backup og meta

HIV / AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV / AIDS (ခုခံအားကျဆင်းမှုကူးစက်ရောဂါ)

    HIV ဆိုတာ ကမ္ဘာတလွှားက လူအတော်များများရဲ့ဘဝကို ပျက်စီးစေလျက်ရှိတဲ့ အန္တရာယ်ကြီးမားတဲ့ ရောဂါပိုးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သွေးနဲ့ လိင်ဆက်ဆံမှုကတဆင့်လည်း ကူးစက်လွယ်တဲ့ရောဂါဖြစ်ပါတယ်။ HIV / AIDS ရောဂါအကြောင်းကို အောက်မှာ ထပ်ဖော်ပြထားပါတယ်။

    HIV/ AIDS အကြောင်း ဘာတွေသိထားသလဲ

    HIV ဆိုတာ လူ့ခန္ဓာကိုယ်အတွင်းမှာ ရောက်ရှိလာတာနဲ့ ကျန်းမာရေးကို စတင်ပြီး ထိခိုက်ယိုယွင်းစေနိုင်တဲ့ ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ ပိုပြီးအသေးစိတ်ပြောရရင် သူ့ရဲ့ပစ်မှတ်က ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ဖို့ဖြစ်ပါတယ်။ အဲဒီနောက် အအေးမိတာလိုမျိုး အသေးစားဝေဒနာကနေ အဖျားတက်ခြင်းလိုမျိုး ပြင်းထန်တဲ့အခြေအနေတွေအထိ ရောဂါဝေဒနာတွေကို ကိုယ်ခံအားစနစ်က တုံ့ပြန်ခုခံနိုင်စွမ်း အားနည်းသွား စေပါတယ်။ ဒီရောဂါပိုးကို အကာအကွယ်ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်မှုအများဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးမှာ HIV ပိုးရှိနေရင် သူ့ရဲ့ကလေးမှာလည်း ရောဂါကူးစက်ခံရဖို့ များပါတယ်။ AIDS ရောဂါဟာ HIV ရဲ့နောက်ဆုံးအဆင့်မှာဖြစ်လာတဲ့ရောဂါဖြစ်ပါတယ်။

    HIV ရှိမရှိ စမ်းသပ်စစ်ဆေးခြင်း

    သင့်မှာ HIV ရှိနေတယ်လို့ သံသယရှိနေတယ်ဆိုရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ဆေးစစ်ပါ။ စစ်ဆေးမှုခံယူဖို့အချိန်ဆွဲနေလေ သင်သေရဖို့ ပိုနီးလာလေ ဖြစ်နေပါလိမ့်မယ်။

    သင့်မှာ HIV ကူးစက်ခံရခြင်းရှိမရှိကို သိရှိဖော်ထုတ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက HIV ဆေးစစ်မှု ခံယူဖို့ပါပဲ။ စစ်ဆေးမယ့်ဆရာဝန်တွေက သင့်ရဲ့သွေး ဒါမှမဟုတ် တံတွေးကို နမူနာယူပြီး ရောဂါကူးစက်ခံထားရတဲ့ လက္ခဏာရှိမရှိကို ရှာဖွေစစ်ဆေးမှာဖြစ်ပါတယ်။

    သင့်ရဲ့ရလဒ်တွေက အနှုတ်လက္ခဏာ ထွက်လာမယ်ဆိုရင် ဝမ်းသာဂုဏ်ယူလိုက်ပါတော့။ သင့်မှာ HIV မရှိပါဘူး။ နောက်တစ်မျိုးကတော့ သင့်မှာ HIV ရှိနေနိုင်တယ်လို့ ရလဒ်ကဖော်ပြနေတယ်ဆိုရင် ဒီရလဒ်ကို အတည်ပြုဖို့ သွေးထပ်စစ်ရပါမယ်။ သွေးထပ်စစ်လို့ရှိတယ်လို့အဖြေထွက်နေရင်တော့ သင်နဲ့ HIV ကျွမ်းကျင်ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတွေကြားမှာ ဆက်လက်စမ်းသပ်မှုနဲ့ ကုသမှုရွေးချယ်စရာတွေအကြောင်း ဆွေးနွေးကြရမှာဖြစ်ပါတယ်။

    HIV ရှိနေတဲ့သူတွေကို ကုသစောင့်ရှောက်ခြင်းနဲ့ အတူနေထိုင်ခြင်း

    လက်ရှိမှာတော့ HIV/AIDS ရှိသူ လူနာတွေအတွက် ကုသပျောက်ကင်းနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။ ဒါပေမယ့် ယနေ့ခေတ်ကုထုံးတွေက HIV ရှိသူတွေကို ကျန်းမာစွာနဲ့ သက်တမ်းစေ့နေနိုင်အောင် လုပ်ပေးနိုင်တာကြောင့် အတန်အသင့် ထိရောက်မှုရှိပါတယ်။

    သင့်မှာ HIV သို့မဟုတ် AIDS ရှိနေပြီဆိုရင် ဆေးပြားပုံစံနဲ့ ဆေးဝါးမျိုးစုံကို သောက်ဖို့လိုလာပါလိမ့်မယ်။ ပုံမှန် အားဖြင့် ဆေးဝါးတစ်မျိုးတည်းသောက်ရုံနဲ့ မလုံလောက်ဘဲ မတူညီတဲ့ဆေးတွေကို ပေါင်းသောက်ဖို့ ညွှန်ကြားခံရ နိုင်ပါတယ်။

    ဒါ့အပြင် သင့်မှာကျန်ရှိနေတဲ့သက်တမ်းကို ဆွဲဆန့်နိုင်ဖို့အတွက် ကျန်းမာတဲ့နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ လက်ရှိမှာ HIV ရှိသူနဲ့အတူနေထိုင်ကြသူတွေအနေနဲ့ ကုထုံးမှာပါတဲ့ အေအာရ်တီကုသမှု (HIV ပိုးကုသဆေး)ကို ခံယူခြင်းက လိင်ဆက်ဆံဖော်ဆီကို HIV ကူးစက်ပြန့်ပွားစေနိုင်တဲ့အန္တရာယ် လျော့နည်းစေနိုင်တယ်လို့ သိရပါတယ်။ သွေးစစ်ချက်တွေက စစ်ဆေးတွေ့ရှိနိုင်စွမ်းမရှိတဲ့HIVဗိုင်းရပ်စ်ကို ဒီကုထုံးက တွေ့ရှိနိုင်စွမ်းရှိတာကြောင့် အရမ်းကိုအရေးကြီးပါတယ်။ HIVပိုးရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သူတို့ရဲ့ ရင်သွေးတွေဆီ HIV ကူးစက်စေတာမျိုး ဖြစ်ခဲလှတယ်ဆိုပေမယ့် ဖြစ်နိုင်ခြေလည်းရှိပါတယ်။

    HIV ကို ကြိုတင်ကာကွယ်ခြင်း

    အကြောင်းကြောင်းကြောင့် ဆေးထိုးအပ်ကို မျှသုံးတဲ့သူတွေ ဒါမှမဟုတ် ကွန်ဒုံးမပါဘဲ အကာအကွယ်မဲ့လိင်ဆက်ဆံသူတွေမှာ HIV အဖြစ်များဆုံးဖြစ်ပါတယ်။

    HIV ကိုကြိုတင်ကာကွယ်နိုင်ဖို့ဆိုရင် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးသုံးရမှာဖြစ်သလို ဆေးထိုးအပ်လိုမျိုး ခန္ဓါကိုယ်တွင်း ထိုးသွင်းရတဲ့အရာမျိုးတွေ၊ ဇွန်းတွေ၊အနာသုတ်ဂွမ်းစ တို့ကို တခြားသူနဲ့မျှမသုံးရပါဘူး။ လိင်နှိုးဆွမှု မစတင်မီကတည်းက သင့်ဆက်ဆံဖော်ရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ထားဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။

    သင့်မှာ HIVရှိနေနိုင်တယ်လို့ သံသယရှိနေပါက ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်ပြီး ရောဂါရှာဖွေမှု၊ ကုသမှုနဲ့ ဆေးဝါးကုထုံးတို့ကို ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Yun Sandi Nan Mon မှ ရေးသားသည်။ · 09/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement