လမ်းလျှောက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းပါ။ အထိုင်များသူတွေအတွက် အတော်လေး သင့်တော်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ လောက်အထိ လမ်းလျှောက်ပေးပါ။ လမ်းလျှောက်ပေးတာက ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားတွေ ပြေလျော့စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
ဒါကြောင့် တစ်နေ့တာမှာ လမ်းလျှောက်လို့ ရနိုင်သမျှ လမ်းလျှောက်ပေးပါ။
Plank ထောက်တာက တစ်နေကုန် အထိုင်များတဲ့သူတွေအတွက် အတော်လေး သင့်တော်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ ခန္ဓာကိုယ် အပေါ်ပိုင်းကိုရော အောက်ပိုင်းကိုပါ ကြံ့ခိုင်သန်မာစေပါတယ်။
ဒါ့ပြင် အထိုင်များတာကြောင့် ခါးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။ စက္ကန့် ၃၀ လောက်က စပြီး တစ်နေ့ကို နည်းနည်းချင်း အချိန်ရော အကြိမ်ရေပါ တိုးပြီး လုပ်သွားပေးပါ။ ဒီလိုလုပ်ပေးတာက ကျန်းမာစေသလို ကြွက်သားတွေကိုလည်း သန်မာစေမှာပါ။
ဒီလေ့ကျင့်ခန်းက နောက်ကျော နဲ့ ပခုံးက ကြွက်သားတွေကို ပြေလျော့စေနိုင်ပါတယ်။ အရင်ဆုံး ခါးကို မတ်မတ်လေးထားပြီး ထိုင်ပါ။ ပြီးရင် ပခုံးကို တင်ပါးအကျယ်အတိုင်း ဆန့်ဆန့်လေးနေပါ။
ပြီးရင် လက်တစ်ဖက်ကို ခေါင်းပေါ်ကနေ ကျော်ပြီး ကျောနောက်ဖက်ကို ကပ်ပါ။ လက်ဖဝါးနဲ့ နောက်ကျောကို ထိထားပြီး ကပ်ပါ။ ပြီးရင် နောက်လက်တစ်ဖက်နဲ့ ကျောနောက်ဘက်ကို ကပ်ထားတဲ့လက်ရဲ့ တံတောင်ဆစ်ကို ဆွဲယူပါ။ ပုခုံးကြောလေးတွေတင်းလာတဲ့အထိ ဆွဲပါ။ တစ်ဖက်ကို ၁၅ စက္ကန့်စီလောက် တစ်ဖက်ပြီး တစ်ဖက် လုပ်ပါ။
Bird dog
ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သား၊ ခါးကြွက်သား၊ တင်ပါးကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပါတယ်။ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး အထိုင်များတာကြောင့် ဗိုက်အဆီတက်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
အခင်းပြား တစ်ချပ်ပေါ်မှာ လေးဖက်ထောက် အနေအထားနေပြီး ဘယ်ခြေညာလက်ကို ဆန့်ထုတ်ပါ။ တစ်ဖက်ဆီကို တစ်လှည့်စီ လုပ်ပေးပါ။ ၁၀ ကြိမ် ကနေ ၁၂ ကြိမ်စီလောက် လုပ်ပေးပါ။
- Gym ဆော့တာ
- ပြေးတာ
- စက်ဘီးစီးတာ
- Zumba ကတာတွေလည်း လုပ်ပေးလို့ ရပါတယ်။
အထိုင်များတာ ကျန်းမာရေး ထိခိုက်စေတယ်
လူက အထိုင်များပြီး လှုပ်ရှားမှုမရှိတဲ့အခါ ခန္ဓာကိုယ်က သွေးတွင်း
သကြားဓာတ်ကို မထိန်းချုပ်နိုင်တော့ဘူး၊ သွေးဖိအားကိုလည်း ပုံမှန်မလည်ပတ်စေနိုင်တော့ဘူး။ အဆီနဲ့ ကိုလက်စထရောတွေကိုလည်း ကောင်းကောင်းမချေဖျက်နိုင်တော့ဘူး။ ဒီအခါမှာ ကျန်းမာရေးပြဿနာ ဖြစ်လာနိုင်ခြေ မြင့်တက်လာပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။