ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်

လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ လိင်ဆက်ဆံမှု ပြုရခြင်းကို လူအများ နှစ်သက်ကြပါတယ်။ လူအများစုအတွက်လို့ ရည်ရွယ်ပြောဆိုထားပေမယ့် လိင်မှုရေးရာ စိတ်ခံစားမှုက လွန်စွာ ရှုပ်ထွေးပါတယ်။ လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ် လိင်ဆက်ဆံမှု ပိုမိုပြုလုပ်ခြင်းက သင့် ကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ ဘယ်လို မြှင့်တင်ပေးသလဲဆိုတာကို ဆက်ကြည့်လိုက်နော်။ အအေးမိတုပ်ကွေးကို သက်သာစေအောင် ကူညီပေးပါတယ် တက္ကသိုလ်ကျောင်းသားများတွင် ပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ လိင်ဆက်ဆံမှု ပိုမိုများပြားသူတွေမှာ ပဋိဇီဝပစ္စည်း အေ (Immunoglobulin A) ပမာဏ မြင့်မားတာကို တွေ့ရပါတယ်။ ဒီပဋိဇီဝပစ္စည်းကို တံတွေးမှာ တွေ့ရပြီး ရောဂါပိုးများနဲ့ တုပ်ကွေးရောဂါကို တိုက်ဖျက်နိုင်ပါတယ်။ စုံတွဲများကို လေ့လာရာမှာလည်း လိင်ဆက်ဆံမှု မကြာခဏ ပြုသူများက လိင်ဆက်ဆံခြင်း နည်းသူများထက် ဒီပဋိဇီဝပစ္စည်း ပမာဏပို […]


ရေယုန်

လိင်အင်္ဂါ ရေယုန်

လိင်ဆက်ဆံမှုကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ အများကြီးရှိတာ တော်တော်များများ သိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ဒီရောဂါတွေထဲကမှ အဖြစ်များလှတဲ့ လိင်အင်္ဂါ ရေယုန် ရောဂါအကြောင်း ပြောပြချင်ပါတယ်။ လိင်အင်္ဂါ ရေယုန် ဆိုတာ ဘာလဲ လိင်အင်္ဂါရေယုန် ဆိုတာက လိင်ဆက်ဆံရာကတစ်ဆင့် အဓိကကူးစက်တဲ့ ရောဂါပိုးဖြစ်ပါတယ်။ အနာ၊ အရည်ကြည်ဖုတွေ ဖြစ်စေသလို အရည်တွေစိမ့်လာတာမျိုးလည်း ရှိပါတယ်။ အသက် ၁၄နှစ်နဲ့ ၄၉နှစ်ကြား လူတွေရဲ့ ၁၆ ရာခိုင်နှုန်းမှာ ဒီလိုကူးစက်မှု ရှိနေကြပါတယ်။ ဘာကြောင့် ဖြစ်တာလဲ herpes simplex virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ အဲဒီပိုးက မိမိမှာတင် ရပ်တန့်နေမှာ မဟုတ်ဘဲ မိမိရဲ့ အိမ်ထောင်ဖက်၊ ချစ်ရသူ၊ လက်တွဲဖော်တွေကိုပါ ကူးစက်စေနိုင်ပါတယ်။ ဒါကြောင့်မို့  ကုသမှုမြန်မြန် ခံယူပြီး သူများကို ထပ်မံမကူးစက်အောင် ကာကွယ်ဖို့လိုပါတယ်။ ဘယ်လို ကူးစက်လဲ သင့်ရဲ့အရေပြားအောက်မှ အမြှေးပါးလေးတွေကတစ်ဆင့် […]


သားဆက်ခြားခြင်း

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာဘာလဲ

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ဆိုတာ ဘာလဲ သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းဆိုတာ သားအိမ်ထဲမှာ ကိုယ်ဝန်မရဖို့ထည့်ထားရတဲ့ အက္ခရာ T ပုံစံပစ္စည်းလေး ဖြစ်ပြီး အရွယ်အစားအားဖြင့်တော့ သားအိမ်ရဲ့၄ပုံ၁ပုံ အရွယ်လောက်သာ ရှိပါတယ်။ အမျိုးအစားအားဖြင့် ကြေးနီနဲ့ပြုလုပ်ထားတဲ့ အမျိုးအစားရယ်၊ ဟော်မုန်းပါဝင်တဲ့အမျိုးအစားရယ်လို့ရှိပါတယ်။ နှစ်မျိုးလုံးကို ဈေးကွက်ထဲမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ ကြေးနီပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းက သုက်ပိုးတွေကို မမျိုးဥဆီမရောက်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်တားပေးပါတယ်။ အဲဒီအပြင် သန္ဓေအောင်သွားခဲ့ရင်လည်း သားအိမ်ထဲမှာ သန္ဓေတည်ရခက်အောင် လုပ်နိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ သားအိမ်ခေါင်းချွဲကို ထူပျစ်စေတယ်၊ သားအိမ်အတွင်းသားနံရံတွေကို ပါးလွှာစေတယ်၊ အဲဒီအပြင် မမျိုးဥကြွေခြင်းကိုပါ တားဆီးပေးပါတယ်။ အဲဒီနည်းနဲ့ သုက်ကောင်နဲ့မမျိုးဥတွေ့ဆုံပြီး သန္ဓေအောင်ခြင်း၊ သန္ဓေတည်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ပရိုဂျက်စထရုန်း ပါဝင်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းကို ရာသီလာတဲ့အခါ ကိုက်ခဲခြင်း၊ ပမာဏများများဆင်းခြင်းတို့ ကြုံတွေ့နေရတဲ့ မိန်းကလေးတွေအတွက် […]


သားဆက်ခြားခြင်း

သားဆက်ခြားခြင်းအကြောင်း သိကောင်းစရာများ

သားဆက်ခြားဖို့ အသုံးပြုလို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အရေးပေါ်ကိုယ်ဝန်တားဆေး၊ ကာလတိုနည်းတွေ ဖြစ်တဲ့ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ ကာလရှည်နည်းတွေ ဖြစ်တဲ့ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ နောက်ပြီး သားကြောဖြတ်ခြင်း၊ ကိုယ်ဝန်ကိုရော၊ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါများကိုပါ ကာကွယ်ပေးနိုင်တဲ့ ကွန်ဒုံးနဲ့၊ တခြား သဘာဝနည်းလမ်းတွေလည်း ရှိပါတယ်။ သင့်အတွက် မှန်ကန်တဲ့ သားဆက်ခြားနည်းတစ်ခု ရွေးချယ်နိုင်ဖို့ တကယ်လို့ သင်ဟာ ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ရွေးချယ်နေတယ်ဆိုရင် သင့်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရဖို့နဲ့ သင့်အဖော်နဲ့ ပွင့်လင်းစွာ တိုင်ပင်ဖို့ အရေးကြီးပါတယ်။ နည်းလမ်းတစ်ခုချင်းစီဟာ ဘယ်လိုအလုပ်လုပ်တယ်၊ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိတယ်၊ ဘယ်လိုအလွယ်တကူ အသုံးပြုလို့ရတယ်၊ ဘယ်လောက်ကုန်ကျနိုင်တယ် ဆိုတာတွေကို သိထားဖို့ လိုပါတယ်။ နောက်ပြီး သင့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ဘဝနေထိုင်မှု၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာနိုင်ပါ့မလား။

အဓမ္မပြုကျင့်ခြင်းဆိုတာလူတစ်ယောက်ရဲ့ဆန္ဒမပါဘဲတခြားလူတစ်ယောက်ကအတင်းအကျပ်လိင်ဆက်ဆံခြင်းသို့မဟုတ် အလိုမတူဘဲသားမယားပြုကျင့်ခံရခြင်းကိုခေါ်ပါတယ်။ နစ်နာသူကိုအရက်သေစာဒါမှမဟုတ် မူးယစ်ဆေးဝါးတိုက်ကျွေးထားတဲ့အချိန်မှာလည်းဒီဖြစ်ရပ်တွေဖြစ်နိုင်ပါတယ်။ အဓမ္မပြုကျင့်ခြင်းမှာယောနိ၊ စအိုသို့မဟုတ် ပါးစပ်တို့မှ လိင်ဆက်ဆံခြင်းတို့ပါဝင်ပါတယ်။ မုဒိမ်းမှုဟာရာဇဝတ်ပြစ်မှုကြီးဖြစ်ပါတယ်။ ဆိုလိုတာကလူတစ်ယောက်ကျူးလွန်နိုင်တဲ့ ရာဇဝတ်မှုတွေထဲမှာအကြီးလေးဆုံးပြစ်မှုတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် အမျိုးသားတွေလည်းမုဒိမ်းကျင့်ခံရနိုင်ပါတယ်။ အကြိမ်များစွာမှာမုဒိမ်းကောင်ကနစ်နာသူကိုအတင်းအကျပ်လိင်ဆက်ဆံဖို့ အကြမ်းဖက်မှုကိုသုံးပါတယ်။ ကျူးလွန်သူဟာမုဒိမ်းမှုကိုကျူးလွန်ဖို့ ကြောက်ရွံ့စိတ်တစ်ခုတည်းကိုလည်းအသုံးချသွားနိုင်ပါတယ်။ မုဒိမ်းမှုကြောင့် နစ်နာသူမှာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်နစ်နာစေပါတယ်။ ုဒိမ်းမှုကနစ်နာသူကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေပါတယ်။ မုဒိမ်းမှုကြောင့်ဖြစ်လာရတဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုတွေထဲမှာ- အရိုးကျိုးခြင်း၊ ပေါက်ပြဲဒဏ်ရာများ၊ပြတ်ရှဒဏ်ရာများနဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့်ရတဲ့ တခြားထိခိုက်ဒဏ်ရာများ၊ လိင်အင်္ဂါ သို့မဟုတ် စအိုမှာထိခိုက်ဒဏ်ရာရခြင်း၊ လိင်ဆက်ဆံရာမှ ကူးစက်နိုင်သောရောဂါများကိုထိတွေ့ခဲ့ရခြင်း- (အေအိုင်ဒီအက်စ် ဖြစ်စေသော HIV ဗိုင်းရပ်ပိုး၊ ရေယုန်၊ ဆီးပူညောင်းကျဂနိုရောဂါ၊ဆစ်ဖလစ်ရောဂါ) မလိုလားသည့် ကိုယ်ဝန် တို့ပါဝင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေမှာ- အရှက်ရမှု၊ ရှက်ရွံ့မှု အပြစ်ရှိသူလိုခံစားရခြင်း တန်ဖိုးမဲ့သွားရသလိုခံစားရခြင်းတို့ဖြစ်ပါတယ်။ အောက်ပါအချက်တွေနဲ့ပတ်သက်ပြီးသင့်မှာပြဿနာရှိလာနိုင်ပါတယ်- ကြောက်ရွံ့မှု စိတ်ဓါတ်ကျခြင်း ဒေါသဖြစ်ခြင်း ယုံကြည်မှု ယောကျာ်းတွေကိုစိတ်ဝင်စားမှု(ကျူးလွန်သူတရားခံကယောကျာ်းဖြစ်ခဲ့ရင်) ဘဝနောက်ပိုင်းမှာအလိုဆန္ဒတူလိင်ဆက်ဆံခြင်း( အနိုင်ကျင့်မှုမပါဘဲလိင်ဆက်ဆံခြင်းမှာစိတ်ပါနိုင်စွမ်းမရှိခြင်း) ပြန်မြင်ယောင်နေခြင်း( မုဒိမ်းမှုအကြောင်းကိုစိတ်ထဲမှာ ပြန်ပေါ်နေခြင်း) အိပ်မက်ဆိုးများ […]


ဆစ်ဖလစ်ပိုးဝင်ခြင်း(ကာလသားရောဂါ)

ကာလသားရောဂါ

လိင်ကတစ်ဆင့် ကူးစက်တဲ့ ကာလသားရောဂါတွေနဲ့ ပတ်သက်ပြီးမှားယွင်းစွာသိနေကြတာတွေ အများကြီးရှိပါတယ်။ မှန်ပါတယ်။ ရေယုန်၊ HIV စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မရချင်ဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်းစိတ်ချရတဲ့ နည်းလမ်းကတော့ လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ခြင်းပါပဲ။ ဒါပေမယ့် ကိုယ်ကလိင်ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သိထားသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။ ခုဆက်ပြောမှာကတော့ ကာလသားရောဂါတွေနဲ့ ပတ်သက်ပြီးလွဲမှားစွာသိနေကြတဲ့ အယူအဆအမှား(၅)ခုအကြောင်းပဲ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ ကာလသားရောဂါရှိမရှိ ဆရာဝန်တွေတောင် မပြောနိုင်ပါဘူး။ သွေးစစ်ဆေးမှုတွေ၊ တခြားစစ်ဆေးမှုတွေ လုပ်ရပါတယ်။ လူတွေဟာကိုယ့်ကိုယ်ကိုယ် ရောဂါပိုးရှိနေမှန်းလည်းမသိကြပါဘူး။ ဘာဖြစ်လို့ဆိုရင် အမြဲလက္ခဏာ ပြတတ်တာမဟုတ်လို့ပါ။ ဒါပေမယ့် ဒီပိုးတွေကိုသယ်ဆောင်ထားပြီးတခြားတစ်ယောက်ဆီကိုတော့ ကူးစက်စေနိုင်ပါတယ်။ ကုသမှုမယူဘဲနေလိုက်မယ်ဆိုရင် ကလေးမရနိုင်တော့ဘဲ မြုံသွားခြင်း၊ ဆေးရုံတက်ကုသဖို့တောင် လိုနိုင်တဲ့ သားအိမ်ရောင်ရမ်းခြင်းလို ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ဘာလုပ်နိုင်လဲဆိုရင် တကယ်လို့ ကိုယ်ရော၊ ကိုယ့်အဖော်ရောကာလသားရောဂါမရှိဘူးထင်ရင်တောင်မှ လိင်မဆက်ဆံခင် စစ်ဆေးကြည့်သင့်ပါတယ်။ […]


သားဆက်ခြားခြင်း

သုက်ပိုးသတ်ဆေး

သုက်ပိုးသတ်ဆေးဆိုတာဘာလဲ သုက်ပိုးသတ်ဆေးတွေကပုံစံမျိုးနဲ့ လာပါတယ်။ ခရင်မ်၊ ဂျယ်လ်၊ ဆပ်ပြာပုံစံ၊ အရည်ကြည်၊ အတောင့်ပုံစံစသဖြင့် ရှိပါတယ်။ အများစုမှာတော့ သုက်ပိုးကိုသတ်နိုင်တဲ့ nonoxynol-9လို့ခေါ်တဲ့ဓါတုပစ္စည်း ပါဝင်ပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုတစ်မျိုးတည်းအသုံးပြုနိုင်သလို၊ တခြားသားဆက်ခြားနည်းတခုခုနဲ့ တွဲသုံးမယ်ဆိုရင်တော့ ပိုပြီးထိရောက်ပါတယ်။ ဘယ်လိုအလုပ်လုပ်တာလဲ သုက်ပိုးသတ်ဆေးတွေဟာသုက်ပိုးကိုမလှုပ်နိုင်အောင် လုပ်ပြီးသူတို့ သားအိမ်ဆီမကူးခတ်နိုင်ခင်မှာသတ်ပစ်လိုက်ပါတယ်။ ပိုပြီးထိရောက်စေချင်ရင်တော့ မိန်းမကိုယ်အတွင်းပိုင်း၊ သားအိမ်ခေါင်းနေရာထိသုက်ပိုးသတ်ဆေးတွေကိုထည့်ထားနိုင်ဖို့ လိုပါတယ်။ ခရင်မ်၊ ဂျယ်နဲ့ ဆပ်ပြာပုံစံတွေကိုတော့ ပစ္စည်းလေးတစ်ခုသုံးပြီးထည့်နိုင်ပါတယ်။ တခြားပုံစံသုက်ပိုးသတ်ဆေးတွေကိုလက်ကိုအသုံးပြုပြီးထည့်လို့ ရပါတယ်။ သုက်ပိုးသတ်ဆေးတွေကိုလိင်မဆက်ဆံမီမှာမိန်းမကိုယ်ထဲထည့်ထားဖို့ လိုပြီးမဆက်ဆံမီဘယ်လောက်အကွာမှာထည့်ထားရင် သုံးလို့ရတယ်ဆိုတာကိုတော့ အညွှန်းစာရွက်တွေမှာ ကြည့်နိုင်ပါတယ်။ တချို့က ချက်ချင်းအကာအကွယ်ပေးနိုင်ပြီးတချို့ကတော့ မဆက်ဆံမီအနည်းဆုံး ၁၅မိနစ်ခန့် ကြိုတင်ပြီးထည့်ထားဖို့ လိုပါတယ်။ ဒါပေမယ့် ပျော်ဝင်ပြီးအာနိသင်ပြနိုင်မှာ ဖြစ်ပါတယ်။ သုက်ပိုးသတ်ဆေးတွေအားလုံးကတော့ ထည့်ပြီး ၁နာရီအထိပဲ ထိရောက်မှုရှိပါတယ်။ ၁နာရီကျော်သွားရင်တော့ ဒါမှမဟုတ် ထပ်ပြီးဆက်ဆံဦးမယ်ဆိုရင်တော့ နောက်ထပ်တစ်ခါ သုံးဖို့ လိုပါလိမ့်မယ်။ သုံးတဲ့အခါမှာမိန်းကလေးတွေအနေနဲ့ ဆက်ဆံပြီး ၆နာရီကြာတဲ့အထိ မိန်းမကိုယ်ကိုဆေးကြောပစ်တာမျိုးမပြုလုပ်သင့်ပါဘူး။ ဘယ်လိုအလုပ်လုပ်တာလဲ ဒီနည်းတစ်ခုတည်းကိုပဲသုံးတဲ့တစ်နှစ်အတွင်းအမျိုးသမီးအယောက်တစ်ရာမှာ ၂၉ယောက်ဟာ […]


HIV နှင့် AIDS ရောဂါ

HIVရောဂါရှိနေတဲ့ သူငယ်ချင်းကို ဘယ်လို ကူညီမလဲ။

တကယ်လို့ သင့်သူငယ်ချင်းထဲက တစ်ယောက်ယောက်ဟာ HIVရောဂါပိုးရှိတယ်လို့ ဆေးစစ်ပြီးသိရတဲ့အခါ သူတို့ဟာအရမ်းကို စိတ်လှုပ်ရှားပြီး စိုးရိမ်ပူပန်နေပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဦးတည်းသီးခြားနေနိုင်ပြီး အလွန်ကြောက်ရွံ့ စိုးရိမ်နေပါလိမ့်မယ်။ ဒီလိုအချိန်မှာသင်ဟာ သူတို့အတွက် ယုံကြည်စိတ်အချရဆုံးနှင့် ရင်ဖွင့်စရာ သူငယ်ချင်း အဖော်ကောင်း တစ်ယောက်အဖြစ် သင်ရှိနေနိုင်ပါတယ်။ သို့သော်တကယ်လို့ သင်ဟာ သူတို့ကိုကောင်းကောင်းမကူညီနိုင်ဘူးဆိုရင်တော့ သင်လုပ်ပေးသမျှတွေက သူတို့ကိုပိုပြီးထိခိုက်စေ စိတ်ဓါတ်ကျစေတာလည်း ဖြစ်စေနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ချို့က သင်ဟာ သင့်ရဲ့ HIV ရောဂါပိုးရှိတဲ့ သူငယ်ချင်းကို ကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။   မိမိကိုယ်ကို မိမိယုံကြည်မှုရှိခြင်းဟာ အကောင်းဆုံးဆိုတာကို သတိရအောင် ပြောပြပေးပါ။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို သင့်ကို ဖွင့်ပြောလာပါက ဒါဟာ သင့်ကို အယုံကြည်ဆုံးမို့လို့ပြောပြခြင်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့မယုံကြည်ရတဲ့သူတွေအကြောင်းကိုလည်း သင့်ကိုပြောပြနိုင်ပါတယ်။ သင့်သူငယ်ချင်းဟာ သူရဲ့ရောဂါအကြောင်းကို ဖွင့်ဟပြောဆိုဖို့ရာလူကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင်

ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် တချို့အချက်တွေတော့ သိထားဖို့လိုပါမယ်နော်။ ရာသီလာတယ်ဆိုတာ သားအိမ်နံရံက အလွှာလေးတွေ ကွာကျလာပြီး မိန်းမကိုယ်ကတစ်ဆင့် အပြင်ကို ဆင်းလာတာကို ခေါ်တာပါ။ တချို့အတွဲတွေကတော့ တခြားရက်တွေထက် ရာသီလာနေတဲ့ရက်တွေမှာ လိင်ဆက်ဆံရတာကို ပိုပြီးနှစ်သက်တတ်ကြပါတယ်။ အဲဒီလို ရာသီလာနေချိန်အတွင်း အတူနေဖို့ စိတ်ကူးရှိတယ်ဆိုရင်တော့ အကျိုးအပြစ် ဘာတွေရှိသလဲဆိုတာ ကြိုသိထားဖို့ လိုပါတယ်။ တချို့လူတွေ ထင်တတ်ကြသလို၊ ရာသီလာနေစဉ် အတူနေတာဟာ ကျန်းမာရေးကို ကြီးကြီးမားမား မထိခိုက်စေပါဘူး။ အန္တရာယ်တခုခု ဖြစ်စေနိုင်တာမျိုးလည်း မရှိဘူး။ ဒါပေမယ့်လည်း ဒီလိုအချိန်မှာ အတူနေတာက နည်းနည်းတော့ အလုပ်ရှုပ်ပါတယ်။ အထူးသဖြင့်တော့ ရာသီစပေါ်တဲ့ ပထမဆုံးရက်တွေမှာပေါ့။ ရာသီလာနေစဉ် လိင်ဆက်ဆံ မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ (၁) ရောဂါပိုးကူးစက်ခံရနိုင်ခြင်း ရာသီသွေးကတစ်ဆင့် HIV ပိုးလို လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးတွေ ရသွားနိုင်ပါတယ်။ ဒါကြောင့်မို့ HIV […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အကောင်းအဆိုးများ

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာကို အတော်များများ ကြားဖူးကြမှာပါ။ ဒီဆောင်းပါးလေးမှာတော့ သူ့ရဲ့ အကျိုးအပြစ် .. အားသာချက်နဲ့ အားနည်းချက်လေးတွေကို ပြောပြချင်ပါတယ်။ ဘယ်အရာမဆို ကောင်းခြင်းဆိုးခြင်းဆိုတာ ဒွန်တွဲနေတတ်စမြဲမို့ မိမိနဲ့ မိမိချစ်သူကို အကျိုးများစေနိုင်လား ဘယ်လိုကျန်းမာရေးပြဿနာတွေ ပေးနိုင်မလဲဆိုတာ သေချာလေ့လာကြည့်ရအောင်နော်။ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ဆိုတာ ဘာလဲ လိင်တံ၊ ဒါမှမဟုတ် မိန်းမကိုယ်ကို ပါးစပ်အသုံးပြုပြီး လိင်စိတ်နှိုးဆွခြင်းကို ခေါ်တာပါ။ လိင်တံကို ပါးစပ်နဲ့ ဆက်ဆံပေးခြင်းကို Fellatio လို့ခေါ်ပြီး မိန်းမကိုယ်ကို ဆက်ဆံပေးခြင်းကိုတော့ Cunnilingus လို့ခေါ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံခြင်းဟာ ကိုယ့်အဖော်နဲ့ ရင်းနှီးချစ်ခင်မှုကို ပိုစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာလည်း မကောင်းတဲ့အချက်များလည်း ရှိပါတယ်။ https://hellosayarwon.com/sexual-wellness/more-stis-stds/stds-cause-by-oral-sex/ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်း ရဲ့ အားသာချက်များ ဆက်ဆံရေးနှင့် ရင်းနှီးမှုကို ပိုကောင်းစေခြင်း ပါးစပ်နဲ့ ဆက်ဆံတာကို စိတ်ကျေနပ်မှုရဖို့ဆိုရင် ကိုယ်နဲ့ ကိုယ့်အဖော်ကြားမှာ စစ်မှန်ပြီး […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)