backup og meta

တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

    လူပျိုဖြစ်ပြီးချိန်မှစပြီး အသက်အရွယ်မရွေး အမျိုးသားအများစု အကျွမ်းကျင်ဆုံးအရာကတော့ တစ်ကိုယ်ရေအာသာဖြေ တာပါပဲ။ မိမိကိုယ်ကို ဖြစ်စေ၊ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုဖြစ်စေ လိင်တံကို လက်ဖြင့် ရှေ့နောက်ပွတ်ဆွဲ လှုံ့ဆော်ပြီး လိင်စိတ်ဆန္ဒပြီးမြောက်အောင် ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။

    ဒါဆိုရင် တစ်ကိုယ်ရေအာသာဖြေ တာနဲ့ ပတ်သက်ပြီး အမျိုးသားတွေ မသိလောက်တဲ့အရာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

    တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

    ၁။ လိင်ဆက်ဆံခြင်းကရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို တစ်ကိုယ်ရေအာသာဖြေ ခြင်းကနေ မရနိုင်ပါဘူး။

    တစ်ကိုယ်ရေအာသာဖြေတဲ့အခါ လိင်စိတ်ပြီးမြောက်သွားတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ပါတနာနဲ့ ထိုးသွင်းခြင်းဖြင့် လိင်ဆက်ဆံတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို မရနိုင်ပါဘူး။

    လိင်ဆက်ဆံနေချိန်မှာ နှလုံးခုန်နှုန်းမြန်စေတယ်။ သွေးလည်ပတ်မှု အားကောင်းစေတယ်။ ဆီးကျိတ်ကင်ဆာ မဖြစ်ဖို့ ပိုပြီး ကာကွယ်ပေးနိုင်တယ်။ နာကျင်မှုတွေ ရှိမယ်။ ပင်ပန်းမှုတွေ ရှိမယ်။ အားကစားလုပ်နေရလို့ ဖြစ်တဲ့အတွက် အမောခံပြီး သက်လုံကောင်းစေတယ်။ ဒီလိုအရာတွေကိုတော့ တစ်ကိုယ်ရေအာသာဖြေပြီး လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဖြင့် မရနိုင်ပါဘူး။

    တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

    ၂။ တစ်ကိုယ်ရေအာသာဖြေ ခြင်းဟာ လုံးဝဘေးကင်းတဲ့ အရာတော့ မဟုတ်ပါဘူး။

    အကာအကွယ်မဲ့ လိင်ဆက်ဆံတာနဲ့ ယှဉ်မယ်ဆိုရင်တော့ ဘေးကင်းစိတ်ချရတယ်ဆိုပေမယ့် ရာနှုန်းပြည့် အန္တရာယ်ကင်းတာတော့ မဟုတ်ပါဘူး။

    မကြာခဏ အာသာဖြေတဲ့အခါ အရေပြားပွန်းပဲ့တာ၊ ထိခိုက်မိတာ ဖြစ်နိုင်တယ်။ ဖြောင့်တန်းနေတဲ့ လိင်တံကို အားနဲ့ အတင်းဖိပြီး အာသာဖြေတဲ့ အမျိုးသားတွေမှာ လိင်တံထဲမှာ ရှိတဲ့ သွေးကြောတွေကို ထိခိုက်မိပြီး လိင်တံကောင်းစွာ မထောင်မတ်နိုင်တော့တာ (Erectile Dysfunction) ဖြစ်နိုင်ပါတယ်။

    ၃။ တစ်ကိုယ်ရေအာသာဖြေဖို့ သတ်မှတ်ထားတဲ့ အကြိမ်ရေ မရှိပါဘူး။

    အမျိုးသားတွေ အမေးများတဲ့ မေးခွန်းတွေကတော့ တစ်နေ့ကို ဘယ်နှကြိမ် အာသာဖြေသင့်လဲ။ ဘယ်နှကြိမ်လောက်ဆို များသွားပြီလဲ။ ဘာပြဿနာတွေ ဖြစ်နိုင်လဲ ဆိုပြီး မေးတတ်ကြပါတယ်။

    သုတေသီတွေ လေ့လာချက်အရ အမျိုးသားတွေအတွက် တစ်ကိုယ်ရေအာသာဖြေဖို့ တိတိကျကျ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တချို့အမျိုးသားတွေဟာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အာသာဖြေကြတယ်။ တချို့တွေကတော့ တစ်ပတ်ကို တစ်ကြိမ်၊ ၂ကြိမ်လောက်သာ အာသာဖြေကြတယ်။ အကြိမ်ရေကန့်သတ်ထားခြင်းမရှိလို့ ပြဿနာ မရှိဘူးဆိုပေမယ့် အာသာဖြေခြင်းကြောင့် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းခွင်၊ လူမှုရေးကို ထိခိုက်နေပြီဆိုရင်တော့ လိင်စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ သေချာတိုင်ပင်သင့်ပါတယ်။

    ၄။ တစ်ကိုယ်ရေအာသာဖြေ ခြင်းကြောင့် အိမ်ထောင်ရေးအပေါ် ကြီးမားတဲ့ ပြောင်းလဲမှုမျိုး မဖြစ်စေပါဘူး။

    မိန်းကလေးတွေ စိုးရိမ်ကြတဲ့အရာတွေထဲက တစ်ခုပါ။ ကိုယ့်အမျိုးသား၊ ချစ်သူက တစ်ကိုယ်ရေအာသာဖြေလို့ အိမ်ထောင်ရေးအဆင်မပြေလို့လား၊ သူတို့အပေါ်မှာ အရင်လို လိင်စိတ်မတိမ်းညွတ်တော့လို့လား ဆိုပြီး စိတ်ပူတတ်ကြပါတယ်။

    အမျိုးသားတွေအတွက်တော့ ဒါဟာ ပုံမှန်အလုပ်တစ်ခုထက် မပိုပါဘူး။ လူပျိုဖြစ်စေ၊ ချစ်သူ၊ အိမ်ထောင်ရှိသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေတဲ့အချိန်မှာ တစ်ကိုယ်ရေအာသာဖြေတာ အမျိုးသားအများစုရဲ့ အကျင့်ပါပဲ။ တစ်ကိုယ်ရေအာသာဖြေပြီး လိင်စိတ်ပြီးမြောက်သွားတဲ့အခါ တင်းနေတဲ့ စိတ်တွေ ပြေလျော့သွားတယ်။ အလုပ်မသွားခင်ဆိုရင် ခေါင်းကြည်ပြီး စိတ်ပေါ့သွားတယ်။ အိပ်ရတာ ပိုလွယ်ကူလျင်မြန်သွားပါတယ်။

    တစ်ကိုယ်ရေအာသာဖြေ ခြင်းနဲ့ သိထားသင့်သောအရာများ

    ၅။ တစ်ကိုယ်ရေအာသာဖြေခြင်းဟာ လိင်မှုဘဝပေါ် ကောင်းကျိုးပေးနိုင်ပါတယ်။

    ကိုယ်ချစ်ရတဲ့သူနဲ့ လိင်ဆက်ဆံခြင်းမပြုလုပ်ခင် အချိန်အနည်းငယ် ကြိုတင်ပြီး အာသာဖြေထားတဲ့အခါ စောစီးစွာ သုက်မလွှတ်မိစေဖို့ ပိုပြီး ထိန်းထားနိုင်ပါတယ်။ ကြာကြာလိင်ဆက်ဆံနိုင်တာကြောင့် ကိုယ့်အတွက်ရော လိင်ဆက်ဆံဖော်၊ ဇနီး၊ ချစ်သူအတွက်ပါ ပိုပြီး ကောင်းမွန်တဲ့ လိင်စိတ်ဆန္ဒပြီးမြောက်မှု ဖြစ်စေနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement