သားဆက်ခြားခြင်း

သားဆက်ခြားတာက ကိုယ်ဝန်ရရှိမှုကို ကာကွယ်ဖို့ အဓိကထား ပြုလုပ်ထားတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါဆို ဘယ်လို သားဆက်ခြားနည်းတွေရှိလဲ။ ဘယ်နည်းလမ်းက အဆင်ပြေမလဲဆိုပြီး သိချင်နေပြီလား။ သားဆက်ခြားနည်းများနှင့်ပတ်သက်ပြီး သိလိုသည့် အချက်များကို ဒီနေရာတွင် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သားဆက်ခြားခြင်း

ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ

စုံတွဲတွေ အတူနေပြီးတဲ့အချိန်တိုင်း ဖြစ်တတ်တဲ့ သံသယကတော့ ကွန်ဒုံးပေါက်သွားပြီလား မသိဘူးနော်ဆိုတာပါပဲ။ ကိုယ်ဝန်မလိုချင်သေးတဲ့ အတွဲတွေဆို ပိုဆိုးပါတယ်။ မလိုချင်လို့ ကွန်ဒုံးသုံးကာမှ ကွန်ဒုံးပေါက်သွားလို့ ကိုယ်ဝန်ရသွားခဲ့ရင်ဆိုတဲ့ စိတ်ကြီးက ဖိစီးနေမှာပါ။ ဒီတော့ ကွန်ဒုံးပေါက်မပေါက် ဘယ်လိုသိနိုင်မလဲ။ စမ်းကြည့်လို့ရော ရမလားဆိုတာကို ပြောပြပေးပါမယ်။ ကွန်ဒုံးပေါက်နိုင်ခြေများတဲ့ အခြေအနေတွေက ဘာတွေလဲ ကွန်ဒုံးက မသုံးရသေးခင်မှာလည်း ပေါက်နိုင်သလို သုံးပြီးချိန်မှာလည်း ‌ပေါက်နိုင်ပါတယ်။ မသုံးရသေးခင်မှာ ပေါက်နိုင်တဲ့ အခြေအနေတွေကတော့ ရက်လွန်နေတဲ့ ကွန်ဒုံးကို သုံးတာ ကွန်ဒုံးကို ပိုက်ဆံအိတ်လိုမျိုး ပြဲလွယ်တဲ့ နေရာတွေမှာ သိမ်းဆည်းတာ နေရောင်တိုက်ရိုက်ကျတဲ့နေရာတွေ၊ ပူလွန်းတဲ့နေရာတွေမှာ သိမ်းဆည်းတာ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်ဖောက်တာ၊ ကပ်ကြေးနဲ့ ကိုက်ဖောက်တာတွေကြောင့် မသုံးရသေးခင်မှာ ပေါက်နေတတ်ပါတယ်။ သုံးပြီးချိန်မှာ ပေါက်တာတွေကတော့ ကိုယ်သုံးတဲ့ ပုံစံ မမှန်လို့ပါ။ ဥပမာ ကွန်ဒုံးကို ပြောင်းပြန်စွပ်တာ […]

သားဆက်ခြားခြင်း ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

ကျဉ်းထဲကျပ်ထဲမှာ ကိုယ်ဝန် မရချင်သူတွေအတွက် နည်းလမ်း ၄ရပ်

ကိုယ်ဝန် ပဋိသန္ဓေ တားဆီးနိုင်တဲ့ နည်းလမ်းတွေက အမျိုးအမည်ပေါင်း များစွာ ရှိပါတယ်။ ကွန်ဒုံး အသုံးပြုတာ၊ သန္ဓေတားကပ်ခွာ အသုံးပြုတာ၊ တားဆေး အသုံးပြုတာ၊ IUD (သားအိမ်တွင်းထည့် ပစ္စည်း) အသုံးပြုတာ စတာတွေပေါ့။ ခုခေတ်ကြီးမှာက တိုးတက်လာတာနဲ့အမျှ လူငယ် အများစုက လိင်မှုကိစ္စတွေကို စမ်းသပ်ပြုလုပ်လာတတ်ကြပါတယ်။ ဒီလို လိင်မှု ကိစ္စတွေကို လုပ်တဲ့ အခါမှာလည်း လူငယ်အများစု ကတော့ ကွန်ဒုံးနဲ့ အရေးပေါ် သန္ဓေတားဆေးတွေကိုသာ အများဆုံး သုံးစွဲဖြစ်ကြပါတယ်။ အရေးပေါ် သန္ဓေတားဆေးတွေက ပုံမှန်သောက်နေကျ တားဆေးတွေလောက် သန္ဓေတားနှုန်း မကောင်းတဲ့အတွက် ရေရှည်မသုံးစွဲသင့်ပါဘူး။ ကွန်ဒုံးအသုံးပြုတာကတော့ နည်းလမ်းကောင်းဖြစ်ပေမယ့် တစ်ခါတရံမှာ ပေါက်ပြဲတာတွေ သင့်လျော်တဲ့အမျိုးအစားကို မှန်ကန်စွာ အသုံးမပြုတာကြောင့် ကျွတ်ထွက်တာတွေဖြစ်နိုင်တာကိုလည်း မမေ့သင့်ပါဘူး။ အမှတ်မထင် ကြုံဆုံလာရတဲ့ မတော်တဆမှုလေးတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘဖြစ်လာရတဲ့ လူငယ်တွေရှိလာနေသလို ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပဲ မိဘဖြစ်လာတဲ့ […]


သားဆက်ခြားခြင်း

အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဘာအကြောင်းကြောင့်မှ အနှောင့်နှေးမခံပါနဲ့

မမျှော်လင့်ထားဘဲ အိမ်ထောင်ကျသွားတယ်၊ ကလေးရသွားတယ်၊ ဘာမှ ပြင်ဆင်မှု မရှိချိန်မှာ ဒီလိုတွေ ဖြစ်လာတော့ စီစဉ်ထားတဲ့ Life Goal တွေ၊ Career Goal တွေ အကုန်လုံး သဲထဲရေသွန်… ခဏလေးပါ။ ပြောပြချင်လို့။ အိမ်‌ထောင်ပြုပြီးသွားတာနဲ့ ဘဝကြီးက တက်လမ်းတွေ မရှိတော့တဲ့ခေတ်က ကုန်ခဲ့တာ ကြာပါပြီ။ ကလေးတစ်ယောက် ရတာနဲ့ စီးပွားရေးနဲ့ မိသားစုရေးကြားထဲမှာ လှောင်ပိတ်နေရတယ်ဆိုတာ Family Planning ကို သေချာ မသုံးဖြစ်ခဲ့လို့ပါ။ အိမ်ထောင်မပြုရသေးတဲ့သူတွေ ဆိုရင် အိမ်ထောင်ကို ဘယ်အချိန်မှာ ပြုမယ်၊ အိမ်ထောင်ကျပြီးသူတွေဆိုရင်လည်း အိမ်ထောင်မပြုခင်ကတည်းက ကိုယ်က ဘယ်အချိန်မှာ ကလေးယူမယ်၊ ကလေးကို ဘယ်နှယောက်ယူမယ် ဆိုတာတွေ အားလုံးကို ကြိုတင်တွေးထားနိုင်မှ တန်ကာကျတဲ့ ခေတ်ကြီးပါ။ အမှတ်တမဲ့ နေရင်း ကလေးရလို့ ယူလိုက်ရတယ်၊ ဘာမှ စီစဉ်ထားတာ […]


သားဆက်ခြားခြင်း

တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်

ကိုယ်ဝန်ရချင်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် နေ့စဉ်သောက် တားဆေး ကို ရပ်လိုက်တဲ့အခါ ကြုံရနိုင်တဲ့အခြေအနေတွေကို ပြောပြပေးသွားပါ့မယ်။ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော် နေ့စဉ်သောက် တားဆေးတွေက ဟော်မုန်းတွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ ပျိုမေတို့ အတော်များများ သိပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်ရဲ့ ပုံမှန် ဖြစ်စဉ်တွေ အားလုံးနီးပါး အပေါ်ကို ဟော်မုန်းဓာတ်တွေ သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းပါတဲ့ တားဆေးတွေ ရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်တွင်းပြောင်းလဲမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ နေ့စဉ်သောက် တားဆေး သောက်သုံးမှုကို ရပ်လိုက်ရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ တားဆေး ရပ်လိုက်ရင် ဒီ ၇ ချက်ကြုံရနိုင်တယ်နော်။ ၁ - ကိုယ်ဝန်ရသွားနိုင်ပါတယ် နောက်နေတာ မဟုတ်ပါဘူး။ တကယ်ဖြစ်ပါတယ်။ တားဆေး ဆက်မသောက်တော့တာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟော်မုန်းတွေကို ခန္ဓာကိုယ်ထဲကစွန့်ထုတ်လိုက်ပြီး သားဥပြန်ကြွေနိုင်ပါတယ်။ သားဥကြွေပြီဆိုတာနဲ့ […]


သားဆက်ခြားခြင်း

အမျိုးသမီးများ သားကြောဖြတ် ခြင်း

သားကြောဖြတ် တယ်ဆိုတာ သားဆက်ခြားနည်းတွေထဲက တစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးက ကိုယ်ဝန်ထပ်ဆောင်ဖို့ အဆင်မပြေတော့ရင် ဒါမှမဟုတ် ဇနီးမောင်နှံက ဆန္ဒလည်းရှိတယ်၊ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် သားကြောဖြတ်လို့ရပါတယ်။ သားကြောဖြတ်တာက သားဆက်ခြားနည်းတွေထဲမှာ အလုပ်အရှုပ်ဆုံးလို့ ပြောလို့ရပါတယ်။ ကိုယ်က သားကြောဖြတ်ချင်ပေမယ့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရပါတယ်။ ကိုက်ညီတာတောင်မှ သက်ဆိုင်ရာ ဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်လိုပါတယ်။  သားကြောဖြတ်တာရဲ့ လုပ်ငန်းစဉ်က သာမန်လူတွေနဲ့ သိပ်မရင်းနှီးပါဘူး။ ဒါကြောင့် ဗဟုသုတအနေနဲ့ ကျန်းမာရေးနဲ့ ဝန်ကြီးဌာနက ၂၀၁၉က ထုတ်ပြန်ထားတဲ့ သားကြောဖြတ်လုပ်ငန်းစဉ်ကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီး သားကြောဖြတ် ခြင်း ဆိုသည်မှာ  သားကြောဖြတ်တာက အမျိုးသမီးရဲ့ သားဥပြွန်နှစ်ဖက်ကို ဖြတ်တောက်တဲ့ အသေးစား ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ထိရောက်ပြီး စိတ်ချရပါတယ်။ သားကြောဖြတ်တဲ့ အမျိုးသမီး ၂၀၀မှာ ၁ယောက်လောက်ပဲ ကိုယ်ဝန်ပြန်ရနိုင်ချေ ရှိပါတယ်။ […]


သားဆက်ခြားခြင်း

ဒီဆေးတွေက တားဆေး တွေရဲ့ အာနိသင်ကို ကျစေနိုင်ပါတယ်နော်။

ဆေးခန်းသွားပြတဲ့အခါ ဆရာဝန်က ဆေးပေးခါနီးရင် ဆေးမတည့်တာ ရှိလား။ စွဲသောက်နေတဲ့ ဆေးတွေ ဘာရှိလဲဆိုပြီး မေးတာ ကြုံဖူးမှာပါ။ ဘာလို့လဲဆိုတော့ ဆေးတွေက အချင်းချင်း ဓာတ်ပြုနိုင်လို့ပါပဲ။ တချို့ဆေးတွေက တွဲသောက်မိရင် အချင်းချင်း ဓာတ်ပြုပြီး တစ်ခုက နောက်တစ်ခုရဲ့ ဆေးအာနိသင်ကို ပိတ်လိုက်တာမျိုး ရှိတတ်ပါတယ်။ တချို့ကျတော့လည်း ဒီဆေးကို ခန္ဓာကိုယ်က မချေဖျက်နိုင်အောင် တားလိုက်တာကြောင့် ဆေးက ကိုယ်ထဲမှာ အကြာကြီး ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကို  drug interaction လို့ ခေါ်ပါတယ်။ တားဆေး သောက်နေတဲ့သူဆို ဒီအချက်ကို သတိထားသင့်ပါတယ်။ တားဆေးမှန်မှန်သောက်နေရဲ့သားနဲ့ ကိုယ်ဝန်ရသွားတယ်ဆိုတာ ဒီလိုအကြောင်းတွေကြောင့်လည်း ပါပါတယ်။ ကိုယ်သောက်လိုက်တဲ့ ဆေးက တားဆေးအာနိသင်ကို ပိတ်လိုက်တာကြောင့် ကိုယ်ဝန်တားနိုင်စွမ်းလျှော့ကျသွားတာပေါ့။ ဒီတော့ ဘာဆေးတွေက တားဆေးရဲ့ အာနိသင်ကို ထိခိုက်နိုင်လဲ။ […]


သားဆက်ခြားခြင်း

တားဆေးကပ်ခွာ (hormonal patch) သုံးမယ်ဆိုရင် သိထားသင့်တာလေးတွေ

သားဆက်ခြားနည်းတစ်ခုဖြစ်တဲ့ တားဆေးကပ်ခွာ အသုံးပြုတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေနဲ့ အမေးများတဲ့ မေးခွန်းတွေကို ပြောပြပေးချင်ပါတယ်။ တားဆေးကပ်ခွာသုံးပြီး သန္ဓေတားနည်းက နည်းလမ်းမှန်မှန်သုံးမယ်ဆို ၉၉% အထိ သန္ဓေတားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ တစ်ပတ်ကိုတစ်ကြိမ်ပဲ လဲလှယ်ဖို့လိုတာမို့ သုံးရတာရိုးရှင်းပြီး  ထိရောက်မှုလည်း အားကောင်းတဲ့အတွက် အတော်များများသုံးလာကြပါပြီ။ ဒါပေမဲ့ တားဆေးကပ်ခွာကို မှန်မှန်ကန်ကန်သုံးတတ်မှ ထိရောက်တာကြောင့် ဒီဆောင်းပါးလေးမှာ အသုံးပြုနည်းအသေးစိတ်နဲ့ တစ်ခုခုမှားယွင်းသွားရင် လုပ်ဆောင်ရမှာလေးတွေကို ပြောပြ ပေးပါ့မယ်။ တားဆေးကပ်ခွာ ကို ဘယ်နေရာမှာကပ်မလဲ အရေပြားကသန့်ရှင်းမှုရှိမယ်၊ ဒဏ်ရာအနာတရမရှိဘူး၊ အမွေးအမျှင်မထူတဲ့ နေရာဖြစ်မယ်ဆိုရင် ကြိုက်တဲ့နေရာ ကပ်လို့ရပါတယ်။ ဒါပေမဲ့ ရောင်ရမ်းနီရဲနေတဲ့နေရာ၊ အဝတ်အစားနဲ့ တစ်ချိန်လုံး ပွတ်တိုက်မိနေနိုင်တဲ့နေရာ၊ ရင်သား စတဲ့နေရာတွေမှာတော့ မကပ်သင့်ပါဘူး။ တားဆေးကပ်ခွာ က ကပ်လိုက်တာနဲ့ အာနိသင် ချက်ချင်းပြနိုင်သလား ရာသီစလာတဲ့ ပထမဆုံးနေ့ကစပြီး ငါးရက်မြောက်အထိ ဘယ်နေ့မှာကပ်လိုက်သည်ဖြစ်စေ ကပ်ပြီးတာနဲ့ ချက်ချင်းသန္ဓေတားနိုင်စွမ်းရှိပါတယ်။  တခြားရက်တွေမှာကပ်ရင်တော့ […]


သားဆက်ခြားခြင်း

ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ

'ကျွန်မ မနေ့က ဆေးမသောက်မိဘူး ဆရာမ' ဒါမျိုးက ခဏခဏ ကြုံရတဲ့ ပြဿနာပါ။ မနေ့ကလေ ကျွန်မ အလုပ်ရှုပ်နေလို့ ဆရာမရယ်။ အဲ့ဒါဆေးသောက်ဖို့ မေ့သွားတာ။ တော်ကြာ ကလေးရနေမှာစိုးလို့ ဆိုပြီး လာတိုင်ပင်တဲ့ အမျိုးသမီးတွေ မကြာမကြာတွေ့ရတတ်ပါတယ်။ တစ်ခါတစ်ခါ တားဆေးသောက်နေရဲ့သားနဲ့ ကလေးရသွားတယ်ဆိုတာ ဒီလိုမျိုး သောက်ဖို့ မေ့သွားတာကြောင့်လည်း ပါပါတယ်။ သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲမှာမှ ဆေးသောက်တဲ့ နည်းလမ်းက လူသုံးအများဆုံးပါပဲ။ အရပ်အခေါ်တော့ လက်ညိုးသောက်တယ် ပြောတာပေါ့။ ကျွန်မ လက်ညိုးသောက်နေတာဆိုတာ ပေါင်းစပ်သန္ဓေတားဆေး အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း နှစ်မျိုးပေါင်းထားတာကို ပြောတာပါ။ တချို့က ၃လခံဆေး မထိုးချင်ဘူးဆရာမ။ သူကဝတယ်မလား။ ဒါမှမဟုတ် သားအိမ်ထဲတော့ အဲ့ဒီပစ္စည်းမထည့်ပါရစေနဲ့ ဆရာမရယ်။ လက်မောင်းအောက်ထဲမှာ အဲ့အချောင်း၂ချောင်း ရှိနေမှာလား ဆရာမ။ ကွန်ဒုံးကျတော့ အမျိုးသားက […]


သားဆက်ခြားခြင်း

ကွန်ဒုံးကြားက အမှန်၊ အမှားများ

ခုချိန်အထိ ကွန်ဒုံးလို့ ပြောလိုက်ရင် ဟင်ခနဲ့ဖြစ်ပြီး မျက်နှာမဲ့သွားမယ့်လူတွေ ရှိနေကြဆဲပါ။ ကွန်ဒုံးဟာ လိင်ဆက်ဆံရာမှာ မလိုအပ်တဲ့ ပစ္စည်းတစ်ခုလို တွေးမြင်နေကြတာတွေ၊ ကွန်ဒုံးကို လူမြင်သူမြင်ဝယ်ယူရမှာကို ရှက်ရွံ့နေကြတာတွေလည်း ရှိနေတုန်းပါပဲ။ မြန်မာ့ လူမှုအသိုင်းအဝိုင်းမှာ လိင်ကိစ္စနဲ့ ပတ်သက်တာတွေဟာ လူကြားသူကြား၊ လူမြင်သူမြင်မှာ မပြုမူ မပြောဆိုသင့်တာတွေလို့ လက်ခံထားကြတာကြောင့် ကွန်ဒုံးအသုံးပြုတာ၊ ဝယ်ယူတာတွေ၊ ကွန်ဒုံးအကြောင်းပြောဆိုတာတွေကလည်း သိသာသိစေ မမြင်စေနဲ့ဆိုသလို အခြေအနေမျိုး ဖြစ်နေဆဲလို့ ဆိုရမှာပါပဲ။ ကွန်ဒုံးတွေက မလိုလားအပ်ပဲ ကိုယ်ဝန်ရတာနဲ့ STD (sexually transmitted diseases) လို့ခေါ်တဲ့ လိင်ဆက်ဆံရာမှတဆင့် ဖြစ်ပွားတဲ့ ရောဂါတွေကို တားဆီးနိုင်ဖို့ အကူအညီပေးပါတယ်။ ဒါကို လူတိုင်း မဟုတ်ရင်တောင်မှ လူအများစု သိနေကြပါပြီ။ အရင်ခေတ်ကလို ကွန်ဒုံးသုံးနည်း ပညာပေးတဲ့ ကျန်းမာရေးဆရာလေးက ကွန်ဒုံးဆိုတာ ဒီလိုစွပ်ရတယ်ဆိုပြီး ရွာထိပ်က ဘူးစင်က […]


သားဆက်ခြားခြင်း

ကွန်ဒုံးကို ဘယ်လိုသိမ်းရပါ့

ကြင်သူနှစ်ဦးအကြား ချစ်ခရီးကလည်း နှင်ချင်၊ ကိုယ်ဝန်ကလည်း မရချင်သေးဘူးဆိုရင် အရင်ဆုံး စဉ်းစားမိမှာက ကွန်ဒုံး သုံးဖို့ဖြစ်ပါလိမ့်မယ်။ ကွန်ဒုံးတွေက ကိုယ်ဝန်ရတာတွေနဲ့ STIs လို့ခေါ်တဲ့ လိင်ကနေဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကို ၉၈% လောက် တားဆီးပေးနိုင်ပါတယ်။ ကွန်ဒုံးတွေဟာ သုတ်ရည်နဲ့ တခြားခန္ဓာကိုယ်က အရည်တွေကို အမျိုးသမီးလိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်တွေဆီ မရောက်အောင် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေအတွက်ရော၊ အမျိုးသမီးတွေအတွက်ရော ကွန်ဒုံးတွေအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုလို့မရပါဘူး။ နှစ်ခုလုံးတစ်ပြိုင်နက်တည်း အသုံးပြုမယ်ဆိုရင် နှစ်ခုက သွားကပ်နေပြီး တခြားတစ်ခုကို နေရာကနေ လွဲအောင်လုပ်လိုက်တာမျိုး၊ ပြဲစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ တန်ဖိုးလည်း သိပ်မကြီးကြတဲ့ ကွန်ဒုံးတွေကို အလွယ်တကူ ဝယ်ယူလို့ရနိုင်တာကြောင့် တချို့က ကြိုတင်ဝယ်ယူ ဆောင်ထားတတ်ကြသလို တချို့ကတော့လည်း အလိုရှိမှ လက်လှမ်းမှီရာကနေ ဝယ်ယူပြီး အသုံးပြုတတ်ကြပါတယ်။ ကွန်ဒုံးကို […]


သားဆက်ခြားခြင်း

ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် …

သားဆက်ခြားဖို့၊ ပဋိသန္ဓေတားဖို့နဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့အတွက် ကွန်ဒုံး ကို အသုံးချတာက နည်းလမ်းကောင်းတစ်ခုဆိုတာကို လူတိုင်းနီးပါး သိနားလည်နေကြပါပြီ။ ဒါပေမယ့် သိထားနားလည်ထားရုံသက်သက်နဲ့တော့ အရာရာအဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ တချို့က သိနားလည်ထားတယ်၊ ဒါပေမယ့် နည်းမှန်လမ်းအမှန်အသုံးမချတတ်ကြတာမျိုးလည်း ရှိပါရဲ့။ ကွန်ဒုံးတော့ သုံးပါရဲ့၊ ဒါပေမယ့် … ကွန်ဒုံးတော့ သုံးပါရဲ့ ၊ ဒါပေမယ့် … တချို့များဆို ကွန်ဒုံး ဖြစ်ရင်ပြီးရော သုံးလိုက်ကြတယ်။ ပြီးတော့ မထင်မှတ်ထားတဲ့ ပြဿနာတွေ ဖြစ်လာချိန်မှာ မရှူနိုင် မကယ်နိုင်တွေ ဖြစ်ကြပါလေရော။ ကွန်ဒုံးတော့ သုံးပါရဲ့ ကိုယ်ဝန်ရလာတယ်တို့၊ ရောဂါကူးသွားတယ်တို့ ဆိုတာမျိုးတွေပေါ့။ ဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်းက အသုံးပြုရာမှာ မှားယွင်းစွာ သိနားလည်ထားတဲ့ အချက်တွေနဲ့ အသုံးပြုပုံ အမှားတွေ၊ ပေါ့လျော့မှုတွေကြောင့်ပါပဲ။ ဘယ်အချက်တွေကြောင့် ခုလိုပြဿနာတွေဖြစ်လာရတာလဲဆိုတာကို သိနားလည်ထားရင် ကိုယ်လည်း မမှားမိအောင် ရှောင်ကြဉ်လို့ရတာပေါ။ ကဲ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)