သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။

    သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။

    တားဆေးသောက်တဲ့ အမျိုးသမီးတိုင်း ငြီးငြူကြတဲ့အသံတွေ ကြားဖူးမှာပါ။ သန္ဓေတားဆေးတွေကြောင့် ဝလာတယ်၊ တားဆေး သောက်ပြီး ကိုယ်အလေးချိန်တွေ တက်လာတယ်ဆိုတဲ့ စကားသံလေးတွေပေ့ါ။

    သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။

    ဒါပေမယ့်လည်း အိမ်ထောင်ကျပြီး ကလေးမလိုချင်သေးရင် အသုံးပြုလို့ရတဲ့ သန္ဓေတားနည်း တွေထဲမှာ တားဆေးသောက်ဆေးဝယ်သောက်ရတာက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်နေတာကြောင့် သူ့ကို မသောက်လို့ကလည်း မရ။ သောက်ပြန်တော့လည်း လေရှူတိုင်းဝဝ လာလာတယ်လို့ပြောရလောက်အောင်ကို ကိုယ်အလေးချိန် တက်လာတော့လည်း စိတ်ညစ်နေကြတဲ့ မမတို့ရှိကြလား။ ဒီဆောင်းပါးလေးထဲမှာ တားဆေးကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုပြန်ချရမလဲပြောပြပေးမယ်နော် ။ ။

    တားဆေးတွေက ဝစေသလား၊၊

    တားဆေးနဲ့ ကိုယ်အလေးချိန်ကြားက ဆက်စပ်မှုကို ခုထက်ထိ သက်သေပြဖို့ ကြိုးစားနေကြဆဲပါ၊၊ တားဆေးသောက်ပြီး ဝလာတာ၊ ပိန်လာတာတွေက တကယ်တော့ ဆက်စပ်မှု မရှိဘူးလို့ ဆိုကြပါတယ်၊၊ တားဆေးက ကိုယ်အလေးချိန်တက်တာကို မဖြစ်စေပေမယ့် ဝလာတယ်လို့ ထင်ရတဲ့အချက်တွေ ရှိပါတယ်၊၊ ဥပမာ ရေဝိတ်တက်လာတာ၊ အဆီဆဲလ်တွေ ကြီးလာတာ စတာတွေကို ဖြစ်စေနိုင်ပါတယ်၊၊ ဒါကလည်း လက်တွေ့ထက်စာရင် သီအိုရီအရ ယူဆထားကြတာတွေပါ၊၊

    ဆေးပညာအရ တားဆေးတွေနဲ့ ကိုယ်အလေးချိန်နဲ့ ဆက်စပ်မှု မရှိပေမယ့် သောက်တဲ့သူတွေက ဝလာတယ်လို့ ပြောကြတာကြောင့် ဘယ်လိုမျိုး ကိုယ်အလေးချိန်ထိန်းသင့်လဲဆိုတာကို ပြောပြပေးပါ့မယ်၊၊

    ( ၁ ) စစချင်း တားဆေး ရွေးတည်းက အီစတိုဂျင် ဟော်မုန်းနည်းတဲ့ ဆေးကို ရွေးသောက်ပါ။ ။

    ပြင်ပကနေ သောက်လို့ရလာတဲ့ အီစတိုဂျင်ဟော်မုန်းဟာ အဆီဆဲလ်အသစ်တွေကို ဖြစ်စေတာ မဟုတ်ဘဲ သင့်ကိုယ်တွင်းအဆီဆဲလ်လေးတွေကို ကြီးလာစေပြီး ကိုယ်အလေးချိန်တက် စေပါတယ်။ ဒီအချက်ကို ရှောင်လွဲချင်ရင်တော့ အီစတိုဂျင် ဟော်မုန်းနည်းတဲ့ တားဆေးကို ရွေးချယ်ပြီးသောက်ဖို့လိုပါတယ်။

    ( ၂ ) ရေများများသောက်ပါ ။

    ားဆေးသောက်ဆေးတွေကြောင့် ကိုယ်အလေးချိန်တက်လာရတဲ့ နောက်တစ်ချက်က ကိုယ်တွင်းအရည်တွေစုပြီးဖောလာခြင်း ဖြစ်ပါတယ်။ တစ်ချို့တားဆေးသောက်တဲ့ အမျိုးသမီးတွေဆို ဝလာတာမဟုတ်ဘဲ ဖောလာတာကြောင့် ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ ဒါကိုပြန်ပြီး သက်သာချင်ရင်တော့ ကိုယ်တွင်းကရေတွေကို စွန့်ထုတ်တဲ့စနစ်ကိုအားပေးတဲ့အနေနဲ့ ရေများများပြန်သောက်ပေးရမှာပဲဖြစ်ပါတယ်။ ဒါမှ စုနေတဲ့ ရေတွေ ကိုယ်တွင်းကထွက်သွားပြီး ကိုယ်အလေးချိန် ပြန်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

    ( ၃ ) အစားအသောက်ကို ချင့်ချိန်စားဖို့လည်း လိုပါတယ် ။ ။

    လူတစ်ယောက်ကို အဓိက ဝစေတာ အစားအသောက်တွေပါ။ အိမ်ထောင်ကျပြီ လှဖို့ပိန်ဖို့လည်း မလိုတော့ဘူး စားချင်သလောက်စားလို့ရပြီဆိုပြီး စွတ်စားမိနေတဲ့အပြင် တားဆေးတွေရဲ့ စားချင်သောက်ချင်စိတ်ကို မြှင့်တင်ပေးတဲ့ အစွမ်းနဲ့ပါ ပေါင်းလိုက်လို့ကတော့ နေ့ချင်းဝလာမယ်ဆိုတာ လုံးဝကို တထစ်ချပြောရဲပါတယ်။ ဒါ့ကြောင့် ဝစေမယ့် အစားအသောက်တွေ၊ အချိုများတဲ့ မုန့်တွေ၊ ထမင်းဆီကြော်မုန့်တွေကို လျှော့စား။ ကျန်းမာရေးအတွက်လည်းကောင်း ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အသီးအနှံတွေ များများစားပြီး ကိုယ်အလေးချိန်ထိန်းပါ။

    ( ၄ ) အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ဆေးကိုသောက်ပါ။

    ဟော်မုန်းဆေးဖြစ်တာကြောင့် သတ်မှတ်ဟော်မုန်းပမာဏအတိုင်း ကိုယ်တွင်းမှာ ရှိစေဖို့အတွက် ဒီနေ့ဒီအချိန်သောက်ပြီးတာနဲ့ နောက်နေ့လည်း အဲ့ဒီ အချိန်မှာပဲ ပြန်သောက်ဖို့လိုပါတယ်။ ဟော်မုန်းပမာဏ နည်းနည်းပြောင်းလဲသွားတာနဲ့ နုန်းခွေတာ၊ အစားပိုစားချင်တာနဲ့ စိတ်တိုလွယ်တာတွေ ဖြစ်တတ်ပါတယ်။

    ( ၅ ) ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ ။

    တားဆေးသောက်တဲ့ တချို့အမျိုးသမီးတွေမှာ အစားစားချင်စိတ်ကိုပိုဖြစ်စေတာကြောင့် အစားတွေ ပိုစားမိနေတာကို ထိန်းလို့မရရင် ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းလုပ်ပြီး ပြန်ထိန်းရပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုလေးပိုလုပ်ပေးတဲ့အခါ ပိန်မသွားရင်တောင်မှ ဝိတ်ထပ်မတက်လာအောင်တော့ သူက ထိန်းပေးထားနိုင်ပါလိမ့်မယ်။ လမ်းလေးလျှောက်ပေးတာ၊ စက်ဘီးစီးပေးတာ၊ GYM သွားတာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။

    ရေးသားသူ- Dr Thin [email protected]

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ
    စာရေးသူ ဓာတ်ပုံbadge
    Hello Sayarwon Panel မှ ရေးသားသည်။ 27/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။