ကွန်ဒုံးတွေကို ငြင်းပယ်ခြင်းဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်။ ကွန်ဒုံးမှာ သုက်ပိုးသတ်ဆေး ပါတယ်ဆိုရင် ပြောင်းပြန်ဝတ်ဆင် လိုက်တာဟာ သင့်သုက်ပိုးတွေ အပြင်ထွက်ခြင်းကို လျှော့ချပေးနိုင်စွမ်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။
သေချာစွာ မသိမ်းဆည်းခြင်း
အမျိုးသား အတော်များများဟာ ကွန်ဒုံးတွေကို ပိုက်ဆံအိတ်နဲ့ ဘောင်းဘီအိတ်ကြားတွေမှာ သိမ်းဆည်းတတ် ကြပါတယ်။ ဒါဟာလည်း သူတို့ဟာ ညဘက်အပြင်ထွက်ပြီး ဘယ်အချိန်မှာ သုံးဖြစ်မလဲ မသေချာတာကြောင့် အမြဲအဆင်သင့်ဖြစ်ချင်နေတာကြောင့် ဖြစ်ပါတယ်။
ကံဆိုးစွာပဲ သင်ဖင်ခုထိုင်ထား တဲ့အတွက် အပူကြောင့် ကွန်ဒုံးဟာ တောင့်တင်းမာကျောကုန်ပါလိမ့်မယ်။ သူတို့ဟာ သုံးဖို့ ခက်ရုံတင်မကဘဲ အစွမ်းထက်မှုလည်း လျော့ကျနိုင်ပါတယ်။ သိမ်းဆည်းရမည့် အညွှန်းနဲ့ ကွန်ဒုံးကို အချိန်မလွန်ခင်မှာ သုံးဖို့ကို သတိရသင့်ပါတယ်။
အကာအကွယ် နှစ်ထပ်အသုံးပြုခြင်း
လူအတော်များများဟာ ကွန်ဒုံး နှစ်ခုသုံးခြင်းအားဖြင့် နှစ်ဆ ပိုမို ကာကွယ်လိမ့်မယ်လို့ ယူဆကြပါတယ်။ မှန်သယောင် ထင်ရပေယ့် မမှန်ကန်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အစွမ်းထက်မှုတောင် လျော့ကျ နိုင်ပါတယ်။
တစ်ခုပေါ်က နောက်တစ်ခု ထပ်ဝတ်ခြင်းဟာ သင့်လိင်တံအတွက် တင်းကျပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြီး သုက်ပိုး အပြင်ထွက်ဖို့ ပိုအခွင့်အရေး များပါတယ်။
အချိန်ကိုက်မှားခြင်း
လူအများစုက ကွန်ဒုံးကို အချိန်မတန်ခင် အရင်ဝတ်ဆင်တတ်ကြပါတယ်။ လိင်တံ အပြည့်အဝ ထောင်မတ်သည်အထိ စောင့်ပြီးမှ ဝတ်ဆင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကွန်ဒုံးဟာ ပျော့ပြောင်းနေတဲ့ လိင်တံပေါ် တပ်ဆင်ရင် နှစ်ဖက်စလုံးကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။
ဝတ်ဆင်တာ နောက်ကျတာကလည်း မကောင်းပါဘူး။ သင်လိင်မဆက်ဆံခင် နှိုးဆွခြင်းဟာ အရေပြား ဖောက်ထွင်းမှုတွေ ပါဝင်ခဲ့မယ် ဆိုရင် ကိုယ်ဝန် (သို့) လိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ရရှိနိုင်ပါတယ်။
လူတွေက ကွန်ဒုံး သုံးစွဲတဲ့ တိုင်အောင် ကိုယ်ဝန်နဲ့ လိင်ကတစ်ဆင့်ကူးစက်ရောဂါတွေ ရရှိဖို့ အခွင့်အရေး ရှိပါသေးတယ်။ ဒါ့ကြောင့် အညွှန်းကို သေချာဖတ်ပြီး ကွန်ဒုံး အသုံးပြုစဉ် သက်သောင့်သက်သာ မဖြစ်တဲ့ ခံစားမှုကိုဂရုစိုက်ပါ။ သင်အပြင်မှာ တစ်ခါမှ မသုံးဖူးဘူး ဆိုရင် အိမ်မှာပဲ လေ့ကျင့်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။