backup og meta

ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝအတွက် အမူအကျင့်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုမိုသာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝအတွက် အမူအကျင့်များ

    သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ချစ်သူချင်းဆက်ဆံမှုတွေမှာတောင် ချစ်သူတွေဟာ “scripted sex” လို့ ခေါ်တဲ့ ပုံမှန်လိင် ဆက်ဆံနေကျ ပျင်းစရာကောင်းတဲ့ လုပ်ရိုးလုပ်စဉ်ကိုအဖန်တလဲလဲ ပြုလုပ်နေကြပါတယ်။ ဒီလိုပျင်းစရာကောင်းတဲ့ လိင်ဆက်ဆံမှုတွေဟာလက်ထပ်ပြီး နှစ်နှစ်ကနေသုံးနှစ်ကျော် ကြာရင်ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ လက်ထပ်ပြီးလပိုင်းလောက်ကြာတာနဲ့ စတင်ဖြစ်တတ်ပါတယ်။ ဒီလိုသင့်ရဲ့လိင်မှုဘဝဟာပျင်းစရာကောင်းပြီးခန့်မှန်းနိုင်နေပြီဆိုရင်တော့ ပင်ကိုသဘာဝကျတဲ့ အသစ်အဆန်းတစ်မျိုးမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ရောသင့်ချစ်သူကိုပါ အသစ်အသစ်သောခံစားမှုတွေကိုခံစားရစေမှာပါ။ ပျင်းရိငြီးငွေ့ဖွယ် လိင်ဆက်ဆံမှုကစပြီးလိင်ဆက်ဆံမှုနည်းပါးသွားမယ့်အစားအောက်ဖေါ်ပြပါ ကျန်းမာပျော်ရွှင်စေတဲ့ အလေ့အကျင့်တို့ကိုလုပ်ဆောင်သင့်ပါတယ်။

    လေ့ကျင့်ခန်းများများပြုလုပ်ပါ

    တကယ်လို့သင်ဟာသွေးပူချင်တယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ သွေးလည်ပတ်မှုကို မြှင့်တင်သင့်ပါတယ်။ တကယ်တော့ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာအမျိုးသားရောအမျိုးသမီးတွေကိုပါ သွေးလည်ပတ်မှုကောင်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံရင် သာယာမှုပိုမိုရရှိစေပြီးလိင်စိတ်နိုးကြွစေပါတယ်။ လိင်အင်္ဂါတွေကိုသွားတဲ့ သွေးလည်ပတ်မှုကို မြှင့်တင် ပေးခြင်းအားဖြင့် လိင်စိတ်မြင့်မားစေတာဖြစ်ပါတယ်။

    အားကစားကြောင့် လိင်နဲ့ ပတ်သတ်တဲ့ ဟော်မုန်းတွေ သင့်ခန္ဓါကိုယ်အတွင်းများပြားလာခြင်းဟာလည်းသင့်ကိုစိတ်ကြည်လင်စေပြီးအားအင်ပိုမိုရရှိစေပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် သင်ခန္ဓါကိုယ်ကိုပိုမို ကြည့်ကောင်းလာစေပြီးဆွဲဆောင်မှုလည်းရှိစေပါတယ်။

    ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ပါ။

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ အသီးအရွက်တွေကိုစားသုံးခြင်းဟာလည်းသင့်ကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ ပိုအရေးကြီးတာကတော့ လိင်အင်္ဂါတွေကိုသွေးပိုမိုရောက်ရှိစေနိုင်ပြီးလိင်စိတ်ကို နိုးကြားစေပါတယ်။ အဝလွန်ခြင်းဟာမဟော်မုန်းoestrogenနဲ့ကျားဟော်မုန်းtestrosteroneတို့ကြားညီမျှမှုကိုထိခိုက်စေနိုင်တာကြောင့် အဝမလွန်ရန်လည်းသတိထားသင့်ပါတယ်။

    စိတ်ဖိစီးမှုကိုလျှော့ချပါ။

    လူတွေဟာအလုပ်ပိုလုပ်ပြီးစိတ်ဖိစီးမှုများလာပြီဆိုရင် ဆိုးဝါးတဲ့ လိင်မှုဘဝကို ဖြစ်ပေါ်စေပါတယ်။ စိတ်ဖိစီးမှုဖြစ်ပွားတဲ့အခါမှာ cortisol နဲ့ adrenaline ပမာဏ ခန္ဓါကိုယ်ထဲမှာပိုမိုများပြားလာပါတယ်။ ဒါ့တွေဟာလိင်နဲ့သက်ဆိုင်တဲ့ ဟော်မုန်းတွေပေါ်မှာမကောင်းတဲ့ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် အိမ်ထောင်မှုဘဝသာယာစေချင်တယ်ဆိုရင် တရားထိုင်ခြင်း၊ ယောဂကစားခြင်း၊ ခရီးတိုထွက်ခြင်းနဲ့ နင့်စိတ်ခံစားမှုများကိုလက်တွဲဖေါ်အားဝေမျှခြင်းစတဲ့ စိတ်ဖိစီးမှု ဖြေလျှော့တဲ့နည်းတွေကို ကြိုးစားအသုံးပြုသင့်ပါတယ်။

    စိတ်ခံစားမှုနဲ့ လူမှုဘဝ

    အရည်အတွက်ထက် အရည်အသွေးကိုဦးစားပေးပါ။

    သင့်ရဲ့ အိမ်ထောင်ဖက်နဲ့ ခဏခဏအတူမနေဖြစ်ဘူးဆိုရင် ဒါကိုအဓိပ္ပါယ်ဖွင့်ပြီးစိတ်ပူပန်ခြင်းမဖြစ်သင့်ပါဘူး။ အဲလိုလုပ်မယ့်အစားတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စိတ်ခံစားမှု နှင့် ခန္ဓါကိုယ်ခြင်းနီးကပ်မှု၊ စိတ်ချင်းဆက်သွယ်မှု၊ သာယာမှု၊ ကျေနပ်မှု စသည်တို့ကိုပိုပြီးဦးစားပေးဂရုစိုက်သင့်ပါတယ်။

    လိင်မဆက်ဆံမီနမ်းရှုပ်ပွေ့ဖက်ခြင်း

    လိင်မဆက်ဆံမီနမ်းရှုပ်ပွေ့ဖက်ခြင်းဟာလိင်စိတ်ကြွလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါ့အပြင်တစ်နေကုန်တင်းကျပ်နေတဲ့စိတ်တွေကိုဖြေလျော့ပေးပါတယ်။ ဒါကြောင့် စိတ်လှုပ်ရှားမှုတွေ ဖြစ်လာနိုင်စေဖို့ လိင်မဆက်ဆံခင် ပြုလုပ်မှုတွေဖြစ်တဲ့ အတူကခုန်ခြင်း၊ ရေအတူချိုးခြင်း၊ လိင်ပိုင်းဆိုင်ရာစာလွှာ (သို့) ဓါတ်ပုံများပေးပို့ခြင်းတို့ကိုအရင် ကြိုးစားသင့်ပါတယ်။

    ဆန်းသစ်တီထွင်ပါ။

    ဆန်းသစ်တီထွင်မှုများဟာလည်းသင့်လိင်မှုဘဝကိုပျင်းရိငြီးငွေ့ဖွယ် မကောင်းအောင် တားမြစ်ပေးနိုင်ပါတယ်။ သင်တို့နှစ်ယောက်ဟာအခုမှ လေယာဉ်ပေါ်မှာတွေ့သလိုမျိုး၊ အချိန်မရွေးအဖမ်းခံရနိုင်တဲ့ နေရာမျိုးမှာလိင်ဆက်ဆံခြင်းမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လူတွေတွေ့သွားနိုင်ခြေဟာသင့်ကိုစိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေနိုင်ပြီးတော့ လိင်စိတ်တက်ကြွစေနိုင်ပါတယ်။

    သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ လိင်မှုဘဝကိုသင်နဲ့ စတင်လိုက်ပါ။ လိင်ဆက်ဆံမှုကြောင့် ရရှိနိုင်တဲ့ သာယာမှု၊ အိမ်ထောင်ဘက်ရဲ့ ကျေနပ်မှုတွေကိုတန်ဖိုးထားတဲ့အတွက်သင့် ခန္ဓါကိုယ်နဲ့ ကျန်းမာရေးကိုဂရုစိုက်ကာသင့်လိင်မှုဘဝကိုတည်ဆောက်ပြီးလိင်ဆက်ဆံရန် အချိန်ပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement