backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံး ဆိုတာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝအတွက်တော့ မရှိမဖြစ်ပါ။ ကွန်ဒုံးတွေဟာ ကိုယ်ဝန်ရရှိခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ သူတို့ဟာ သုက်ပိုးနဲ့ မိန်းမကိုယ်၊ စအို၊ နဲ့ ပါးစပ်တို့ကထွက်ရှိတဲ့ အရည်တွေကို ပေးတဲ့ ခြားထားပေးတဲ့ ကြားခံအရာအဖြစ် အလုပ်လုပ်ပါတယ်။

အမျိုးသားရော အမျိုးသမီးအတွက်ပါ ကွန်ဒုံးတွေရှိပါတယ်။ ဒါပေမယ့် နှစ်ခုလုံးကို တစ်ကြိမ်တည်းမှာ ရောမသုံးရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ခုနဲ့ တစ်ခုကပ်ပြီး ပေါက်တတ်လို့ ဖြစ်ပါတယ်။

ကွန်ဒုံး ကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား

ကွန်ဒုံးကို ပါးစပ်နဲ့လိင်ဆက်ဆံချိန် အသုံးပြုဖို့ လိုလား ဆိုတာကို ဆောင်းပါးထဲမှာ ဆက်ကြည့်လိုက်ပါ။

အမျိုးသားသုံး ကွန်ဒုံးဆိုတာ ဘာကိုပြောတာလဲ။

အမျိုးသားသုံးကွန်ဒုံးဆိုတာ လိင်ဆက်ဆံတဲ့အခါ အမျိုးသားရဲ့ လိင်တံပေါ်မှာ ဝတ်ရတဲ့ ပါးလွှာတဲ့ ပလပ်စတစ် အဖုံးတစ်ခုဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။

ပလပ်စတစ် ကွန်ဒုံးတွေကို အသုံးပြုမယ်ဆိုရင် သင့်ကို လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ HIV၊ ရေယုန်၊ Chlamydia နဲ့ Gonorrhoea စတဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့အတွက် လုံခြုံစိတ်ချမှုကိုခံစားရမှာပါ။

ဒါပေမယ့် natural နဲ့ Lambskin ကွန်ဒုံးတွေကတော့ သင့်ကို ကိုယ်ဝန်ရရှိမှု ကပဲ ကာကွယ်ပေးပြီးတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေကိုကာကွယ်ပေးမှာမဟုတ်ပါဘူး။

အမျိုးသမီးသုံးကွန်ဒုံး ဆိုတာဘာလဲ။

အမျိုးသမီးသုံးကွန်ဒုံးဆိုတာ ပျော့ပြောင်းတဲ့ ပလပ်စတစ်ပြွန်တစ်ခုပဲ ဖြစ်ပါတယ်။ အစွန်းတစ်ခုစီမှာ အကွင်းတစ်ခုစီပါရှိပါတယ်။ ပိတ်ထားတဲ့ဘက်က အကွင်းကို ကွန်ဒုံးကို နေရာမရွေ့အောင် ထိန်းထားဖို့ မိန်းမကိုယ်အတွင်းပိုင်းကို ထည့်သွင်းနိုင်ပါတယ်။ ပွင့်နေတဲ့ဘက်က အကွင်းကိုတော့ မိန်းမကိုယ်အဝရဲ့ အပြင်မှာထားရမှာပါ။

ဒီလိုကာကွယ်ခြင်းဖြင့် ကိုယ်ဝန်ရရှိမှုနဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ရရှိပြန့်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ကွန်ဒုံး တွေကို ဘယ်လိုအသုံးပြုမလဲ။

ကွန်ဒုံးတွေရဲ့ အစွမ်းထက်မှုကို မြှင့်တင်ဖို့ အောက်ဖေါ်ပြပါ အချက်အလက်တွေကို သတိထားသင့်ပါတယ်။

  • ကွန်ဒုံး အထုတ်ကို စဖွင့်ရင် သတိထားပါ။ မတော်တဆ အထဲက ကွန်ဒုံးကို ပြဲစေနိုင်ပါတယ်။
  • ကြွတ်ဆတ်နေရင်၊ တောင့်နေရင်၊ စီးကပ်နေရင်၊ ရက်လွန်နေရင် လွှင့်ပစ်ဖို့ လက်မတွန့်ပါနဲ့။
  • လိင်တံထောင်မတ်ပြီးနဲ့ သင့်လိင်ဆက်ဆံသူရဲ့ ဘယ်နေရာကိုမှ မထိရသေးခင်မှာတပ်ဆင်ပါ။
  • လိင်တံတစ်ခါထောင်မတ်ပြီးတိုင်း အသစ်တစ်ခုကို အသုံးပြုပါ။
  • လိင်တံထိပ်အရေပြားကို မဖြတ်ထားသူကအသုံးပြုမယ်ဆိုရင် ကွန်ဒုံးမဝတ်ဆင်ခင် လိင်တံထိပ်ငုံအရေပြားကို အနောက်ကိုဆွဲပါ။
  • ကွန်ဒုံး မှာ သိုလှောင်ရန် ထိပ်မပါခဲ့ရင် အဆုံးကိုသုတ်လွှတ်ပြီး သုက်ပိုးစုဆောင်းရန် လက်မဝက်လောက်ရှိတဲ့ နေရာတစ်ခုဖြစ်လာစေဖို့ ဆွဲပါ။
  • ထိပ်ဖျားကို ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဘက်နဲ့ ကွန်ဒုံးကို လိင်တံရဲ့ အောက်ခြေအထိဆွဲချပါ။
  • လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးပေါက်ပြဲတယ်လို့ ခံစားရရင် ချက်ချင်းရပ်ပြီး အသစ်တစ်ခုအသုံးပြုပါ။
  • သုက်ပိုးလွှတ်ပြီးနဲ့ လိင်တံထောင်မတ်မှု မပြီးဆုံးခင်မှာ ကွန်ဒုံးကို သေချာစွာဆွဲဖယ်ပါ။
  • ကွန်ဒုံးကို ဖယ်ရှားနေစဉ်မှာ သုက်ပိုးကို အပြင်ကို ဖိတ်မကျပါစေနဲ့။

နောက်ဆုံးအနေနဲ့ သင်ဟာပါးစပ်နဲ့ လိင်ဆက်ဆံမှုကို ပြုလုပ်သည်ဖြစ်စေ၊ ခံရသည်ဖြစ်စေ ကွန်ဒုံးအသုံးပြုဖို့လိုပါတယ်။ ပါးစပ်ကနေတစ်ဆင့် STD လို့ ခေါ်တဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ဝင်ရောက်လာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကွန်ဒုံးပြုလုပ်တဲ့ Latex ဆိုတဲ့ သားရေနဲ့ ဓာတ်မတည့်တဲ့ ပြဿနာလည်း ဖြစ်နိုင်တာကို သတိထားဖို့လိုပါတယ်။ ဓာတ်မတည့်တဲ့ လက္ခဏာတစ်ခုခု ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်တိုင်ပင် ဆွေးနွေးပြသဖို့ လိုပါလိမ့်မယ်။

ကွန်ဒုံးအစား dental dam လို့ခေါ်တဲ့ အလွှာလေးကို မိန်းမကိုယ် သို့မဟုတ် စအိုမှာ ကပ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ သင်နဲ့ သင့်ပါတနာကို ကိုယ်ဝန်ဆောင်ခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကနေ ကာကွယ်ချင်တယ်ဆိုရင် ကွန်ဒုံး ဟာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်ပါတယ်။ အပေါ်က အကြံပြုချက်တွေကို မမေ့လျော့သင့်ပါဘူး။ ဒီအချက်တွေဟာ ရိုးစင်းပေမယ့် ကွန်ဒုံးသုံးတဲ့အခါ သင့်ကိုသေချာပေါက် ကူညီပေးပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement