backup og meta

ကာလသားရောဂါ

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကာလသားရောဂါ

    လိင်ကတစ်ဆင့် ကူးစက်တဲ့ ကာလသားရောဂါတွေနဲ့ ပတ်သက်ပြီးမှားယွင်းစွာသိနေကြတာတွေ အများကြီးရှိပါတယ်။ မှန်ပါတယ်။ ရေယုန်၊ HIV စတဲ့ လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မရချင်ဘူးဆိုရင် ၁၀၀ ရာခိုင်နှုန်းစိတ်ချရတဲ့ နည်းလမ်းကတော့ လိင်ဆက်ဆံမှုကိုရှောင်ကြဉ်ခြင်းပါပဲ။ ဒါပေမယ့် ကိုယ်ကလိင်ဆက်ဆံဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သိထားသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။

    ခုဆက်ပြောမှာကတော့ ကာလသားရောဂါတွေနဲ့ ပတ်သက်ပြီးလွဲမှားစွာသိနေကြတဲ့ အယူအဆအမှား(၅)ခုအကြောင်းပဲ ဖြစ်ပါတယ်။

    လူတစ်ယောက်ကို ကြည့်လိုက်ရုံနဲ့ ကာလသားရောဂါရှိမရှိ ဆရာဝန်တွေတောင် မပြောနိုင်ပါဘူး။ သွေးစစ်ဆေးမှုတွေ၊ တခြားစစ်ဆေးမှုတွေ လုပ်ရပါတယ်။ လူတွေဟာကိုယ့်ကိုယ်ကိုယ် ရောဂါပိုးရှိနေမှန်းလည်းမသိကြပါဘူး။ ဘာဖြစ်လို့ဆိုရင် အမြဲလက္ခဏာ ပြတတ်တာမဟုတ်လို့ပါ။ ဒါပေမယ့် ဒီပိုးတွေကိုသယ်ဆောင်ထားပြီးတခြားတစ်ယောက်ဆီကိုတော့ ကူးစက်စေနိုင်ပါတယ်။ ကုသမှုမယူဘဲနေလိုက်မယ်ဆိုရင် ကလေးမရနိုင်တော့ဘဲ မြုံသွားခြင်း၊ ဆေးရုံတက်ကုသဖို့တောင် လိုနိုင်တဲ့ သားအိမ်ရောင်ရမ်းခြင်းလို ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

    ဘာလုပ်နိုင်လဲဆိုရင် တကယ်လို့ ကိုယ်ရော၊ ကိုယ့်အဖော်ရောကာလသားရောဂါမရှိဘူးထင်ရင်တောင်မှ လိင်မဆက်ဆံခင် စစ်ဆေးကြည့်သင့်ပါတယ်။ ပြီးရင် စိတ်ချရဖို့အတွက် ဆက်ဆံတိုင်းမှာလည်းကွန်ဒုံးသုံးဖို့ လိုတယ်။ ဘာလို့ဆိုတော့ တချို့သောပိုးတွေကစစ်လို့ပေါ်ဖို့အတွက် အချိန်တစ်ခု ကြာတတ်လို့ပါပဲ။

    အမှား – ပါးစပ် ဒါမှမဟုတ် စအိုနဲ့ လိင်ဆက်ဆံရင် ကာလသားရောဂါတွေကိုကာကွယ်နိုင်တယ်

    အမှန် – ပါးစပ်၊ စအို၊ မိန်းမကိုယ် ဘယ်လိုနည်းနဲ့ ဆက်ဆံသည်ဖြစ်စေ၊ ကူးစက်နိုင်ပါတယ်။

    ကာလသားရောဂါတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ ဘက်တီးရီးယားတွေကပါးစပ်၊ လိင်အင်္ဂါနဲ့ စအိုမှာရှိတဲ့ အင်မတန်သေးငယ်တဲ့ ပေါက်ပြဲမှုတွေကတစ်ဆင့် ခန္ဓါကိုယ်ထဲ ဝင်နိုင်ပါတယ်။ ရေယုန်လို၊ လိင်အင်္ဂါကြွက်နို့လိုရောဂါပိုးမျိုးတွေဆိုပိုးရှိတဲ့နေရာနဲ့ အရေပြားချင်းထိတွေ့ရာကနေတောင် ကူးစက်နိုင်ပါတယ်။

    ဘာလုပ်ရမလဲဆိုရင် ကွန်ဒုံးသုံးပါ။ ပါးစပ်နဲ့ဆက်ဆံတဲ့အခါတိုင်းသုံးပါ။ တကယ်လို့ Latex နဲ့ လုပ်ထားတဲ့ ကွန်ဒုံးကအဆင်မပြေဘူးဆိုရင် ပါးစပ်နဲ့ဆက်ဆံဖို့ သီးသန့်ုထုတ်ထားတဲ့ အနံ့ပါတဲ့ ကွန်ဒုံးတွေအသုံးပြုနိုင်ပါတယ်။

    အမှား – ကာလသားရောဂါတစ်ခါ ဖြစ်ဖူးရင် နောက်တစ်ခါ ထပ်မဖြစ်တော့ပါ

    အမှန် – ကာလသားရောဂါတွေကိုတစ်ကြိမ်တစ်ခါထက် ပိုပြီးရနိုင်ပါတယ်

    တချို့သောလိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဥပမာရေယုန်နဲ့ HIV ပိုးတွေဟာတစ်သက်လုံးမပျောက်နိုင်တော့ပါဘူး။ ခါလ်မိုင်းဒီယားနဲ့ ဆီးပူညောင်းကျပိုးတွေဆိုရင်တော့ ကုလို့ရနိုင်ပေမယ့် ပိုးရှိတဲ့သူနဲ့ အကာအကွယ်မဲ့ ဆက်ဆံမိတယ်ဆိုနောက်တစ်ခါ ကူးစက်ခံရဦးမှာ ဖြစ်ပါတယ်။

    ဘာလုပ်ရမလဲဆိုရင် ကွန်ဒုံးသုံးပြီးကာကွယ်ဖို့ လိုပါမယ်။ အကာအကွယ်မဲ့ ဆက်ဆံမှုရှိထားတယ်ဆိုရင် ဆရာဝန်ကို အသိပေးပါ။ ဒါမှ မှန်မှန်ကန်ကန် စစ်ဆေးလို့ရမှာဖြစ်ပါတယ်။ တကယ်လို့ ပိုးရှိနေတယ်လို့ အဖြေရရင်တော့ ကိုယ်တင်မကဘဲကိုယ့်အဖော်ကိုပါ ကုသဖို့ လိုပါတယ်။ နောက်ကိုကိုယ်နဲ့ကိုယ့်အဖော် ပြဿနာမဖြစ်ဖို့ ရှောင်ရှားချင်တယ်ဆိုရင်တော့ ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ဖု့ိလိုပါတယ်။

    အမှား – ကိုယ့်မှာကာလသားရောဂါပိုးရှိမနေဘူးလို့ အဖြေထွက်ရင် ကိုယ့်အဖော်လည်းစစ်ဆေးစရာမလိုတော့ဘူး

    အမှန် – ကိုယ့်အဖော်ကသူကိုယ်တိုင်တောင် မသိဘဲပိုးရှိနေတာမျိုးဖြစ်နိုင်ပါတယ်

    ဒီရောဂါတွေကအထူးသဖြင့် မိန်းကလေးတွေမှာ ပိုးဝင်သွားပေမယ့် လက္ခဏာချက်ချင်းမပြတာမျိုးရှိတတ်ပါတယ်။

    ဘာလုပ်လို့ရလဲဆိုတော့ အတူသွားပြီးစစ်ဆေးကြည့်သင့်ပါတယ်။ ဒါကရိုမန်တစ်ဆန်တဲ့ ချိန်းဆိုမှုတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အဖော်ရဲ့ ကျန်းမာရေးကိုဂရုစိုက်ရာတော့ ရောက်ပါတယ်။

    လိင်ကိစ္စတွေ၊ ကာလသားရောဂါတွေနဲ့ ပတ်သက်ပြီးများပြားလှတဲ့ အယူအဆမှားတွေ ရှိနေပါတယ်။ အပေါ်မှာပြောခဲ့တာတွေကတော့ အဲဒီထဲကတချို့သာဖြစ်ပါတယ်။ ကံကောင်းပါတယ်၊ သင်တို့အနေနဲ့ အဲဒီအယူအဆအမှားတွေအကုန်လုံးကိုမှတ်မိနေစရာမလိုပါဘူး။ ဒါတွေသိရင် ရပါပြီ။

    ကာလသားရောဂါတွေကို ၁၀၀ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ နည်းလမ်းကလိင်ဆက်ဆံမှုကိုရှောင်ရှားခြင်းဖြစ်ပါတယ်။

    တကယ်လို့ ဆက်ဆံမယ်ဆိုရင်လည်းလိင်ဆက်ဆံတဲ့အခါတိုင်းကွန်ဒုံးသုံးဖို့ လိုပါတယ်။

    တကယ်လို့ အကာအကွယ်မဲ့ ဆက်ဆံပြီးသွားရင် ကာလသားရောဂါရှိမရှိကိုစမ်းသပ်စစ်ဆေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Phio Thiha

    သားဖွားပညာ · Phyo Clinic (Pazundaung)


    10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement