သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း နေရာမှားရောက်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ ။

အိမ်ထောင်ပြုပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန် မလိုချင်တဲ့ သူတွေအတွက် သန္ဓေတားနည်းတွေအများကြီးပါ။ တားဆေးသောက်မလား ၊ထိုးဆေးထိုးမလား၊ လက်မောင်းထဲ ပစ္စည်းထည့်မလား သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်မလား စသဖြင့်ပေါ့။ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းတွေမှာ ဟော်မုန်းပါတာနဲ့ မပါတာရှိပြီး ၂ခုလုံးက နှစ်ရှည်ခံသန္ဓေတားနည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မလိုချင်သေးတာကြောင့် IUD နဲ့ သန္ဓေတားဖို့ပြင်ဆင်နေတဲ့သူတိုင်း၊ IUD သုံးထားတဲ့သူတိုင်း သိထားသင့်တဲ့အချက်တွေကို ပြောပြပေးချင်ပါတယ်။ IUD ဆိုတာ ဘာလဲ။ IUD ဆိုတာ နှစ်ရှည်ခံ သန္ဓေသားပစ္စည်းလေးတစ်မျိုးဖြစ်ပြီး Y ပုံ သဏ္ဍန်ရှိပါတယ်။ သားအိမ်ရဲ့ ၄ ပုံ ၁ပုံ အရွယ်အစားရှိတဲ့ ပလတ်စတစ်ချောင်းလေးရဲ့ ကိုယ်ထည်မှာ ကြေးနီ ဒါမှမဟုတ် ဟော်မုန်း ထည့်ထားတာဖြစ်ပါတယ်။ ပစ္စည်းလေးရဲ့ အဆုံးမှာတော့ ကြိုးလေးနှစ်ချောင်းပါမှာဖြစ်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးဟာ မမျိုးဥဆီမရောက်အောင်ခင် ရစ်ပတ်ထားတဲ့ ကြေးနီနဲ့တွေ့ပြီး […]


သားဆက်ခြားခြင်း

ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ

သားကြောဖြတ်ခြင်း (Vasectomy) ဆိုတာ သုက်ရည်ထဲသို့ သုက်ပိုးများဝင်ရောက်လာအောင် ပို့ဆောင်ပေးတဲ့ ပြွန်ကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ သုက်ရည်ထဲမှာ သုက်ပိုးများ မပါရှိတော့တာကြောင့် သုက်လွှတ်ပြီးနောက်မှာလည်း ကိုယ်ဝန်ရနိုင်ခြေ မရှိတော့ပါဘူး။ ဒီနည်းလမ်းဟာ အမျိုးသားတွေအတွက် အထိရောက်ဆုံး သန္ဓေတားနည်းဆိုလည်း မမှားပါဘူး။ ခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများတဲ့ သားကြောဖြတ်ခြင်းနှင့် လိင်မှုဘဝ သက်ရောက်မှုအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ကဲ ..... ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ပုရိသတို့ သားကြောဖြတ်ပြီးဘယ်လောက်အကြာ လိင်ဆက်ဆံလို့ရပြီလဲ ဆိုတော့ သားကြောဖြတ်ဖို့ ခွဲစိတ်ထားတဲ့ နေရာမှာ အနာမကျက်မချင်း လိင်ဆက်ဆံမှုကို ရှောင်ဖို့ လိုအပ်ပါတယ်။ ခွဲစိတ်ပြီး အနည်းဆုံး တစ်ပတ်အထိ သို့မဟုတ် ခွဲထားတဲ့နေရာမှာ ရောင်နေတာ၊ နာကျင်နေတာမျိုး လုံးဝမခံစားရတော့တဲ့အချိန်မှ လိင်ဆက်ဆံမှု […]


သားဆက်ခြားခြင်း

ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင်

ကွန်ဒုံး အရပ်အခေါ်အရဆိုရင် ဦးထုပ် သို့မဟုတ် အကာအကွယ်ပေါ့ဗျာ။ သူ့ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ မလိုချင်သေးတဲ့ ကိုယ်ဝန်ကို ထိရောက်စွာ တားဆီးပေးနိုင်တယ်။ လိင်မှတစ်ဆင့် ရောဂါတွေ ကိုယ့်ဆီကိုရော၊ ကိုယ့်အဖော်ဆီကိုပါ မကူးစက်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ဒီတော့ အဖက်ဖက်ကနေ အသုံးဝင်တဲ့ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့၊ အသုံးပြုတဲ့နည်းလမ်းကို ပုရိသတို့အနေနဲ့ သိထားဖို့ လိုအပ်ပါတယ်။ ကဲ .... ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ကွန်ဒုံးကို မှန်ကန်စွာ ရွေးချယ်အသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေ သိထားဖို့ လိုပါမယ်။ ကွန်ဒုံးကို ဘယ်အချိန်မှာ အသုံးပြုဖို့ လိုအပ်လဲ။ ထိုးသွင်းမှု ပါတဲ့ လိင်ဆက်ဆံမှုတိုင်းမှာ ကွန်ဒုံးကို မဖြစ်မနေ အသုံးပြုပေးရပါမယ်။ ထိုးသွင်းဆက်ဆံမှုလို့ ဆိုရာမှာ […]


သားဆက်ခြားခြင်း

အမျိုးသားတွေအတွက် သန္ဓေတားရန် နည်းလမ်း (၄) ချက်

မလိုအပ်တဲ့ ကိုယ်ဝန်တွေမရစေဖို့အတွက် အမျိုးသမီးတွေမှာ လိင်မဆက်ဆံခင်နဲ့ လိင်ဆက်ဆံအပြီး သောက်ရတဲ့ အရေးပေါ်ကိုယ်ဝန်တားဆေးတွေ၊ လက်မောင်းတွင်း ထိုးဆေးတွေ အသုံးပြုရပါတယ်။ ဒီတော့ သန္ဓေတားဖို့အတွက် အမျိုးသမီးတွေမှာပဲ တာဝန်ရှိတာလားဆိုပြီး မေးစရာက ပေါ်လာပါတယ်။ တကယ်တော့ နှစ်ဦးနှစ်ဖက် သဘောတူလိင်ဆက်ဆံကြရာမှာ အမျိုးသားတွေဘက်ကလည်း မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မရစေဖို့ တစ်ဖက်တစ်လမ်းကနေ တားပေးနိုင်တဲ့ နည်းလမ်းတွေ ရှိတယ်ဆိုတာမေ့မထားသင့်ဘူးနော်။ ၁။ ကွန်ဒုံးအသုံးပြုခြင်း မကြာခဏ ကြားဖူးနားဝရှိပေမယ့် တော်တော်များများက ကွန်ဒုံးအသုံးပြုဖို့ကို လက်တွန့်ကြပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်သာမက တခြားလိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ကွန်ဒုံးအသုံးပြုခြင်းပါပဲ။ အမျိုးသမီးသုံး ကွန်ဒုံးတွေထက် အမျိုးသားတွေအတွက် ထုတ်ထားတဲ့ ကွန်ဒုံးအစွပ်ကို စနစ်တကျ အသုံးပြုနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကွန်ဒုံးကို ဝယ်တဲ့အခါ သတ်မှတ်ရက်ထက် ရက်လွန်နေလားဆိုတာကို အရင်ဆုံးစစ်ဆေးပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ […]


သားဆက်ခြားခြင်း

ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း

အရွယ်ရောက်လာတဲ့သူတိုင်းဟာ အိမ်ထောင်ပြုကြတာက ဘဝရဲ့ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် အရွယ်ရောက်လို့ အိမ်ထောင်ပြုတာကဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အရာရာတိုင်းကဖြစ်ရိုးဖြစ်စဉ်အတိုင်း သွားလို့မဖြစ်ပြန်တာလည်းရှိပါတယ်။ ဒါကတော့ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာပါ။ အဆင်သင့်မဖြစ်ခင်မှာ ကလေးရသွားတာမျိုးမဖြစ်ဖို့ဆိုရင်တော့ လုပ်ကိုင်ရမယ့်အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ သားဆက်ခြားနည်း အသုံးပြုတာပါ။ ဘယ်လိုသားဆက်ခြားမလဲ သားဆက်ခြားနည်း တွေက တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးအစားတွေကအစုံအလင်ပါပဲ။ သန္ဓေတားသောက်ဆေး ၃ လခံသန္ဓေတားထိုးဆေး ၁ လခံသန္ဓေတားထိုးဆေး လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ကွန်ဒုံး အရေးပေါ် သန္ဓေတားသောက်ဆေး ဆိုပြီး သန္ဓေတားနည်းအမျိုးမျိုးရှိပါတယ်။ ကာကွယ်နိုင်စွမ်း စိတ်ချရတဲ့ အလွယ်ကူဆုံး သားဆက်ခြားနည်း လွယ်ကူရိုးစင်းပြီး ထိရောက်အသုံးတည့်တဲ့ သားဆက်ခြားနည်း တစ်ခုရှိပါတယ်။ ဒီနည်းကရှေးကျတဲ့ သားဆက်ခြားနည်းတစ်ခုဆိုလည်းမမှားပါဘူး။ အရွယ်ရောက်သူတိုင်းအတွက်လည်း အဆင်ပြေစေမယ့် နည်းလမ်းလေးတစ်ခုပေါ့။ ဒါကတော့ ကွန်ဒုံးအသုံးပြုတာပါ။ ဒီနည်းလမ်းက အခြားသားဆက်ခြားနည်းလမ်းတွေနဲ့စာရင် အသုံးပြုရလွယ်ကူသလို ထိရောက်မှုလည်းရှိပါတယ်။ ကွန်ဒုံးအသုံးပြုမှုကနေရရှိတဲ့ကောင်းကျိုးတွေက ဒီလောက်နဲ့ မပြီးသေးပါဘူး။ ကွန်ဒုံးအသုံးပြုမှုကြောင့် မလိုလားအပ်ဘဲ […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။

တားဆေးသောက်တဲ့ အမျိုးသမီးတိုင်း ငြီးငြူကြတဲ့အသံတွေ ကြားဖူးမှာပါ။ သန္ဓေတားဆေးတွေကြောင့် ဝလာတယ်၊ တားဆေး သောက်ပြီး ကိုယ်အလေးချိန်တွေ တက်လာတယ်ဆိုတဲ့ စကားသံလေးတွေပေ့ါ။ သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီး ကလေးမလိုချင်သေးရင် အသုံးပြုလို့ရတဲ့ သန္ဓေတားနည်း တွေထဲမှာ တားဆေးသောက်ဆေးဝယ်သောက်ရတာက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်နေတာကြောင့် သူ့ကို မသောက်လို့ကလည်း မရ။ သောက်ပြန်တော့လည်း လေရှူတိုင်းဝဝ လာလာတယ်လို့ပြောရလောက်အောင်ကို ကိုယ်အလေးချိန် တက်လာတော့လည်း စိတ်ညစ်နေကြတဲ့ မမတို့ရှိကြလား။ ဒီဆောင်းပါးလေးထဲမှာ တားဆေးကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုပြန်ချရမလဲပြောပြပေးမယ်နော် ။ ။ တားဆေးတွေက ဝစေသလား၊၊ တားဆေးနဲ့ ကိုယ်အလေးချိန်ကြားက ဆက်စပ်မှုကို ခုထက်ထိ သက်သေပြဖို့ ကြိုးစားနေကြဆဲပါ၊၊ တားဆေးသောက်ပြီး ဝလာတာ၊ ပိန်လာတာတွေက တကယ်တော့ ဆက်စပ်မှု မရှိဘူးလို့ ဆိုကြပါတယ်၊၊ တားဆေးက ကိုယ်အလေးချိန်တက်တာကို မဖြစ်စေပေမယ့် […]


သားဆက်ခြားခြင်း

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ သန္ဓေတားတဲ့ နည်းတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ သောက်ဆေး၊ ၃ လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့ သန္ဓေတားနည်းကို ရွေးပြီး အသုံးပြုနေကြတဲ့သူချည်းပါ။ သန္ဓေတားနည်းတိုင်းမှာ သူ့ ဆိုးကျိုးနဲ့သူရှိတာကြောင့် သူတို့နဲ့မတည့်တဲ့သူတွေရှိတာကြောင့် တစ်ခုသုံးရတာ အဆင်မပြေလို့ နောက်တစ်ခု ပြောင်းလိုက်တာမျိုးတွေရှိတတ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးကတော့ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းတာပါပဲ။ ပြောင်းလို့ရတယ်ဆိုပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ရအောင် ။ ။ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ဆိုတော့ အဆင့် ၁ - ကိုယ်က ဘယ်လိုတားဆေးမျိုး […]


သားဆက်ခြားခြင်း

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့ တစ်ယောက်ကြားထဲမှာ ၂ နှစ်လောက်ခြားနိုင်ရင် ကောင်းပါတယ်။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ ဒါကြောင့် ကလေးမွေးပြီး တားဆေးသောက်မယ်ဆို ဒီအချက်တွေ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မလိုချင်တဲ့သူတွေ သိထားသင့်တဲ့ သားဥကြွေချိန်ကို တွက်ချက်ခြင်း။ ။

သားဥကြွေတယ်ဆိုတာဘာလဲ ။ ။ ကိုယ်ဝန်လိုချင်ရင် သားဥနဲ့ သုက်ကောင်နဲ့တွေ့ရမယ်။ သားဥအိမ်ဆိုတာ အမျိုးသမီးတွေမှာရှိတယ်။ သူကနေ သားဥတွေထုတ်ပေးတယ်။ ဒီလို သားဥတွေထုတ်ပေးတဲ့ဖြစ်စဉ်ကို သားဥကြွေတယ်လို့ခေါ်တယ်။ ဒါတွေ အပြင် သားဥကြွေတာနဲ့ ပက်သက်ပြီး သင်မသိသေးတဲ့ အချက်တွေရှိပါသေးတယ် ။ ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ သားဥကြွေတဲ့ ဖြစ်စဉ်နောက်က လုပ်ငန်းစဉ်များ ။ ။ သားဥအိမ်ကနေ သားဥထုတ်တဲ့ ဖြစ်စဉ်ကို သားဥကြွေတယ်လို့ ခေါ်လို့ရပေမယ့် နောက်ကွယ်မှာ သူ့ထက် ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေ ရှိပါသေးတယ်။ သင့်ရာသီ စက်ဝန်းရဲ့ ပထမ ၁၄ရက်မှာ သားဥအိမ်ထဲ multiple follicles လို့ခေါ်တဲ့ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့ သားဥတွေ စတင် ကြီးလာပါတယ်။ တဖြည်းဖြည်းနဲ့ Dominant egg လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီး […]


သားဆက်ခြားခြင်း

ဘယ်အကာအကွယ်ပစ္စည်းကို သုံးပြီး လိင်ဆက်ဆံသင့်သလဲ(အမျိုးသမီးသုံး သားအိမ်ကာပစ္စည်းနှင့် အမျိုးသားသုံး ကွန်ဒုံးများ)

အကာအကွယ်ဆိုသည်မှာ လိင်ဆံဆက်စဉ်တွင် သုတ်ကောင်နှင့်မျိုးဥများကို မထိတွေ့မိစေရန် ကာထားသော ပစ္စည်းများကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနည်းများကို နှစ်ပေါင်းများစွာကတည်းက သုံးလာခြင်းဖြစ်ပါသည်။ အကာအကွယ်ပစ္စည်းများ သုံးမျိုးရှိပါသည်။ အမျိုးသားသုံး ကွန်ဒုံးများ အမျိုးသားများသုံးသည့် ကွန်ဒုံးများကို ရာဘာဖြင့် ပြုလုပ်ထားပြီး ယင်းကို လိင်မဆက်ဆံမီတွင် လိင်ထံထိပ်တွင် စွပ်ရပါသည်။ ရာဘာပစ္စည်းများနှင့် ဓါတ်မတည့်သူဖြစ်ပါက ပိုလီရူလီသိန်းနှင့် ပြုလုပ်ထားသော ကွန်ဒုံးများကို အသုံးပြုနိုင်ပါသည်။ အမျိုးသားများသည် ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ကလေးရနိုင်ချေကို ၉၈% ကာကွယ်ပေးပါသည်။ ယင်းသည် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ ကွန်ဒုံးပေါက်ပြဲခြင်းကို ကာကွယ်ရန် ရေဓါတ်အခြေခံထားသော ချောဆီများကို အသုံးပြုပြီး စွပ်သင့်ပါသည်။ ထို့ပြင် ကွန်ဒုံးများကို ပိုက်ဆံအိတ်များ၊ အိတ်ကပ်များတွင် သိမ်းဆည်းခြင်းဖြင့် အပူနှင့် ထိတွေ့ကာဓါတ်ပြယ်သွားနိုင်ပါသည်။ ကွန်ဒုံးသုံးတော့မည်ဆိုလျှင် ရက်လွန်ခြင်းရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါသည်။   အမျိုးသမီးသုံး ကွန်ဒုံးများ အမျိုးသမီးသုံး ကွန်ဒုံးများသည် ဆလင်ဒါပုံရှိသော ပိုလီရူလီသိန်းနှင့် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)