုရင် သွားမထိဖို့ဖြစ်ပါတယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ခြေထောက်မှာသဲဝဲရှိကြောင်း သတိပေးနေသည့်လက္ခဏာများ

သဲဝဲက ခြေထောက်ကိုအဓိကအသုံးပြုနေရတဲ့သူတွေနဲ့ အားကစားသမားတွေမှာပဲ ရနိုင်တယ်လို့သင်တွေးကောင်းတွေးထင်နိုင်ပေမဲ့အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အတွေ့ရများတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ခြေထောက်ကို အများဆုံးအသုံးပြုပြီးလှုပ်ရှားနေရတဲ့ အားကစားသမားတွေမှာ အများဆုံးတွေ့လေ့ရှိတာကြောင့် သဲဝဲ (athlete's foot) လို့ခေါ်ခြင်း ဖြစ်ပါတယ်။ အသက်အရွယ်မရွေး၊ ကျား၊ မ မရွေးဖြစ်နိုင်ပါတယ်။ ခြေဖဝါးနဲ့ခြေချောင်းတွေကြားမှာဖြစ်တတ်တဲ့ အလွန်အတွေ့ရများတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ အရေပြားအကြေးခွံထသလို နီပြီးပေါက်ပြဲနာကနေတစ်ဆင့် အရည်တွေတစိမ့်စိမ့်ထွက်နေတာမျိုးလည်း ရှိနေနိုင်ပါတယ်။ မှိုပိုးစွဲခြင်းကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အချို့သောကိစ္စတွေမှာ ဆုံးဖြတ်ရခက်တာကြောင့် အကြောင်းရင်းကိုဆုံးဖြတ်ရာမှာ သင့်တော်တဲ့စမ်းသပ်စစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။ သတိပေးလက္ခဏာတွေက ဘာတွေလဲ။ ခြေထောက်မှာ သဲဝဲကူးစက်ပိုးဝင်နေကြောင်းကို ဖော်ပြနေတဲ့လက္ခဏာတွေ အများကြီးရှိနေပါတယ်။ လူတစ်ဦးချင်းစီအလိုက် မတူနိုင်ပါဘူး။ အောက်ပါလက္ခဏာတွေ သင့်မှာတစ်ခုသို့တစ်ခုထက်ပိုပြိးရှိခဲ့မယ်ဆိုရင် သဲဝဲဖြစ်နေတာဖြစ်နိုင်ပါတယ်။ ခြေချောင်းကြားတွေနဲ့ခြေဖဝါးမှာ ယားခြင်း၊ တဆစ်ဆစ်စူးခြင်း၊ ပူခြင်း ခြေဖဝါးမှာ ယားနာအရေကြည်အိတ်ထခြင်း ခြေဖဝါးအရေပြားများ ကွာကျခြင်း၊ အဖြစ်အများဆုံးနေရာကတော့ ခြေချောင်းကြားနေရာတွေနဲ့ခြေဖဝါး သင့်ခြေဖဝါးအရေပြား ခြေထောက်စောင်းအရေပြားများ ခြောက်သွေ့ခြင်း ခြေသည်းအရောင်ပြောင်းခြင်း၊ ထူခြင်း၊ ကျိုးပဲ့ခြင်း၊ […]


အခြားအရေပြားပြဿနာများ

အသားမာတက်ခြင်းကို ဘယ်လိုကိုင်တွယ်မလဲ

အရေပြားဆဲလ်သေတွေအထပ်ထပ်စုပုံနေခြင်း သို့ အရေပြားထိခိုက်မှုကိုကာကွယ်ဖို့ အရေပြားပိုထူလာတဲ့အခြေအနေဖြစ်ပါတယ်။ မနာပေမဲ့လည်း သင့်ကိုမသက်မသာခံစားရစေနိုင်ပါတယ်။ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဆေးဆိုင်တွေမှာရနိုင်တဲ့ ကပ်ခွာများ အသားမာနဲ့ပတ်သက်ပြီး ထိရောက်တဲ့နည်းလမ်းကတော့ ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့အရည်စုပ်ကပ်ခွာတွေ အသုံးပြုခြင်းဖြစ်ပါတယ်။ အသားမာနေရာကိုကာကွယ်ဖို့အတွက် ကပ်ခွာကပ်ပေးဖို့လိုပါတယ်။ salicylic acidက အရေပြားရောင်ခြင်းကို ဖြစ်စေနိုင်တာကြောင့် အရည်ရှိတဲ့အသားမာဖုဖယ်ရှားပေးတဲ့ပစ္စည်းတွေ ၊ ဆေးပါတဲ့အသားမာကပ်ခွာတွေအသုံးပြုရမှာ ဂရုထားသင့်ပါတယ်။ ဆီးချိုရောဂါရှိနေမယ်ဆိုရင် သို့ သွေးစီးဆင်းမှုမကောင်းတဲ့အခြားအခြေအနေတွေရှိမယ်ဆိုရင် ဆေးအသုံးမပြုခင်မှာ သင့်ဆရာဝန်နဲ့ဆွေးနွေးသင့်ပါတယ်။ ဒီလိုမဟုတ်ဘူးဆိုရင် ကပ်ခွာတွေအသုံးပြုခြင်းက သင့်အရေပြားကိုပိုဆိုးသွားစေပြီး အသားမာပိုဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။   အရေပြားအစိုဓါတ်ထိန်းထားခြင်း အသားမာက အရေပြားခြောက်ခြင်းကြောင့် ဖြစ်နိုင်ပြီး အရေပြားအစိုဓါတ်ထိန်းခြင်းက အသားမာကိုကိုင်တွယ်ရာမှာ လိုအပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ အသားမာတွေနူးညံသွားစေရန် ပထမဦးစွာ ဆပ်ပြာထည့်ထားတဲ့ရေနွေးနွေးလေးမှာ စိမ်ထားသင့်ပါတယ်။ ဒါမှသာ အသားမာကို အလွယ်တကူဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ရေအစား အရေပြားပီအိတ်ခ်ျအမှတ်ကို ပြောင်းလဲစေပြီးခြေထောက်ချွေးထွက်ခြင်းကို သက်သာစေတဲ့ကမ်မိုမိုင်းဆေးဖက်ဝင်လက်ဖက်ရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ အဲ့နောက်မှာတော့ လက်ဖက်ရည်အစွန်းအထင်းတွေကို ရေဆပ်ပြာနဲ့ဖယ်ရှားပေးနိုင်ပါတယ်။ ထို့နောက်မှာော့ ခြေထောက်အရေပြားနူးညံ့အောင် အစိုဓါတ်ထိန်းအလှဆီ လိမ်းပေးနိုင်ပါတယ်။ ရေချိုးပြီးတိုင်း […]


အသားအရေ ထိန်းသိမ်းခြင်း

မှန်ကန်သောနေလောင်ခံခရင်မ်ကိုဘယ်လိုရွေးချယ်မလဲ

နေရောင်(ခရမ်းလွန်ရောင်ခြည်)ဒဏ်မှကာကွယ်ခြင်းသည် အရေပြားထိန်းသိမ်းမှုတွင်အရေးပါဆုံးသောအပိုင်းဖြစ်ပါ တယ်။ အထိရောက်ဆုံးနည်းလမ်းကတော့နေလောင်ခံ ခရင်မ် ကိုသုံးခြင်းဖြစ်ပါတယ်။ သင့်အရေပြားနှင့် သင့်လျော် သောနေလောင်ခံခရင်မ်အမျိုးအစားကိုရွေးချယ်နိုင်ရန် အ ချက်အလက်တချို့ကိုဖော်ပြလိုက်ပါတယ်။   အညွှန်းကိုဖတ်ပါ။ နေလောင်ခံခရင်မ်မရွေးခင်အညွှန်းကိုဖတ်ပါ။ ပါဝင်ပစ္စည်း နှင့် ကုန်ပစ္စည်း၏လုပ်ဆောင်ပုံကိုဖော်ပြထားပါလိမ့်မည်။ Broad-spectrum/Full spectrum ကာကွယ်နိုင်သော ခရင်မ်ကိုရွေးချယ်ပါ။ ခရမ်းလွန်ရောင်ခြည်အေ နှင့်ဘီ နှစ်မျိုးစလုံးကအရေပြားကို အန္တရာယ်ဖြစ်စေနိုင်ပြီး အရေးအကြောင်းများ၊ အရေပြား ခြောက်သွေ့ခြင်း နှင့် ကင်ဆာကိုပါဖြစ်စေနိုင်ပါတယ်။ နေလောင်ခံခရင်မ်အများစုက ခရမ်းလွန်ရောင်ခြည်ဘီကို သာကာကွယ်နိုင်ပါတယ်။ Broad-spectrum ဟုအညွှန်း တပ်ထားသောခရင်မ်သာလျှင် ရောင်ခြည်နှစ်မျိုးလုံးကိုကာ ကွယ်နိုင်ပါတယ်။ ၎င်းထုတ်ကုန်များတွင်ယေဘူယျအားဖြင့် benzophenones, salicylates, titanium dioxide, zinc oxide များပါဝင်ပါတယ်။   SPF 30 နှင့်အထက်ပါသောခရင်မ်ကိုရွေးချယ်ပါ။ အရေပြားသည်နေရောင်ခြည်နှင့်၁၀မိနစ်လောက်ထိတွေ့ရုံ နှင့်လောင်ကျွမ်းနိုင်သောကြောင့် SPF no.ပါသောခရင်မ်ကို ရွေးချယ်သင့်ပါတယ်။ SPF no.သည် UVBမှဘယ်နှဆကာ ကွယ်နိုင်သည်ကို ဖော်ပြပါတယ်။ SPF 15 ပါသောခရင်မ် များသည် […]


ဆံသားနှင့် ဦးရေပြားကျန်းမာရေး

ဆံပင်ကျွတ်တာကိုဘယ်လိုလုပ်မလဲ

လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ကြားကျွတ် လေ့ရှိပါတယ်။ သို့သော်လည်း ဆံပင်ကွက်ခြင်း၊ ဆံပင်ပါး ခြင်း များဖြစ်ပါကသင့်ကိုစိတ်နှောင့်အယှက်ဖြစ်စေနိုင်ပါ တယ်။ ထိုပြဿနာများကိုအောက်ပါနည်းလမ်းများအတိုင်း ဖြေရှင်းနိုင်ပါတယ်။   ဆံပင်ထိန်းသိမ်းမှုအလေ့အထကိုပြုလုပ်ပါ။ ဆံပင်ကိုစနစ်တကျထိန်းသိမ်းခြင်းအားဖြင့်ဆံပင်ကျွတ်ခြင်း ကိုထိရောက်စွာလျှော့ချနိုင်ပါတယ်။ ဆံပင်လျှော်နည်း၊ အ ခြောက်ခံနည်း ပုံစံကိုပြောင်းလဲခြင်းအားဖြင့် ဆံပင်ကျွတ် တာနည်းလာနိုင်ပါတယ်။ အရေပြားဆိုင်ရာပညာရှင်များက ခေါင်းလျှော်သောအခါတွင် ဆံသားကိုပွတ်၍မလျှော်ဘဲ ဦး ရေပြားကိုနှိပ်နှယ်၍လျှော်ပါကဆံသားပျက်စီးခြင်းကိုလျော့ ကျစေနိုင်တယ်လို့ဆိုထားပါတယ်။ ထို့နောက်ဆံသားကိုမ ပွတ်ဘဲရေဆေးပြီးနောက် ပျော့ဆေးကိုအသုံးပြုနိုင်ပါသည်။   ဦးရေပြားကိုဆေးလိမ်းပါ။ Minoxidil (Rogaine) ဟုခေါ်သောလိမ်းဆေးသည်အမျိုးသ မီးများတွင်ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီးဆံပင်သန်စေ ပါတယ်။ ဆေးကိုရေရှည်အသုံးမပြုဘဲရပ်လိုက်လျှင်တော့ အာနိသင်ပြမှာမဟုတ်ပါဘူး။   ဆံပင်ကျွတ်ခြင်းဟာခေတ္တခဏဖြစ်သည်ဆိုတာနားလည်ပါ။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းများစွာရှိပါတယ်။ နေမ ကောင်းချိန်၊ မီးဖွားချိန် နှင့် စိတ်ဖိစီးမှုများချိန်များတွင်ဆံပင် အကျွတ်များနိုင်ပါတယ်။ ထိုအခါမျိုးတွင်ဆံပင်အများကြီး ကျွတ်နိုင်ပြီး အလိုအလျောက်ပြန်ပေါက်နိုင်တာကိုသိထား သင့်ပါတယ်။ ထိုသို့နားလည်ထားခြင်းဖြင့်စိတ်ဖိစီးမှုများကို လျော့ချကာ အခြေအနေပိုမဆိုးလာအောင်ကာကွယ်နိုင်ပါ တယ်။   အရေပြားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ ဆံပင်ကျွတ်ရခြင်းအကြောင်းအရင်းကိုရှာမတွေ့လျှင် သင့် လျော်သော ကုသမှုခံယူနိုင်ရန်အရေပြားဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးသင့်ပါတယ်။   ကျန်းမာရေးနှင့်သင့်လျော်သောအစားအသောက်ကိုစားသုံးပါ။ ကျန်းမာရေးနှင့်သင့်လျော်သောအစားအစာကိုစားခြင်းဖြင့် ဆံပင်ကျွတ်စေနိုင်သောဓါတုပစ္စည်းများကိုလျော့နည်းစေနိုင် ပါတယ်။ ဆီကြော်မုန့်များ၊ […]


အသားအရေ ထိန်းသိမ်းခြင်း

အရေးအကြောင်းများကိုဘယ်လိုကာကွယ်မလဲ

ကော်လာဂျင်ဓါတ်သည်အရေပြားကိုတင်းရင်းစေပြီး ချော မွေ့စေသောအရေးပါသည့်ပရိုတင်းဓါတ်တစ်မျိုးဖြစ်ပါ တယ်။ မျက်နှာတွင်ကော်လာဂျင်ဓါတ်များလျော့နည်းလာပါ ကအရေးအကြောင်းများနှင့် အမဲစက်များပေါ်လာနိုင်ပါတယ် အရေးအကြောင်းများသည် အိုမင်းရင့်ရော်ခြင်း၏ ပထမဆုံး လက္ခဏာဖြစ်ပါတယ်။ ၎င်းတို့ကိုဘယ်လိုကာကွယ်ရမည်ကို သင်သိပါသလား။ နေရောင်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။ နေရောင်ခြည်သည်အရေးအကြောင်းများကိုဖြစ်စေသောအ ဓိကအကြောင်းအရင်းဖြစ်သည်။ နေရောင်ခြည်နှင့်ထိတွေ့ ပါက ၎င်းတွင်ပါဝင်သောခရမ်းလွန်ရောင်ခြည်များသည်အ ရေပြားတွင်ကာကွယ်ထားသော ကော်လာဂျင်နှင့် elastin များကိုပျက်စီးစေပြီးအရေးအကြောင်းများဖြစ်ပေါ်စေနိုင်ပါ တယ်။ နေရောင်နှင့်ထိတွေ့မှုများသောမျက်နှာ၊ လည်ပင်း နှင့်လက်များတွင်အဖြစ်များပါတယ်။ ထို့ပြင်နေရောင်ခြည် ကြောင့်အရေပြားပျက်စီးပြီးကင်ဆာဖြစ်ပွားနိုင်သောအန္တ ရာယ်လည်းရှိပါတယ်။ ထို့ကြောင့်အပြင်ထွက်မည်ဆိုပါက နေလောင်ခံခရင်လိမ်းရန်နှင့် အင်္ကျ ီအကာဝတ်ရန်သတိရ ပါ။ သင့်အိပ်စက်ပုံအနေအထားကိုပြောင်းလဲပါ။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ သင့်မျက်နှာတွင် တွယ်ဆက်ထားသောတစ်ရှူးများနှင့် ကော်လာဂျင်များ လျော့ရဲလာလေဖြစ်သည်။ အနေအထားတစ်မျိုးထဲတွင်အ ကြာကြီးအိပ်ပါက ခေါင်းအုံးနှင့်မကြာခဏပွတ်မိပြီးငယ်ရွယ် စဉ်မှာပင်အသားအရေကိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။ ဒါ ကြောင့်အရေးအကြောင်းမဖြစ်ပေါ်စေရန်အိပ်စက်မှုပုံစံကို ပြောင်းလဲသင့်ပါတယ်။ ပက်လက်အနေအထားဖြင့်အိပ်စက် ခြင်းကအကောင်းဆုံးဖြစ်ပြီး ကောင်းမွန်သောအိပ်စက်ခြင်း အတွက်နူးညံ့သောပိုးခေါင်းအုံးကိုရွေးချယ်သင့်ပါတယ်။ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုစားပါ။ သင့်အသားအရေကျန်းမာလှပစေရန်အစားအစာဟာအလွန် အရေးပါပါတယ်။ လုံလောက်သော antioxidants ကိုစား သုံးပါကအိုမင်းရင့်ရော်ခြင်းကိုနှေးကွေးစေနိုင်သာမကအ ရေးအကြောင်းများကိုလည်းတားဆီးနိုင်ပါတယ်။ အရေပြား ကို ပရိုတင်း၊ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Hello Sayarwon Medical Panel

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း