backup og meta

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 02/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေကိုတောင် မလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူဖို့ မေ့နေပြီး အသက်ရှူ မဝတော့မှ အသက်ကို ရှိုက်ပြီး ရှူတာမျိုးပါ။

    ဒီလိုကနေ ခေါင်းကိုက်တာကြွက်သားတွေ ကိုက်ခဲတာကို ခံစားလာရနိုင်ပါတယ်။ ဒါတွေက စိုးရိမ်မှု လွန်ကဲတာ​ကြောင့် ရလာတဲ့ ထိခိုက်မှုတွေပေါ့။ ဒီစိုးရိမ်မှု လွန်ကဲတာကြောင့် ခံစားလာရမယ့် ထိခိုက်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ ကြွက်သားကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ အသက်ရှူလေ့ကျင့်ခန်း

    စိုးရိမ်ပူပန်မှု လွန်ကဲနေချိန်မှာ စိတ်လက်ပေါ့ပါးစေဖို့ လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုကတော့ အသက်ရှူလေ့ကျင့်ခန်းပါ။ အသက်ဝဝရှူလိုက်တာက သွေးတွင်း အောက်ဆီဂျင်ပမာဏကို တိုးစေပြီး စိုးရိမ်မှုကို ပြေလျော့စေပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်မှုတွေ အရမ်းများလာပြီဆိုရင် အသက်ရှူလေ့ကျင့်ခန်း လုပ်လိုက်ပါ။

    နည်းလမ်း (၁) – အသက်ရှူလေ့ကျင့်ခန်း လုပ်တာက စိတ်ကို ငြိမ်းချမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းလေး စလုပ်ဖို့ အသက်ကို ဖြည်းဖြည်း ရှူသွင်းပါ။ အသက်ရှူရင်းနဲ့ စိတ်ထဲက ၁ကနေ ၄ အထိ ရေတွက်ပါ။ ပြီးရင် လေကို ဝနေအောင် ရှူသွင်းရင်း စိတ်ထဲကနေ ၅ ကနေ ၈ အထိ ရေတွက်ပါ။ ပြီးရင် လေကို ရှူထုတ်ရင်း ၉ ကနေ ၁၂ အထိ ရေတွက်ပါ။

    နည်းလမ်း (၂) – နောက်တစ်နည်းကတော့ တိတ်ဆိတ်တဲ့နေရာမှာ ခါးကို မတ်မတ်ထားလို့ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြေလျော့ပြီး ထိုင်ပါ။ ပြီးရင် အသက်ကို မှန်မှန်လေး ရှူသွင်းရှူထုတ်လုပ်ပါ။ ဒီလို လုပ်နေချိန်မှာ အသက်ရှူတဲ့အပေါ်မှာပဲ အာရုံစိုက်ထားပြီး အခြားကို အာရုံ မရောက်နေစေဖို့ သတိထားပါ။

    နည်းလမ်း (၃) – ဒီနည်းလမ်းကတော့ ထိုင်နေလို့ ရသလို လှဲလျောင်းပြီး လုပ်ပေးလို့လည်း ရပါတယ်။ ဒီအသက်ရှူလေ့ကျင့်ခန်း လုပ်တဲ့အခါလက်တစ်ဖက်ကို ဝမ်းဗိုက် နံရိုး အောက်ဘက်နားမှာ ထားပြီး နောက်လက်တစ်ဖက်ကို ရင်ဘတ်ပေါ်မှာ ထားပေးပါ။ ပြီးရင် ပါးစပ်ကနေ လေဝဝ ရှူသွင်းပါ။ ဗိုက်လေး ချပ်သွားတဲ့အထိပေါ့။ ပြီးရင်တော့ ၄ စက္ကန့်လောက် အောင့်ထားပြီး ဗိုက်လေးဖောင်းလာတဲ့အထိ လေကို နှာခေါင်းရော ပါးစပ်ကနေပါ မှုတ်ထုတ်လိုက်ပါ။

    ဒီ အသက်ရှူလေ့ကျင့်ခန်းတွေကို စိတ်ထဲ နေလို့ ကောင်းသွားတယ်လို့ ခံစားရတဲ့အထိ ၃ ကြိမ် ကနေ ၇ ကြိမ်လောက်အထိ လုပ်ပေးပါ။

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ ကြွက်သား ဖြေလျှော့လေ့ကျင့်ခန်း

    စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ ကြွက်သား ဖြေလျှော့လေ့ကျင့်ခန်း

    စိုးရိမ်မှု များလာတာတဲ့အခါ ခေါင်းကိုက်တာ ကိုယ်လက်ကိုက်ခဲတာတွေကို ခံစားရပြီး တစ်ကိုယ်လုံးက တောင့်တင်းနေတတ်ပါတယ်။ ဒီပြဿနာကို ပြေလည်စေပြီး စိုးရိမ်မှု လျော့ပါးစေဖို့ လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကြွက်သားတွေကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။

    ဒီလို လုပ်ဆောင်တဲ့အခါ အကြောလျှော့လေ့ကျင့်ခန်း၊ ယောဂ၊ ထိုက်ချိ၊ Zumba စတဲ့ လေ့ကျင့်ခန်းတွေထဲက နှစ်သက်ရာကို လုပ်ဆောင်လို့ ရပါတယ်။ဒီနည်းလမ်းတွေထံကမှ အလွယ်ကူဖြစ်စေမယ့် ကြွက်သားတွေပြေလျော့စေမယ့် နည်းလမ်းလေးကို ပြောပြပေးသွားပါမယ်။ ဒါကတော့

    • မျက်ခုံးတွေကို အပေါ်ကို ပင့်နိုင်သမျှ ပင့်ပါ
    • မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားပါ။ ၅ စက္ကန့် ကြာအောင် ပိတ်ထားပါ
    • သမ်းသလိုမျိုး ပါးသပ်ကို ဟနိုင်သမျှ ကျယ်ကျယ်ဟပါ
    • လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း လက်တွေကို အရှေ့ဘက်ကို ဆန့်ထုတ်ပါ
    • ပြီးရင် ပခုံးကြွက်သားတွေကို ဆွဲတင်ရင်း လက်တွေကို အပေါ်ကို မြှောက်ပါ
    • ပြီးရင် လက်တွေကို ဆန့်ထုတ်ထားရင်း နောက်ကျောဘက်ကို တတ်နိုင်သမျှ ဆန့်ထုတ်ပါ။ လက်ကို ခပ်တင်းတင်းလေး ဆန့်ထားပါ။
    • ပြီးရင် ထိုင်ချလိုက်ပါ။ ခြေထောက်တွေကို ဆန့်ထုတ်ပြီး တင်ပျဉ်ခွေ အနေအထားနဲ့ ခြေဖဝါး နှစ်ခုကို ထိထားပါ။
    • ပေါင်ကြွက်သားတွေကို တင်းလာတဲ့အထိ ထားပါ။
    • ပြီးရင် ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ကိုင်းလိုက်ပါ။ တစ်မိနစ်ကနေ ၃ မိနစ်လောက် အထိ နေပါ။

    ဒီလေ့ကျင့်ခန်းကို ၃ ကြိမ်ကနေ ၇ ကြိမ်လောက်အထိ လုပ်ပေးပါ။ ဒီလို ကြွက်သားတွေ ပြေလျော့စေမယ့် လေ့ကျင့်ခန်း လုပ်နေစဉ်မှာ အသက်ဝဝ ရှူဖို့ မမေ့ပါနဲ့။ ဒါမှ ကြွက်သားတွေဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး စိုးရိမ်ပူပန်မှုကြောင့် ကြွက်သားတွေ တောင့်တင်းနေတာကို ပြေလျော့စေမှာပါ။

    စိုးရိမ်ပူပန်မှုတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ အရာတွေ ဖြစ်တာကြောင့် စိုးရိမ်ပူပန်မှုကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ဒီလေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်လိုက်ရအောင်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 02/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement