ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အမျိုးသားတစ်ယောက်ရဲ့ လိင်တံဟာ ဘယ်ဘက် သို့မဟုတ် ညဘက်ကို အနည်းငယ်ကွေးကောက်တာ သဘာဝပါပဲ။ အာသာဖြေတာ၊ အတွင်းခံအတွင်း ထည့်ထားတဲ့ ပုံစံအနေအထားပေါ် မူတည်ပြီး အနည်းငယ်တော့ စောင်းသွားတတ်ပါတယ်။ ဒါကတော့ ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့လိုတာကတော့ လိင်ဆက်ဆံေနစဉ်၊ တစ်ခုခုနဲ့ ထိခိုက်မိပြီး လိင်တံကောက်သွားခြင်းကြောင့် နောက်ဆက်တွဲဝင်လာတတ်တဲ့ ပီရိုးနီးရောဂါ (Peyronie’s disease) ပဲ ဖြစ်ပါတယ်။

ပီရိုးနီးရောဂါဆိုတာ ဘာလဲ။

ထောင်မတ်လာချိန်မှာ လိင်တံဟာ ပုံမှန်ထက်ပိုပြီး ကွေးကောက်သွားစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက် ၄၀ နောက်ပိုင်းအမျိုးသားေတွမှာတော့ ပိုအဖြစ်များပါတယ်။ လိင်တံထောင်မတ်စဉ် အလွန်အမင်းနာကျင်ပြီး ထိုးသွင်းဆက်ဆံဖို့ အခက်အခဲဖြစ်စေတဲ့အတွက် ကိုယ့်မှာ ဒီရောဂါရှိတယ်လို့ သံသယဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ ပြကြည့်တာ အကောင်းဆုံးပါပဲ။

ပီရိုးနီးရောဂါ လက္ခဏာတွေ

  • လိင်တံရဲ့ ကိုယ်ထည်တွင် ဖုဖောင်းပြီး မာကျောတဲ့ အဖုလေးတစ်ခု စမ်းမိတာ
  • ထောင်မတ်ေနချိန် ဘေးဘက်သို့ ကွေးကောက်သွားခြင်း (များသောအားဖြင့် အပေါ်ဘက်ကို ပိုပြီးကွေးကောက်ပါတယ်)
  • ထောင်မတ်နေစဉ် နာကျင်ခြင်း
  • လိင်အင်္ဂါ ပုံစံမမှန်သလို ဖြစ်နေခြင်း (အရင်း သို့မဟုတ် အဖျား တစ်မျိုးတည်းကြီးနေတာမျိုးမဟုတ်ဘဲ ကြီးလိုက် သေးလိုက်နဲ့ ပုံစံမမှန်တာ)
  • လိင်တံကျုံ့ဝင်သွားတာ
  • လုံးပတ်သေးလာတာ
  • ထိုးသွင်းဆက်ဆံဖို့ ခက်ခဲတာ
  • လိင်တံကောင်းစွာ မထောင်မတ်နိုင်တော့တာတွေပဲ ဖြစ်ပါတယ်။

ပီရိုးနီးရောဂါဖြစ်ရခြင်း အကြောင်းရင်းတွေ

အကြောင်းရင်းအတိအကျကို ရှာဖွေတွေ့ရှိခြင်း မရှိသေးမဲ့ တစ်ကိုယ်ရေအာသာဖြေနစဉ်၊ လိင်ဆက်ဆံစဉ် အနေအထားမမှန်တာ၊ ထိခိုက်မိပြီး တစ်သျှူးတွေ ကျိုးပဲ့သွားတာ၊ လိင်တံကို မာလွန်းတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖခင်မျိုးရိုးမှာ ပီရိုးနီးရောဂါရှိခဲ့ဖူးတာ၊ အသက် ၄၀ နောက်ပိုင်း အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ပီရိုးနီးရောဂါရှိနေတာ သေချာပြီလား။

လိင်တံက ပုံမှန်ထက် ကွေးကောက်လွန်းနေတာ၊ ထောင်မတ်နေစဉ် အလွန်အမင်းနာကျင်တာတွေ ဖြစ်လာပြီဆိုရင် အရင်ဆုံးဆရာဝန်နဲ့ သေချာပြကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ လိင်တံကို အနီးကပ်တိုင်းတာစစ်ဆေးမှာဖြစ်ပြီး လိင်တံရဲ့ ကိုယ်ထည်မှာ အဖုအလုံးတွေ ရှိမရှိ၊ ထောင်မတ်နေစဉ် လိင်တံအရှည်၊ လုံးပတ်တွေကို အာထရာဆောင်းရိုက်ခြင်း၊ X-Ray ရိုက်ပြီး စစ်ဆေးသွားမှာပါ။

ပီရိုးနီးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လား။

လက်ရှိအချိန်မှာတော့ ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးမပေါ်သေးပါဘူး။ ဒါပေမယ့် နာကျင်မှုကို ပျောက်ကင်းစေပြီး ပုံမှန်အတိုင်း လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကုသနည်းတချို့တော့ ရှိပါတယ်။

  • လိင်တံကို ခွဲစိတ်ကုသပေးခြင်း
  • Clostridium hystolyticum (Xiaflex) ပါဝင်တဲ့ ဆေးပေးခြင်း
  • စုပ်စက်ကို အသုံးပြုခြင်း
  • လျှပ်စစ်ရှော့တိုက်နည်းလမ်းဖြင့် အဖုအဖောင်းအောက်က တစ်သျှူးအမာရွတ်ကို ဖြိုခွဲပေးခြင်း
  • လိင်တံပျော့နေစဉ် ဖြည်းညင်းစွာ ဆွဲဆန့်ခြင်း နည်းလမ်းတွေနဲ့ ကုသပေးမှာဖြစ်ပါတယ်။

ပီရိုးနီးရောဂါကြောင့် နောက်ဆက်တွဲ လိင်တံမထောင်မတ်နိုင်ခြင်းကို ဖြေရှင်းပေးဖို့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးရင် အဆင်ပြေနိုင်ပါတယ်။ ဥပမာ – ဆေးလိပ်ဖြတ်၊ အရက်ေလျှာ့သောက်တာ၊ တရားမဝင် မူးယစ်ဆေးဝါးတွေ သုံးစွဲတာကို ရှောင်ကြဉ်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့တော့ လိုအပ်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖရီးရယ်ဒီကယ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မည်သို့ဆက်စပ်သနည်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖရီးရယ်ဒီကယ် ကိုယ်ခန္ဓာ အသီးအနှံများ တစ်ရှူးများ အိုမင်းရင့်ရော်ခြင်း ရောဂါဘယ အစားအသောက်တွေ အဆိပ်အတောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
အခြေခံကျန်းမာရေး ဇူလိုင် 14, 2020 . 2 mins read

နတ်သမီးအမှတ် ဆိုတာ ဘာလဲ။

နတ်သမီးအမှတ် ခါးအနောက်ဘက် ကျောရိုးမကြီး မွေးရာပါအမှတ် Dimples of Venus အရွတ်တွဲမျိုးရိုးဗီဇ လိင်ကိစ္စ သွေးလည်ပတ်မှုကောင်း မြန်မြန်ပြီးမြောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင်က colour blind တစ်ယောက်လား။

colour blind အရောင်တွေမခွဲနိုင် အမြင်အာရုံ မျိုးရိုးဗီဇ ဆီးချိ ရေတိမ် ပါကင်ဆန် အတက်ကျဆေး ဓာတုပစ္စည်း ကျောင်းစာမှာခက်ခဲ မျိုးရိုးလိုက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကင်ဆာ ဖြစ်စေနိုင်သော အစားအစာများ

ကင်ဆာ မျိုးရိုးဗီဇ စည်သွပ်ဘူး BPA ဓာတုပစ္စည်း ဆိုဒါ ကင်ဆာဆဲလ် သကြားဓာတ် အာလူးကြော် အနီရောင်အသား ပြုပြင်ထားသောအစားအစာ ဆားရည်စိမ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

လူမှုဆက်ဆံရေးကိစ္စရပ်များကို ကြောက်ရွံ့စိုးရိမ်တတ်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read
အရေပြားလေးဘက်နာ လား အရေပြားကင်ဆာ လား

ဆိုရီယေးစစ်လား အရေပြားကင်ဆာ လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 3 mins read
နှလုံးရောဂါ ကာကွယ်ပါ

နှလုံးရောဂါ ကာကွယ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2020 . 2 mins read

ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်းဝေဒနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 30, 2020 . 3 mins read