အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက်

လိင်ဆက်ဆံရင် သေနိုင်တယ်လားဆိုပြီး တွန့်မသွားပါနဲ့ဦး။ ခုပြောမှာက ဖြစ်တတ်တဲ့ အကြောင်းတရားတွေပါ။ အတူနေတဲ့အခါ ဒီအချက်တွေကို ဆင်ခြင်လိုက်ရင် လိင်ဆက်ဆံရင်း သေနိုင်တဲ့ အထိ ဖြစ်တော့မှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း သေနိုင်တဲ့ အကြောင်းခြင်းရာ (၇)ချက် ခုပြောမယ့် အကြောင်းရင်းတွေက လိင်ဆက်ဆံရင်း ကူးစက်ခံရတဲ့ HIVလို၊ အသည်းရောင်အသားဝါ ဘီပိုးတွေလို ဖြည်းဖြည်းချင်း သေဆုံးနိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ပါဘူး။ လိင်ဆက်ဆံရင်း တန်းလန်းနဲ့ကို ကုတင်ပေါ်မှာတင် သေဆုံးနိုင်တဲ့ အခြေအနေတွေပါ။ ဒါဆို စကြည့်လိုက်ရအောင်။ (၁) ရုတ်တရက် နှလုံးရပ်တာ ရှားပါးပေမယ့် ဖြစ်တတ်ပါတယ်။ UKမှာလုပ်တဲ့ လေ့လာချက်မှာဆိုရင် ငယ်ရွယ်တဲ့ ဆက်ဆံသူတွေနဲ့ အမျိုးသမီးတွေမှာပါ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲ့စာတမ်းအရဆိုရင် အဖြစ်အများဆုံးအကြောင်းရင်းက sudden arrhythmic death syndromeလို့ ခေါ်တဲ့ နှလုံးခုန်မမှန်တဲ့ ရောဂါကြောင့်လို့ ဆိုပါတယ်။ ဒီရောဂါရှိတဲ့ လူနာတွေမှာက […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ

လိင်မှုကိစ္စဆိုတာ ရှက်စရာ ရွံ့စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အိပ်၊ စား၊ ကာမ ၃မျိုးလုံးဟာ လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် ကွန်ဒုံးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လို့ ပြောပြောနေကြတာ ရှိတယ်မလား။ ဒါပေမဲ့ လူတော်တော်များများက ကွန်ဒုံးဝယ်ရမှာကို ရှက်ရွံ့ကြတယ်။ လိင်မှုကိစ္စအကြောင်း ပြောတော့မယ်ဆိုရင် ဟာသ တစ်ခုလို မြင်တတ်တယ်။ အပြစ်ကြီး တစ်ခုလုပ်သလို စိတ်ထဲမှာ ခံစားရတယ်။ ဒါဟာလည်း ပတ်ဝန်းကျင်၊ ဘာသာရေးအယူအဆတွေရဲ့ ရိုက်ခတ်မှုကြောင့်လည်း ဖြစ်မှာပါ။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ လူတော်တော်များများက လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးကို မသုံးတတ်ကြဘူး။ တချို့ကလည်း မေ့သွားလို့၊ တချို့ကလည်း ကွန်ဒုံးသုံးရတာ မကြိုက်လို့ အစရှိတဲ့ အကြောင်းပြချက် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဗိုက်တစ်လုံးခြား ဆက်ဆံရေး

ယောကျာ်းလေးတော်တော်များများကိုကြည့်လိုက်ရင် ဘီယာဗိုက်လေးတွေ ကိုယ်စီနဲ့နော်။ ဗိုက်အရွယ်အစား ကြီးတာသေးတာပဲ ကွာတယ် အနည်းနဲ့အများတော့ သောက်တတ်ကြတဲ့သူတွေချည်းပဲလေ။ ဘော်ဒါတွေ ဆုံကြမလား စကားလေးပြောရင်း မော့မယ်၊ အလုပ်တွေဖိစီးနေလား သွားဖြေလျှော့ကြမယ်၊သောကြာနေ့ရောက်ပြီလား TGIF ကြမယ်၊ အသည်းကွဲနေလား သောက်ရင်း ရင်ဖွင့်မယ်၊ ဘာမှအကြောင်းမရှိလည်း ဘားသွားထိုင်မယ် ဘာဖြစ်လဲ...အဲဒါမျိုးတွေဆိုတော့ ဘီယာဗိုက် ပိုင်ရှင်တွေ များလာရော။ ဘီယာဗိုက် ဆိုလို့ ဗိုက်ရွှဲနေတဲ့အဆင့်လောက်ကိုပဲ ရည်ရွယ်တာမဟုတ်ပါဘူး။ ဖရဲသီးဆိုဒ် မရောက်ခင် အစပျိုးကာစ သခွားမွှေးဆိုဒ်လောက် ဗိုက်အဆင့်တည်းက ကြိုတင်ကာကွယ်နိုင်ဖို့ရည်ရွယ်ပါတယ်။ ဒီဗိုက်တစ်လုံးကြောင့် လိင်ကိစ္စမှာ ထိခိုက်လာတာကိုသိရင် ကွီးတို့ ဘီယာဗိုက်ကို ဂုဏ်ယူနေမယ်မထင်တော့ပါဘူး။ ဒီတော့ ဗိုက်တစ်လုံးခြား ဆက်ဆံရေး ကြောင့် စိတ်မဆင်းရဲရအောင် ကြိုတင်ကာကွယ်လိုက်ပါတော့။ ဗိုက်တစ်လုံးခြား ဆက်ဆံရေး ဗိုက်တစ်လုံးခြား ဆက်ဆံရေး ဆိုတာက ဘီယာဗိုက်ကြောင့် လိင်မှုကိစ္စမှာ ထိခိုက်နိုင်တဲ့ အခြေအနေကို ပြောချင်တာပါ။ ဒီတော့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု

ကွန်ဒုံးဟာ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အသုံးပြုတဲ့ အဟန့်အတားတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးဟာ ထိရောက်မှုရှိပြီး ဈေးသက်သာတဲ့အတွက် အများအပြား အသုံးပြုကြပါတယ်။ သို့သော်လည်း သုတေသနတွေက အမျိုးသား အမြောက်အများဟာ ကွန်ဒုံး သုံးတဲ့အခါ အခက်အခဲတွေ့ရတဲ့အတွက် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိမှုနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါများ ရရှိမှုတို့ကို ကြုံတွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွန်ဒုံးအသုံးပြုစဉ် တွေ့ရတတ်တဲ့ အမှားငါးခုကိုဖော်ပြထားပါတယ်။ ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခု ကွန်ဒုံးအသုံးပြုစဉ် မှားတတ်တဲ့အမှားငါးခုက ဘာတွေလဲဆိုတော့ (၁) မှားယွင်းတဲ့ အရွယ်အစားကိုရွေးချယ်မိခြင်း ကွန်ဒုံးတွေဟာ အရွယ်အစား အမျိုးမျိုးနဲ့ လာတတ်ပြီး သင့်လျော်တဲ့ ကွန်ဒုံးကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ သေးလွန်းတဲ့ ကွန်ဒုံးကိုအသုံးပြုခြင်းဟာ လိင်တံသွေးရောက်ခြင်းကို တားမြစ်ပြီးတော့ လိင်တံထောင်မတ်မှုကို အပြည့်အဝ မရစေပါဘူး။ ကြီးလွန်းတဲ့ ကွန်ဒုံးတွေကျတော့လဲ သူ့ရဲ့ အသုံးဝင်မှုကို လျော့ကျစေပါတယ်။ ကွန်ဒုံးဟာ ကြီးလွန်းတဲ့အတွက် ဝင်လာတဲ့ သုက်ရည်တွေကို သေချာမထိန်းသိမ်းနိုင်တော့တာမျိုးနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ

အမျိုးသားရဲ့ လိင်အင်္ဂါက လိင်စိတ်ဆန္ဒပြီးမြောက်ပြီးနောက် သုက်လွှတ်ပါတယ်။ သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ နေရာဒေသနဲ့ အခြေအနေပေါ် မူတည်ပြီး ပြင်ပက လေနဲ့ ထိတွေ့မိတဲ့အခါ အနှေးနဲ့ အမြန် သေဆုံးပါတယ်။ လေထုဟာ သုက်ပိုးတွေကို ခြောက်သွေ့စေတဲ့ အကြောင်းရင်းကြောင့် အဓိက သေဆုံးရခြင်း ဖြစ်ပါတယ်။ သုက်ပိုးတွေ ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာ အသက်ရှင်နိုင်လဲ တစ်ကိုယ်ရေ အာသာဖြေပြီးနောက် အဝတ်အစား သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ခြောက်သွားတာနဲ့ သုက်ပိုးတွေသေသွားနိုင်ပါတယ်။ အမျိုးသမီးရဲ့ ယောနိ အင်္ဂါထဲ သုက်လွှတ်ပြီးနောက် သုက်ပိုးတွေဟာ သားအိမ်အတွင်းမှာ ၃-၅ရက်ထိ ကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ရာသီလာနေစဉ် အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ ကိုယ်ဝန်ရနိုင်ခြေ ရှိတယ်လို့ ဆရာဝန်တွေက ပြောကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ရာသီစက်ဝန်းတိုတဲ့သူတွေမှာ ရာသီလာပြီးတဲ့နောက် မျိုးဥကြွေတဲ့အခါ မသေသေးတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ

ချစ်သူများနေ့နဲ့ လိင်မှုကိစ္စ ဆိုလို့ ခေါင်းစဉ်ကြည့်ပြီးတာနဲ့ ဆဲဖို့ ပြင်နေလောက်ပြီဆိုတာကို သဘောပေါက်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး။ လူငယ်တွေအတုယူမှားအောင်လုပ်နေတယ် စသဖြင့် ဘယ်လိုပဲပြောပြော ချစ်သူများနေ့အလေ့အထက မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတွင်ကျယ်လာနေတာ ငြင်းမရနိုင်တဲ့ကိစ္စပါ။ ခေတ်ရဲ့ပုံစံအရဖြစ်လာတဲ့ကိစ္စအပေါ် မသိဘူး မရှိဘူး ဖြစ်မနေဘူးဆိုပြီး မျက်စိပိတ်နားပိတ်လုပ်ပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချတာ ရောဂါပိုးတွေကူးစက်ခံရတာတွေ ပိုမိုမြင့်တက်လာနေစေမယ့်အစား အစကတည်းက ဖြစ်လာနိုင်တဲ့ပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်အောင် ပြင်ဆင်ပညာပေးတာက အများကြီးပိုကောင်းပါတယ်။ ကိလေသာကုန်ခမ်းနေတဲ့သူတွေမဟုတ်တော့လည်း လိင်မှုကိစ္စ ဆိုတာက မပါမဖြစ်ပါနေတာပဲပေါ့။ ဒီဆောင်းပါးမှာ ချစ်သူများနေ့မှာ ဘေးကင်းစိတ်ချရပြီး နောက်ဆက်တွဲဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စဖြစ်အောင်ဘာတွေ ဆောင်ရရှောင်ရမလဲဆိုတာကို ပြောပြပေးပါ့မယ်။ အပျိုဘဝကိုထိန်းသိမ်းပါ လူပျိုဘဝကိုထိန်းသိမ်းပါဆိုတဲ့ အလုပ်မဖြစ်တော့တဲ့ ဆုံးမစကားတွေအစား လိုရင်းကိုပဲသွားရအောင်။ ချစ်သူများနေ့မှာ ဘေးကင်းပြီး နောက်ဆက်တွဲမလိုလားအပ်တဲ့ဆိုးကျိုးတွေကင်းတဲ့ လိင်မှုကိစ္စ ဖြစ်ဖို့အတွက် အချက်နှစ်ချက်ကို သတိထားရပါမယ်။ ပထမအချက်က လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါပိုးတွေဖြစ်ပြီး ဒုတိယအချက်ကတော့ မလိုလားအပ်တဲ့ကိုယ်ဝန်ဖြစ်ပါတယ်။ လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေမဖြစ်အောင် ဆောင်ရန်ရှောင်ရန်များ။ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ အန္တရာယ်ကင်းပြီးစိတ်ချရတဲ့ လိင်ဆက်ဆံခြင်းဆိုတာ …. လိင်ဆက်ဆံမှုပြုလုပ်ပေမယ့် သင်နဲ့သင့်အဖော်ကိုလဲကာကွယ်နေသလို၊ တစ်ပြိုင်နက်တည်းမှာပဲ ….လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲကိုယ်ဝန်ရတာတွေကို ကာကွယ်တာလဲ ဟုတ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သုက်ရည်၊ မိန်းမကိုယ်ကထွက်တဲ့အရည်နဲ့ သွေးတွေကိုရောယှက်ခြင်း မရှိတဲ့ လိင်ဆက်ဆံခြင်းပါပဲ။ စိတ်မချရတဲ့လိင်ဆက်ဆံခြင်းကတော့…. သင်နဲ့သင့်ရဲ့ အဖော်ကို ကာလသားရောဂါလို HIV လို အသည်းရောင်အသားဝါ ဘီပိုး စီပိုးလို ဆီးပူညောင်းကျလို ရောဂါတွေ ကူးစက်စေနိုင်ရုံသာမက မလိုချင်တဲ့ ကိုယ်ဝန်ပါ ရနိုင်ပါတယ်။ အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ စိတ်ချရတဲ့ လိင်ဆက်ဆံခြင်းနဲ့ ကွန်ဒုံး ကွန်ဒုံးတွေဟာ မှန်မှန်ကန်ကန်သာ အသုံးပြုမယ်ဆိုရင် လိင်ဆက်ဆံဖော်ကြား သုက်ရည်၊ သွေးနဲ့ မိန်းမကိုယ်ကထွက်တဲ့ အရည်တွေကို မရောသွားအောင် နဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

လူပျိုဖြစ်ပြီးချိန်မှစပြီး အသက်အရွယ်မရွေး အမျိုးသားအများစု အကျွမ်းကျင်ဆုံးအရာကတော့ တစ်ကိုယ်ရေအာသာဖြေ တာပါပဲ။ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုဖြစ်စေ လိင်တံကို လက်ဖြင့် ရှေ့နောက်ပွတ်ဆွဲ လှုံ့ဆော်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်အောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် တစ်ကိုယ်ရေအာသာဖြေ တာနဲ့ ပတ်သက်ပြီး အမျိုးသားတွေ မသိလောက်တဲ့အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ ၁။ လိင်ဆက်ဆံခြင်းကရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်ကိုယ်ရေအာသာဖြေ ခြင်းကနေ မရနိုင်ပါဘူး။ တစ်ကိုယ်ရေအာသာဖြေတဲ့အခါ လိင်စိတ်ပြီးမြောက်သွားတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပါတနာနဲ့ ထိုးသွင်းခြင်းဖြင့် လိင်ဆက်ဆံတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို မရနိုင်ပါဘူး။ လိင်ဆက်ဆံနေချိန်မှာ နှလုံးခုန်နှုန်းမြန်စေတယ်။ သွေးလည်ပတ်မှု အားကောင်းစေတယ်။ ဆီးကျိတ်ကင်ဆာ မဖြစ်ဖို့ ပိုပြီး ကာကွယ်ပေးနိုင်တယ်။ နာကျင်မှုတွေ ရှိမယ်။ ပင်ပန်းမှုတွေ ရှိမယ်။ အားကစားလုပ်နေရလို့ ဖြစ်တဲ့အတွက် အမောခံပြီး […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ တကယ်ပဲ အန္တရာယ်ကင်းပြီလား

HIV ဆိုတာ လိင်ဆက်ဆံခြင်း ကနေ အများဆုံး ကူးစက်တဲ့ ရောဂါဖြစ်ပြီး လိင်အင်္ဂါကထွက်တဲ့ အရည်၊ သွေးတွေကို ထိတွေ့မိရာကနေ ကိုယ်ခန္ဓာထဲ ဝင်ရောက်ပြီးဖြစ်စေ၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲရာကဖြစ်စေ၊ မိခင်က သန္ဓေသားကိုဖြစ်စေ ကူးစက်ပါတယ်။ HIV နဲ့ ပတ်သက်ပြီး လူတော်တော်များများ မေးတတ်ကြတဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV ပိုး ကူးစက်နိုင်လား၊ မကူးစက်နိုင်ဘူးလား ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဆိုတာ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး ယောက်ျားတွေရဲ့ လိင်တံ၊ မိန်းမတွေရဲ့ ယောနိ ဒါမှမဟုတ် စအိုဝကို လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ လိင်တူ၊ လိင်ကွဲဆက်ဆံကြတဲ့ အမျိုးသားတွေ သဘောကျနှစ်သက်ကြပြီး အမျိုးသမီးတချို့လည်း ပါးစပ်ဖြင့် လိင်ဆက်ဆံတာကို နှစ်သက်ကြပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း ဟာ HIV […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ်

ကလေးလိုချင်တဲ့ စုံတွဲတွေအတွက် ကိုယ်ဝန်ဆိုတာ ဘုရားက ပေးတဲ့ လက်ဆောင်တစ်ခုပါ။ ဒါပေမယ့် မရည်ရွယ်ဘဲ၊ မလိုချင်ဘဲ ကိုယ်ဝန်ရ သွားပြီဆိုရင်တော့ စိတ်သောကတွေ ရောက်ရပါတယ်။ ဒီနိုင်ငံမှာဆိုရင်တော့ သမီးရည်းစားဘဝမှာတင် ကိုယ်ဝန်ရသွားတဲ့အခါ ပတ်ဝန်းကျင်အမြင်၊ ဘဝတက်လမ်း စတာတွေကို စဉ်းစားရတာလည်း ပါတာပေါ့။ ဒီလိုနဲ့ တရားမဝင် ကိုယ်ဝန်တွေ ဖျက်ချကြပြီး အသက်ဆုံးရှုံးကြတာတွေဖြစ်လာပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လိင်မှုကိစ္စနဲ့ ပက်သက်ပြီး လူငယ်တွေ သိပ်ဗဟုသုတ မရှိတာကို လက်ညှိုးထိုးစရာရှိပါတယ်။ ဒါကြောင့် မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် ကို သိထားဖို့ လိုကို လိုလာပါပြီ။ မတော်တဆ ကိုယ်ဝန်ရ သွားနိုင်တဲ့ လမ်းကြောင်းအသွယ်သွယ် တစ်ခုကောင်းတာက အရင်တုန်းကထက် ပိုပြီးပွင့်လင်း မြင်သာရှိလာတဲ့ အခုခေတ်ကြီးမှာ ကိုယ်သိချင်တာတွေကို အင်တာနက်မှာ ချက်ချင်းတင်မေးလို့ရပြီး အဖြေ ချက်ချင်းသိရတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ခါးနာရှိသောသူတွေအတွက် လိင်ဆက်ဆံနိုင်မည့် ခန္ဓါကိုယ်အနေအထားများ

နာတာရှည်ခါးနာခြင်းက လိင်မှုကိစ္စတွေမှာ အနှောက်အယှက်ပေးနိုင်ပါတယ်။ နာကျင်ကိုက်ခဲနေတဲ့အချိန်မှာ ဖီးလ်တက်ဖို့ ခက်ခဲပါတယ်။ လိင်မှုကိစ္စဟာ အချစ်ရေးအချစ်ရာရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခုပါပဲ။ ခါးနာတာလေးနဲ့ သာယာမှုကို အဖျက်စီးမခံလိုက်ပါနဲ့။ ဒါတွေကတော့ ခါးနာတဲ့လူတွေအတွက်လိင်ဆက်ဆံရာမှာ အဆင်ပြေစေမယ့် ကိုယ်နေကိုယ်ဟန်တွေပဲ ဖြစ်ပါတယ်။ ၁။ mQUAD1 mQUAD 1 က အနောက်ဘက်ကနေ လိင်ဆက်ဆံတာပါ။ ဒေါ်ဂီစတိုင် လို့သိကြပါတယ်။ အမျိုးသမီးက ဒူးထောက်ထားရမှာပါ။ ထိုကိုယ်နေကိုယ်ဟန်က ခါးကုန်းရတဲ့အခါ သို့မဟုတ် အကြာကြီးထိုင်ရတဲ့အခါ ခါးအရမ်းနာတတ်တဲ့ ယောက်ျားတွေ အတွက် သင့်တော်ပါတယ်။ ၂။ mQUAD 2 ဒေါ်ဂီစတိုင်နောက်တစ်မျိုးပါပဲ။ mQUAD 1 နဲ့ mQUAD 2 နဲ့ ကွဲပြားတာက အမျိုးသမီး လက်ထောက်ခြင်းနဲ့ မထောက်ခြင်းပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ထိုကိုယ်နေကိုယ်ဟန်က ကျောရိုးပေါ်မှာ ဖိအားအနည်းငယ်ပဲ သက်ရောက်တယ်လို့ သိရပါတယ်။ ၃။ mMISS 1 mMISS […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)