ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

    မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်လောက်ခြားနိုင်ရင် ကောင်းပါတယ်။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေး တားဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

    ကလေးမွေးပြီးနောက်ပိုင်း တားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ။

    သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ တားဆေးမှာလည်း တားဆေးအလျောက် မသောက်သင့်တဲ့အချိန်မှာ သောက်လိုက်မိရင် မလိုလားအပ်တဲ့ အရာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ကလေးမွေးပြီးနောက်ပိုင်း တားဆေးပြန်သောက်တဲ့အခါမှာ သိထားဖို့လိုတာပါ.

    • ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။ ကလေးနို့တိုက်နေတဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် တားဆေးတွေကြိုက်တဲ့အချိန်မှာ ဝယ်သောက်တာမျိုး လုပ်လို့မရပါဘူး။ သောက်မယ့် ဆေးမှာလည်း ဟော်မုန်းတစ်မျိုးတည်း ပါတာ သောက်မှာလား၊ ပေါင်းထားတဲ့ ဟော်မုန်း တားဆေးတွေ သောက်မလား ဆိုတာ အရင်ရွေးသင့်ပါတယ်။
    • နို့တိုက် နေတဲ့အချိန်ဖြစ်တာကြောင့် တားဆေးသောက်ဆေး သောက်ရမှာ သတိထားရမယ့်အချက်တွေရှိပါတယ်။ တားဆေး သောက်ဆေး တော်တော်များများဟာ မိခင်ရဲ့ နို့ထွက်မှုအပေါ် သက်ရောက်မှု ရှိတတ်တဲအ့တွက်ကြောင့် စစချင်းဆို progestogen ဟော်မုန်း တစ်မျိုးတည်း ပါတဲ့ တားဆေးသောက်ဆေးသောက်သင့်ပါတယ်။ ၆ပတ်ထက် ကျော်မှသာ ဟော်မုန်းနှစ်မျိုးပေါင်းထားတဲ့ သောက်ဆေးတွေ သောက်သင့်ပါတယ်။
    • မီးဖွားပြီး ပထမ ကာလ ဖြစ်တဲ့ ၄၅ ရက် မတိုင်ခင်မှာတင် သားဥတွေ ကြွေနိုင်ပါတယ်။ အဲဒီ အချိန်မတိုင်ခင် အတူနေမိလိုက်လို့ ကိုယ်ဝန်ရသွားတတ်တဲ့အတွက် ကိုယ်ဝန်ရှိမရှိ သေချာအောင် တစ်ခေါက်စစ်ပြီးမှ တားဆေးသောက်သင့်ပါတယ်။
    • ပိုပြီးစိတ်ချချင်တယ်ဆိုရင်တော့ မီးဖွားပြီးနောက် သန္ဓေတားဆေးစသောက်ပြီးနောက်ပိုင်း ၇ရက်လောက်မှာ အတူနေတာ ရှောင်နိုင်ရင်ရှောင် မရှောင်နိုင်ရင် ကွန်ဒုံးသုံးပြီး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ ဒါမှ နောက်ကိုယ်ဝန် တန်းမရဖို့အတွက် စိတ်ချရမှာပါ။
    • အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကျန်းမာရေး အခြေအနေတွေ မတူတဲ့အတွက်ကြောင့် ဘယ်လိုအချိန်မှာ တားဆေးပြန်သောက်ရမလဲဆိုတာကို ဆရာဝန်လောက် အကြံပေးနိုင်တဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် မီးဖွားပြီး ကိုယ်ဝန်ပြန်တားဖို့လုပ်တော့မယ်ဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။
    • တားဆေးသောက်ပြီဆိုတည်းက နေ့တိုင်း မပျက်မကွက်သောက်ဖို့ အတွက်ကိုလည်း သေချာမှတ်ထားဖို့ လိုအပ်သလို တားဆေးမှာလည်း ဆိုးကျိုးတွေ ရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမှ တည့်မှသာ တားဆေးသောက်ဆေးနဲ့ သန္ဓေတားတဲ့နည်းကို ရွေးချယ်ပါ။
    • အသက် ၃၅ နှစ်နောက်ပိုင်း အမျိုးသမီးတွေ၊ သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေ၊ ဆေးလိပ် သောက်တဲ့သူတွေ၊ အသည်းရောဂါ၊ နှလုံးရောဂါ နဲ့ ရင်သားကင်ဆာဖြစ်ဖူးတဲ့ အမျိုးသမီးတွေကတော့ တားဆေးသောက်ဆေး အစား အခြား သန္ဓေတားနည်းတွေကို ပိုပြီး ဦးစားပေးရွေးချယ်သင့်ပါတယ်။

    ရေးသားသူ- Dr Thin [email protected] Frances

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement