သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ

သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ အကြောင်း ဘာတွေ သိထားဖို့ လိုမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ တစ်နေ့တစ်လုံး သောက်ရတဲ့ ဟော်မုန်းနှစ်မျိုးပါဝင်သော သားဆက်ခြား စားဆေးတွေဟာ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပြီး ဆေးရုံဆေးခန်းသွားစရာ မလိုတဲ့အတွက် အမျိုးသမီး တော်တော်များများ သုံးစွဲကြပါတယ်။ အဓိကကတော့ ကိုယ်ဝန်တားဖို့အတွက် သောက်သုံးကြတာ ဖြစ်ပေမဲ့ ရာသီမမှန်တဲ့ ပြဿနာ‌တွေ၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတွေကို ကုစားဖို့ အတွက်ပါ သုံးကြပါတယ်။ ‌ သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ သားဆက်ခြားစားဆေးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားနိုင်ခြင်းအပြင် အခြားရရှိနိုင်‌သော အကျိုးကျေးဇူးများ ကတော့ ဘယ်အရာတွေက ရာသီမှန်အောင် ပြုလုပ်ပေးနေတာလဲ သားဆက်ခြားစားဆေး ၂ မျိုး ရှိတဲ့အနက် ဟော်မုန်း ၂ မျိုး ပါဝင်တဲ့ သောက်ဆေးကပဲ အထက်ပါ ပြဿနာတွေကို […]


သားဆက်ခြားခြင်း

ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

အိမ်ထောင်ကျလို့ သားဆက်ခြားနည်း သုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊ သားအိမ်ထဲထည့်မှာလား၊ လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုက ဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။ ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို […]


သားဆက်ခြားခြင်း

သားအိမ်ထဲမှာ ကြိုးပျောက် နေပြီဆိုရင်

သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေ သိပါတယ်။ ဒီပစ္စည်းလေးရဲ့ နောက်မှာ အမြီးလိုမျိုး ကြိုး လေးပါတာကိုပေါ့။ ဒီအမြီးလေးက ဘာအတွက်လဲဆိုရင် သားအိမ်ထဲ ထည့်တဲ့ ပစ္စည်းလေး နေရာကျရဲ့လား။ အပြင်ကို ထွက်သွားပြီလားဆိုတာ သိဖို့အတွက်ပါ။ တစ်ခါတစ်လေ ဒီကြိုးလေးကို စမ်းမမိတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါသင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လေ့လာချက်တွေအရ သားအိမ်ထဲ ပစ္စည်းထည့်တဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းက ကြိုးကို စမ်းမမိတတ်ပါဘူးတဲ့။ ဆိုလိုတာက သားအိမ်ထဲမှာ ကြိုးပျောက် နေတာပါ။ ကြိုးပျောက်ရတဲ့ ဒါမှမဟုတ် ကြိုးစမ်းမမိတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပေမယ့် အများစုကတော့ သိပ်စိုးရိမ်စရာ မလိုတဲ့ အချက်တွေပါ။ ဘာဖြစ်လို့ ကြိုးကို စမ်းမမိရတာလဲ။ ဘယ်လိုလက္ခဏာတွေက အရေးကြီးလဲ၊ ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြရမလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘာလို့ ကြိုး ကို စမ်းမမိတာလဲ။ သားအိမ်ထဲကို ပစ္စည်းထည့်တဲ့အခါမှာ […]


သားဆက်ခြားခြင်း

ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ

ကွန်ဒုံး တွေဟာ စနစ်တကျသုံးတတ်မယ်ဆိုရင် သင့်ကို မလိုချင်တဲ့ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်ရုံသာမက လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ကွန်ဒုံးတွေကို အရောင်စုံ၊ အနံ့စုံ၊ အရွယ်အစားအစုံရနိုင်ပြီး မိန်းမကိုယ်သာမက စအိုနဲ့ ဆက်ဆံခြင်းတွေမှာလည်း သုံးလို့ရပါတယ်။ ကိုယ်ဝန်ရနိုင်ခြေကိုလည်း 98% လောက်ထိတားနိုင်တယ် ဆိုပါတယ်။ ဒါပေမယ့် သင့်ရဲ့သုံးပုံသုံးနည်း မှန်ကန်စနစ်ကျဖို့တော့ အရေးကြီးပါတယ်။ အောက်မှာ ဖော်ပြပေးမှာကတော့ ကွန်ဒုံးတွေကို ဘယ်လိုစနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုမလဲဆိုတာပါပဲ။ ကွန်ဒုံး ကို ဘယ်လို စနစ်တကျ သုံးမလဲ  ကွန်ဒုံး အိတ်ပေါ်မှာရှိတဲ့ သက်တမ်းကုန်ဆုံးရက်နဲ့ ကွန်ဒုံးပေါ်မှာ အပေါက်အပြဲရှိမရှိသေချာစစ်ပါ၊၊ ကွန်ဒုံးအိတ် ဒါမှမဟုတ် ကွန်ဒုံးမှာ အပေါက်အပြဲအပျက်အစီးရှိနေတယ်ဆိုရင် လုံးဝမသုံးသင့်ပါဘူး။ ပျက်စီးနေတဲ့ ဒါမှမဟုတ် သက်တမ်းကုန်နေတဲ့ ကွန်ဒုံးကိုသုံးတာက မလိုချင်တဲ့ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါဆိုးတွေကို လက်ယပ်ခေါ်နေသလိုပါပဲ။ အထုပ်ကို သေချာဖွင့်ပြီး ကွန်ဒုံးကို ထုတ်ပါ၊၊ ကွန်ဒုံးထုပ်ကို ဂရုတစိုက်ဖွင့်ပြီးတဲ့အခါ […]


သားဆက်ခြားခြင်း

ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ

ခုခေတ်ဟာ ပွင့်လင်းပြီးလွတ်လပ်လာတာနဲ့အညီ လက်မထပ်ခင်အတူနေကြတဲ့ ယဉ်ကျေးမှုဟာလည်း ပိုပြီးထွန်းကားလာနေပါတယ်။ ဒီလိုအတူနေတာကို အရှေ့တိုင်းယဉ်ကျေးမှုအရ လက်မခံလိုသူတွေရှိသလို လက်ခံသူတွေလဲ အများကြီးရှိလာနေပါတယ်။ အတူနေခြင်း မနေခြင်းဟာ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ သူနှစ်ဦးအဖို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် ဖြစ်လာတဲ့နောက်ဆက်တွဲတွေကိုလဲ မပြုလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားတိုင်ပင်ဆွေးနွေးထားကြဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ မလိုချင်သေးဘဲ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ နဲ့ ကူးစက်ရောဂါမရဖို့ပါပဲ။ အတူအရင်နေလိုက်မယ်၊ ပြီးတော့မှ အရေးပေါ်ဆေးတိုက်လိုက်မယ်ဆိုတာ ပြည့်စုံမှန်ကန်တဲ့ တာဝန်ယူမှုမဟုတ်ပါဘူး။ အဲဒီအစား သင့်တော်မှန်ကန်တဲ့ သားဆက်ခြားနည်းတွေဟာ ဘာတွေရှိပြီး ကိုယ်နဲ့ ဘာတွေက ကိုက်ညီတယ်ဆိုတာကို အမျိုးသားရော အမျိုးသမီးကပါ သိရှိပြီး လိုက်နာကြတာ အများကြီးပိုအကျိူးရှိပါတယ်။ ကိုယ်ဝန်မရအောင် ဘယ်လိုတားကြမလဲ စနစ်တကျကိုယ်ဝန်တားနည်းကို မသိလို့ ကိုယ်ဝန်ရှိပြီးမှ ဖျက်ချတဲ့အခါ ပိုးဝင်ပြီး သွေးဆိပ်တက်တာ၊ ခွဲစိတ်ခန်းဝင်ရတာအပြင် သေဆုံးတာတွေအထိ ဖြစ်တတ်ပါတယ်။ နောက်ထပ်အရေးကြီးတာတစ်ခုက လက်ထပ်လိုစိတ်မရှိတဲ့ အမျိူးသားကို အချုပ်နှောင်တစ်ခုဖြစ်စေဖို့ တစ်ဖက်သတ်ကိုယ်ဝန်ယူခြင်းဟာလည်း ဆိုးကျိုးတွေကိုသာဖြစ်စေပါတယ်။ ဒါကြောင့် […]


သားဆက်ခြားခြင်း

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း

နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း တွေက ဘာတွေ ဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ နို့တိုက်နေတာက အကောင်းဆုံး သားဆက်ခြားနည်း လို့ပြောကြပါတယ်။ ဒါကို အမေတိုင်းသိကြပါတယ်။ ဒါက မှန်သင့်သလောက်ပဲ မှန်ပါတယ်။ နို့တိုက်မေမေတွေအတွက် သားဆက်ခြား နည်း နို့တိုက်ရင် ကလေးမရဘူးဆိုတာက အမေက ကလေးကို နို့ချည်းပဲ တိုက်နေမှပါ။ ဒါကလည်း မွေးပြီး၆လအထိပဲ အဆင်ပြေပါတယ်။ အောင်အောင်မြင်မြင် သားဆက်ခြား နိုင်ဖို့အတွက် နေ့ဘက်မှာ ၄နာရီခြား၊ ညဘက်မှာ ၆နာရီခြား တိုက်ရပါမယ်။ မိခင်နို့ကလွဲပြီး တခြားဘာမှမတိုက်ရပါဘူး။ နို့တိုက်နေတုန်းမှာ မျိုးဥကြွေတယ်။ ကိုယ်ဝန်မရဘူးဆိုရင် ၂ပတ်လောက်ကြာတဲ့အခါ ရာသီလာပါတယ်။ ရာသီလာမှ မျိုးဥကြွေတာကို ပြန်ပြောင်းသိရတာ ဖြစ်တဲ့အတွက် ဒီအချိန်အတွင်းမှာ အတူနေမိရင် ကိုယ်ဝန်ရနိုင်ပါတယ်။  ဘယ်လမှာပဲ ဖြစ်ဖြစ် နို့တိုက်ရင်း ရာသီပြန်လာပြီဆိုရင် တခြားသားဆက်ခြားတဲ့ နည်းလမ်းတစ်ခုခုကို သုံးရတော့မှာပါ။ အများစုကတော့ ၆လကျော်မှ သားဆက်ခြား […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

ကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။ အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ...... အရေးပေါ်သန္ဓေတားဆေး က အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။ သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား...... သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။ အရေးပေါ်သန္ဓေတားသောက်ဆေး ပုံမှန်သန္ဓေတားသောက်ဆေး သားအိမ်တွင်းထည့်ပစ္စည်း (IUD) လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant) သားဆက်ခြား ထိုးဆေး ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား........... သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို […]


သားဆက်ခြားခြင်း

အလွှာခြားမလား ကမ္ဘာခြားမလား

ခေါင်းစဉ်ကိုမြင်တာနဲ့ ကျွန်တော်ဘာရေးတော့မယ်ဆိုတာ အများစုရိပ်စားမိကြမှာပါ။ မှန်ပါတယ်။ ဒီနေ့ခေတ်လူငယ်လူရွယ်အများစုကို အန္တရာယ်အပေးနိုင်ဆုံးရောဂါအုပ်စုတစ်ခုဖြစ်တဲ့  လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တဲ့ရောဂါတွေအကြောင်း ဦးတည်ပြောပြချင်လို့ ဒီခေါင်းစဉ်လေးပေးထားတာဖြစ်ပါတယ်။ လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တဲ့ ရောဂါလို့ပြောလိုက်တာနဲ့ လူ၁၀၀ မှာ ၉၀ လောက်က အေအိုင်ဒီအက်စ်၊ အိပ်ချ်အိုင်ဗီ ဒီလိုစကားလုံးတွေကိုပဲ တန်းစဉ်းစားမိကြမှာပဲ။ အမှန်ကတခြားရောဂါတွေ အများကြီးရှိပါသေးတယ်။ ဂနိုရောဂါ၊ လိင်အင်္ဂါရေယုန်ရောဂါ၊ ဆစ်ဖလစ် (ခေါ်) ကာလသားရောဂါ၊ Chlamydia စတဲ့ရောဂါတွေဆိုပြီး အများကြီးရှိပါတယ်။ ဒါပေမဲ့ မိတ်ဆွေတွေးတာလည်း မမှားပါဘူး။ အပေါ်ကရောဂါတွေထဲကမှ အိပ်ချ်အိုင်ဗီက အဆိုးဆုံး၊ အကြမ်းဆုံး လိုဖြစ်နေတော့ ထိပ်ဆုံးကဆရာကြီးကိုမှ မျက်စိထဲတန်းမြင်မိသလို ဖြစ်နေတာပေါ့။ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လို့ပြောလိုက်ရင်လူတွေက “ကုရာနတ္တိ ဆေးမရှိ” ဆိုတဲ့စကားနဲ့ တွဲပြီးကြားဖူးကြပါတယ် (အရပ်အဆို အေကိုက်တယ်ပေါ့)။ ဒါလည်းမှန်ပါတယ်၊ ဒီရောဂါက လုံးဝပျောက်ကင်းအောင်ကုသလို့မရနိုင်ပါဘူး။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါမို့ ဗိုင်းရပ်စ်ပိုးကောင်ရေ ပွားမလာအောင်နှိမ်ထားပြီး အချိန်ဆွဲထားလို့ပဲရပါတယ်။ နောက်ပြီး တစ်ခါတည်းပြောရရင် […]


သားဆက်ခြားခြင်း

မိမိနှင့် သင့်တော်သော သားဆက်ခြားနည်း ရွေးချယ်ခြင်း

ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။ သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏ အသက် အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။ ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။ ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း လတ်တလောကိုယ်ဝန်ရှိသူ သုံးစွဲရန်မလို။ ရောဂါမကူးစက်ရန် ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။ နို့တိုက်မိခင် ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ […]


သားဆက်ခြားခြင်း

မိသားစုတစ်ခု ထူထောင်တော့မယ်သူတိုင်း စဉ်းစားသင့်တဲ့ အချက် ၆ ချက် ။ ။

မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။ ( ၁) အိမ်ထောင်ပြုပြီးရင် ကလေးယူမှာလား။ ဘယ်နှစ်ယောက်လောက်ယူမှာလဲ။ ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။ ( […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)