backup og meta

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

    တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

    သန္ဓေတားတဲ့ နည်းတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ သောက်ဆေး၊ ၃ လခံထိုးဆေးလက်မောင်းတွင်းထည့် ပစ္စည်း နဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့ သန္ဓေတားနည်းကို ရွေးပြီး အသုံးပြုနေကြတဲ့သူချည်းပါ။ သန္ဓေတားနည်းတိုင်းမှာ သူ့ ဆိုးကျိုးနဲ့သူရှိတာကြောင့် သူတို့နဲ့မတည့်တဲ့သူတွေရှိတာကြောင့် တစ်ခုသုံးရတာ အဆင်မပြေလို့ နောက်တစ်ခု ပြောင်းလိုက်တာမျိုးတွေရှိတတ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးကတော့ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းတာပါပဲ။ ပြောင်းလို့ရတယ်ဆိုပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ရအောင် ။ ။

    တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

    တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ဆိုတော့

    အဆင့် ၁ – ကိုယ်က ဘယ်လိုတားဆေးမျိုး သောက်မလဲဆိုတာ အရင်ရွေးပါ။ ဟော်မုန်း နှစ်မျိုးပါတာလား၊ တစ်မျိုးတည်းပါတဲ့ဟာလား၊ ဟော်မုန်း ပမာဏ နည်းတဲ့တားဆေးသောက်ဆေးကို ရွေးဝယ်မလားဆိုတာ အရင်ဆုံးရွေးပါ။ အမျိုးအစားတစ်ခုချင်းဆီတိုင်းမှာ အာနိသင်နဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိကြတဲ့အတွက် ကိုယ်နဲ့ အသင့်တော်ဆုံးတစ်ခုကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးတာသာ အကောင်းဆုံးပါ။

    အဆင့် ၂ – သောက်ရမယ့် တားဆေး အမျိုးအစားကို ရွေးချယ်ပြီးပြီဆိုရင် တားဆေးထိုးဆေးထိုးထားရာကနေ သောက်ဆေးကို ဘယ်အချိန်မှာ စပြောင်းသောက်ရမလဲဆိုတာ ဆရာဝန်ကို မေးကြည့်ဖို့ပါ။ အများအားဖြင့်တော့ ၃ လခံထိုးဆေးနောက်တစ်ကြိမ်ထပ်ထိုးရမယ့်ရက်မှာ တားဆေးပြောင်းသောက်လို့ရပါတယ်။ အလွန်ဆုံး ထိုးရမယ့် အချိန်ထက် နှစ်ပတ်ပဲ နောက်ကျလို့ရပါတယ်။ နှစ်ပတ်အတွင်းမှာ ၃လခံထိုးဆေးဆက်ထိုးတာ ဒါမှမဟုတ် သောက်ဆေး ပြောင်းသောက်တာ လုပ်လို့ရပါတယ်။ နှစ်ပတ်ကျော်သွားရင်တော့ ကိုယ်ဝန်ရှိမရှိ စစ်ပြီးမှ တားဆေးပြန်သုံးသင့်ပါတယ်။

    အဆင့် ၃ – သောက်ဆေးသောက်မယ်ဆိုရင်လည်း လုံးဝကို မမေ့ဘဲ သောက်ဖို့အတွက် အိတ်ထဲမှာ သောက်ဆေးကဒ်ကို အမြဲဆောင်ထားဖို့လိုပါတယ်။ ဒါမှ လိုတဲ့အချိန်သောက်လို့ရအောင်ပါ။

    အဆင့် ၄ – အရေးကြီးဆုံး အချက်ကတော့ နေ့တိုင်း မပျက်မကွက်သောက်ဖို့ပါပဲ။ ထိုးဆေးတုန်းကတော့ ၃ လမှတစ်ခါထိုးရတယ်ဆိုတော့ မေ့မေ့လျော့လျော့ နေလို့ရပေမယ့် သောက်ဆေးကျတော့ နေ့တိုင်း မပျက်မကွက်သောက်မှ သူ့အာနိသင်ထိရောက်မှာပါ။ ဒါ့ကြောင့် ဖုန်းထဲမှာ alarm လုပ်ထားပြီး နေ့တိုင်းဆေးသောက်ဖို့ ကိုယ့်ကိုကိုယ် သတိပေးပါ။

    အဆင့် ၅ – တားဆေးသောက်ဆေးမှာ သူ့ဆိုးကျိုးလည်းရှိတဲ့အတွက် သောက်ဆေးပြောင်းလိုက်လို့ ခံစားရတဲ့ ဝေဒနာကို ဆရာဝန်ဆီ သေချာပြောပြဖို့လိုပါတယ်။ ဒါမှ သောက်ဆေးနဲ့တည့်မတည့် ဆရာဝန်က သေချာသိပြီး ဆေးပြောင်းသင့်ရင်လည်း ပြောင်းမှာဖြစ်ပါတယ်။

    နောက်ထပ်သိထားသင့်တဲ့အချက်တွေကတော့

    • တားဆေးသောက်ဆေးရော ၃ လခံထိုးဆေးရော နှစ်ခုလုံးက ကိုယ်ဝန်မရအောင်သာ တားဆီးပေးပြီး လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုတော ကာကွယ်မပေးပါဘူး။
    • သောက်ဆေးရဲ့ ဆိုးကျိုးနောက်တစ်ခုက တချို့တွေမှာ  ရာသီလာရင် သွေးခဲတွေ အများကြီးဆင်းစေတာပဲဖြစ်ပါတယ်။
    • အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့သူတွေ၊ အသည်းရောဂါ၊ နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေ တားဆေးသောက်ဆေး သောက်ဖို့ မသင့်တော်ပါဘူး။
    • ဆီးချိုတို့ နှလုံးရောဂါတို့ သွေးတွင်းအဆီများတာမျိုးတွေ ရှိနေတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး သောက်ဖို့သင့်တော်မတော်ဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement