ရေပူမဟုတ်ဘဲ ရေကျက်နွေးဆိုရင်တောင် မိနစ်အနည်းငယ်ထိသာ အသက်ရှင်နိုင်ပါတယ်။ သုက်ပိုးရဲ့ ကျန်းမာရေးနဲ့ ရွေ့လျားနိုင်စွမ်းပေါ် မူတည်ပြီး မိန်းမကိုယ်အတွင်းသို့ ဝင်နိုင်ခြေ အနည်းနဲ့ အများတော့ ရှိပါတယ်။ ဒါပေမယ့် ရေကန်ထဲမှာ ဓာတုပစ္စည်းတွေ၊ ကလိုရင်းတွေ ရှိနေတဲ့အတွက် ဒါကလည်း ဖြစ်နိုင်ခြေ တော်တော်နည်းပါတယ်။
Spermicide တွေဟာ သုက်ပိုးတွေကို သေစေနိုင်လား။
Spermicideဆိုတာ ကွန်ဒုံးနဲ့ဖြစ်စေ၊ ကွန်ဒုံးမပါဘဲဖြစ်စေ သန္ဓေတားတဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ အမြှုပ်၊ သားအိမ်၊ မိန်းမကိုယ်ထဲ သွင်းတဲ့ ပစ္စည်း၊ ဆေးတောင့်ဆိုပြီး ပုံစံအမျိုးမျိုး ရှိပါတယ်။ သူ့ရဲ့ အဓိကတာဝန်ကတော့ သုက်ပိုးတွေကို သားအိမ်ထဲ မရွေ့သွားစေဖို့ ထိန်းချုပ်ပေးတာ ဖြစ်ပါတယ်။ သုက်ပိုးတွေကို မသေစေနိုင်ပါဘူး။
မှန်ကန်တဲ့ နည်းလမ်းနဲ့ အသုံးပြုမယ်၊ အမျိုးသားကလည်း ကွန်ဒုံးစွပ်ပြီး လိင်ဆက်ဆံမယ်ဆိုရင် ၉၈ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ကို တားဆီးပေးနိုင်ပါတယ်။ spermicide ပါဝင်တဲ့ အမျိုးသမီးသုံး ကွန်ဒုံးတွေမှာဆိုရင် ၇၀ မှ ၉၀ ရာခိုင်နှုန်းထိ ကိုယ်ဝန်တားပေးနိုင်ပါတယ်။
သုက်ကောင်ရဲ့ ကျန်းမာရေးကို ဘယ်အရာတွေက ထိခိုက်စေနိုင်လဲ။
၁။ စိတ်ဖိစီးမှု
၂။ လွန်ကဲတဲ့ အပူချိန်
၃။ တချို့သော ဆေးဝါးတွေ
၄။ အစာအာဟာရ မပြည့်ဝမှု
၅။ ဆေးလိပ်၊ အရက် သောက်သုံးခြင်း
၆။ ကျပ်နေတဲ့ ဘောင်းဘီ၊ အတွင်းခံဘောင်းဘီ အမြဲဝတ်ဆင်ခြင်း
၇။ မကြာခဏ ရေပူဖြင့် ရေချိုးခြင်း၊ ရေစိမ်ခြင်းကြောင့် သုက်ကောင်ရဲ့ ကျန်းမာရေး၊ ရွေ့လျားနိုင်စွမ်းနဲ့ မျိုးအောင်ခြင်းကို သွားပြီး ထိခိုက်နိုင်ပါတယ်။
ယေဘုယျအားဖြင့် သုက်ပိုးတွေဟာ စွန့်ထုတ်လိုက်တဲ့ နေရာနဲ့ အခြေအနေပေါ် မူတည်ပြီး အသက်ရှင်နိုင်စွမ်း ကွာခြားနိုင်ပါတယ်။ သုက်ပိုးတွေဟာ အေးမြပြီး စိုစွတ်တဲ့ နေရာမှာ ပိုပြီး ရွေ့လျားနိုင်တယ်။ ပူပြင်းလွန်းတဲ့ အပူချိန်အောက်မှာ အကြာကြီး မနေနိုင်ပါဘူး။ မိန်းမကိုယ်အထဲမှာ သုက်လွှတ်မိရင်တော့ သားဥနဲ့ မျိုးပွားဖို့ မိနစ်အနည်းငယ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ သုက်ပိုးကျန်းမာပြီး မျိုးအောင်ဖို့အတွက်ဆိုရင်တော့ ကိုယ့်ရဲ့ နေပုံထိုင်ပုံနဲ့ အစာအာဟာရကို သေချာဂရုစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။