အမျိုးသားများ တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 26, 2020 . 2 mins read
Share now

တစ်ကိုယ်ရည်အာသာဖြေတယ်ဆိုတာ ကိုယ့်ရဲ့ လိင်အင်္ဂါကို လက်နဲ့ဖြစ်စေ၊ အရာဝတ္ထုတစ်ခုနဲ့ ဖြစ်စေ နှိုးဆွပြီး လိင်စိတ်ပြီးမြောက်အောင် နှိုးဆွပေးတာ ဖြစ်ပါတယ်။ လိင်စိတ်တအားထကြွနေတဲ့အချိန်၊ စိတ်ဖိစီးမှုများနေတဲ့အချိန်မျိုးမှာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။

တကယ်တော့ တစ်ကိုယ်ရည်အာသာဖြေတဲ့ကိစ္စဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်တဲ့ အပြုအမူမျိုးပါ။ အမျိုးသားအများစုဟာ ပုံမှန် တစ်ကိုယ်ရည် အာသာဖြေတတ်ကြပြီး အမျိုးသမီးတွေမှာလည်း တစ်ခါတစ်ရံ လိင်စိတ်ဖြေဖျောက်တာမျိုး လုပ်တတ်ကြပါတယ်။

အမျိုးသားတွေ အာသာဖြေလို့ ဘာကောင်းကျိုးတွေ ဖြစ်စေလဲ။

  • ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးတယ်။
  • စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းတာတွေကို ဖြေလျှော့ပေးနိုင်တယ်။ စိတ်ကို ပြန်လည်တက်ကြွလာစေတယ်။
  • စိတ်ကျရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တယ်။
  • ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထောက်အကူပေးတယ်။
  • လိင်ဆက်ဆံတဲ့အခါမှာ လိင်စိတ်အထွဋ်အထိပ်ရောက်ဖို့ ကြာတယ်။
  • ထိုးသွင်းဆက်ဆံရာကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ဟန့်တားပေးရာ ရောက်ပါတယ်။

တစ်ကိုယ်ရည်အာသာဖြေလို့ ဘာဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။

မိမိကိုယ်ကို အာသာဖြေလိုက်လို့ ခန္ဓာကိုယ်ကို ကျန်းမာရေးအရ ဘေးထွက်ဆိုးကျိုးမှ မဖြစ်စေပေမဲ့ အလွန်အကျူးလုပ်မိတဲ့အခါမှာ ကိုယ့်ရဲ့ အိမ်ထောင်ဘဝ၊ နေ့စဉ်ဘဝကို သွားပြီးထိခိုက်နိုင်ပါတယ်။

မိမိကိုယ်ကို အာသာဖြေတာများလာရင် အမှန်တကယ် လိင်ဆက်ဆံနေတဲ့အချိန်မှာ အရင်ကလောက် သာယာမှု ရတော့မှာ မဟုတ်ပါဘူး။

အမျိုးသားတွေမှာ မကြာခဏ လိင်စိတ်ဖြေဖျောက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မကြာခဏ အာသာဖြေတဲ့အခါမှာ လူကမောပန်းလာမယ်။ သုက်လွှတ်စောလာမယ်။ ကိုယ့်ရဲ့ အဖော်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ အဟန့်အတားဖြစ်လာနိုင်တယ်။ လိင်တံကို အားနဲ့ညှစ်ပြီး အာသာဖြေမိတဲ့အခါမှာ လိင်တံထဲမှာ ရှိတဲ့ သွေးကြောတွေကို ထိခိုက်မိတဲ့အတွက် လိင်တံက ဒဏ်ဖြစ်လာမယ်။ ဝှေးစေ့ဟာလည်း နာကျင်လာတတ်တယ်။ ခါးအောက်ပိုင်းမှာ နာကျင်ကိုက်ခဲလာမယ်။ အချို့လူတွေမှာ ဆံပင်တွေ ကျွတ်လာတတ်တယ်။

မကြာခဏ အာသာဖြေနေပြီဆိုတာ ဘယ်လိုသိနိုင်လဲ။

နေ့စဉ် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့အတွက် တစ်နေ့ကို အကြိမ်များစွာ အာသာဖြေမိတာမျိုး၊ ဒီကိစ္စကို လုပ်နေရလို့ ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေအတွက် အချိန်သိပ်မပေးနိုင်တော့တဲ့အခါ၊ မကြာခဏ အာသာဖြေဖို့ကိုပဲ စိတ်ကရောက်နေတဲ့အခါ၊ လိင်တံမှာ နာကျင်မှုကို ခံစားလာတဲ့အခါမျိုးတွေမှာဆိုရင် အာသာဖြေတာ အရမ်းများနေပြီဆိုတာ သိနိုင်ပါပြီ။

ဘယ်လိုကုသမလဲ။

စိတ်ရောဂါအထူးကုဆရာဝန်နဲ့ ဖြစ်စေ၊ ကျန်းမာရေး အကြံပေးနဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးဖို့ လိုပါတယ်။ အာသာဖြေဖို့အတွက် ဖြစ်လာတဲ့ စိတ်နဲ့ အားကို ကိုယ့်အတွက် အကျိုးရှိမယ့် အရာကို လုပ်ကိုင်ရင်းနဲ့ ဖြေဖျောက်နိုင်ပါတယ်။ ဥပမာ – လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ တရားထိုင်တာ၊ သီချင်းနားထောင်တာ၊ အားကစားလုပ်တာ၊ အကသင်တန်းတက်တာမျိုးနဲ့ ကိုယ့်ရဲ့ စိတ်ကို ဖြေဖျောက်နိုင်ပါတယ်။

လိင်စိတ်ဖြေဖျောက်လို့ ကျားဟော်မုန်းတွေ နည်းသွားနိုင်လား။

အာသာဖြေတဲ့အတွက် testosterone လို့ ခေါ်တဲ့ ဝှေးစေ့ကနေ ထွက်တဲ့ ကျားဟော်မုန်းတွေ နည်းသွားတာမျိုးတော့ မဖြစ်စေပေမဲ့ တန်ဆေး၊ လွန်ဘေးဆိုသလို မကြာခဏ အာသာဖြေတဲ့အခါမှာ ကျားဟော်မုန်းတွေ နည်းလာနိုင်ပါတယ်။

အာသာဖြေလို့ သုက်ကောင်ရည် နည်းသွားနိုင်လား။

မကြာခဏ အာသာဖြေမိတဲ့အခါမျိုးမှာတော့ သုက်ကောင်ရည် ပြန်များလာဖို့ အချိန်နည်းနည်းကြာတတ်ပါတယ်။ သုက်ကောင်ရည်ဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ထုတ်ပေးနေလို့ အာသာဖြေတာကြောင့် သုက်ကောင်ရည် နည်းသွားတာမျိုးတော့ မဖြစ်နိုင်ပါဘူး။

အမှန်တကယ်က တစ်ကိုယ်ရည်အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေသလို၊ လိင်ကျန်းမာရေးအတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။ လိင်အာသာဖြေခြင်းကို တချို့နေရာတွေမှာ ဘာသာရေး၊ ပတ်ဝန်းကျင် အယူအဆအရ ရှက်စရာကောင်းပြီး ညစ်ညမ်းတဲ့ အပြုအမူလို့ ယူဆထားကြပေမဲ့ သိပ်ပြီးတော့ သက်ဆိုင်မှုတော့ မရှိပါဘူး။ ကိုယ့်မှာသာ ခဏခဏ အာသာဖြေတတ်တဲ့ အကျင့်ရှိနေပြီဆိုရင်တော့ တခြားအလုပ်တစ်ခုခုလုပ်ရင်း အာရုံလွှဲပြောင်းပေးဖို့တော့ လိုပါတယ်။ အမျိုးသားတိုင်း သာယာပျော်ရွှင်ပြီး စိတ်သွားတိုင်း ကိုယ်ပါတဲ့ ဘဝမျိုး ပိုင်ဆိုင်နိုင်ပါစေခင်ဗျား။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
myths-about-cancer ကင်ဆာနဲ့ ပတ်သက်ပြီး

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read