backup og meta

အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

    သင့်ဘဝ တလျှောက် စိတ်ရောကိုယ်ပါ ကျန်းမာဖို့အတွက် အိပ်စက်ခြင်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ လုံလောက်တဲ့ နားနေချိန်တွေဟာ မိမိကို စိတ်ချမ်းသာစေရုံသာမက သင့်ချစ်သူပေါ်မှာလည်း အကောင်းမြင်စိတ်တွေ ပိုမို ဖြစ်ထွန်းစေနိုင်ပါတယ်။ လုံလောက်တဲ့ အိပ်စက်မှုဟာ သင့်ကို လန်းဆန်းတက်ကြွ အားအင်ပြည့်စေတယ် ဆိုတာတော့ အားလုံးသိပြီးကြမှာပါ။ ဒီလိုပဲ ဒါဟာ သင့်ရဲ့ တုံ့ပြန်မှုနဲ့ သင်တို့နှစ်ယောက် ပတ်သက် ဆက်နွယ်မှုတွေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှု ရှိကြပါတယ်။ လို့ သုတေသီတွေက ရှာဖွေတွေ့ရှိထားပါတယ်။

    အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှုရှိကြပါတယ်။

    အိပ်ရေးဝတဲ့ စုံတွဲတွေဟာ သူတို့ရဲ့ ဆက်ဆံရေး ကို ပိုမို ကျေနပ်မှု ရှိကြပါတယ်။ ဒီလို ပြောရတာက တစ်ချို့လေ့လာချက်တွေမှာ အိပ်စက်ခြင်းဟာ သာမန် လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတာ တင်ပြထားကြပါတယ်။ ညဘက်မှာလုံလောက်တဲ့ အိပ်ချိန်ဟာ မိမိကိုယ်ကို ထိန်းချုပ်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်ပေါင်း မြောက်များစွာကို အကျိုးသက်ရောက်မှု ရှိပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်ရန်အတွက် လိုအပ်တဲ့ အားအင်ကို အိပ်စက်စဉ်မှာ ရရှိပါတယ်။ ဒါ့ကြောင့် သာမန် အိပ်ရေးပျက်မှုလေးတွေတောင် ပုံမှန်စိတ် ထိန်းချုပ်မှု လိုအပ်တဲ့ ကိစ္စလေးတွေမှာ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    အတူတူနေသူ (သို့) လက်ထပ်ပြီးသူတွေရဲ့ သုံးပုံတစ်ပုံဟာ အိပ်စက်မှု ပြဿနာတွေကြောင့် သူတို့အချင်းချင်း ဆက်ဆံရေးမှာ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်လာတယ်ဆိုပြီး ဖြေကြားထားကြပါတယ်။ ဒါ့ကြောင့် သုတေသီတွေက အိမ်ထောင်ရေးမှာ အိပ်စက်ခြင်းရဲ့ အရေးပါပုံကို ထောက်ပြထားကြတာပါ။

    သင် လက်ထပ်ပြီး သင့်ချစ်သူနဲ့ အတူနေနေတယ် ဆိုရင် တစ်ညတာရဲ့ကောင်းမွန်တဲ့ အိပ်စက်ခြင်းဆိုတာ အိပ်စက်တဲ့ အခြေအနေ (သို့) အိပ်စက်မှု ကြာချိန်သာမက သင့်ချစ်သူနဲ့ အပေးအယူ မျှမှုကလည်း အဓိက ကျပါတယ်။

    အိပ်စက်မှု နဲ့ သဘောထားကွဲလွဲမှုတွေ ကြားက ဆက်စပ်မှုတွေဟာ ပါဝင်ပတ်သက်နေတဲ့ လူတွေရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်မှု၊ စိတ်ကျမှု ချည်းပဲကြောင့် မဟုတ်ပါဘူး။ အခြား အကြောင်းရင်းတစ်ချက်ကတော့ ညအိပ်စက်ချိန်မှာ အချင်းချင်း အနှောင့်အယှက် ပေးတတ်ကြပါတယ်။ ဒါ့ကြောင့် ကောင်းကောင်း အိပ်မပျော်ရာက တစ်ဘက်လူကို အပြစ်တင်ရင်း ပဋိပက္ခဖြစ်မှုကို ဦးတည်သွားကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် ခင်ပွန်းတွေဟာ ပထမညမှာသာ ကောင်းကောင်းအိပ်ပျော်မယ် ဆိုရင် နောက်ရက်မှာ ဖြစ်တဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေရဲ့ သက်ရောက်မှုကို သိပ်မခံစားကြရပါဘူး။

    နီးကပ်လေလေပျော်ရွှင်လေလေ

    အိပ်ရေးပျက်ခြင်းဟာ သင့်ကို စိတ်လိုက်မာန်ပါ အပြုအမူတွေ ပိုလုပ်ဖြစ်စေပါတယ် (ဥပမာ ယောက်ျားက နှစ်ပတ်လည် ရက်မျိုးကို မေ့နေတာမျိုး၊ သူ့ကို ဘယ်လိုခံစားရလဲ ဆိုတာတောင် စိတ်ထဲမှာ စိတ်ဖြာနေတာမျိုး)။ ဒီကိစ္စတွေကပဲ လင်မယားတွေကြားမှာ ပြဿနာတွေ ဖြစ်စေတာပါ။ အိပ်ရေးပျက်ခြင်းဟာ အတွဲတွေ လင်မယားတွေ ကြားမှာ မကြာခဏ ပြင်းထန်တဲ့ ပြဿနာတွေကို ဆောင်ယူလာတတ်ပါတယ်။ ဒီညမှာ အိပ်ရေးပျက်လေလေ နောက်ရက်မနက်မှာ ရန်ဖြစ်ဖို့ အခွင့်အလမ်း ပိုများလေလေပါပဲ။

    သိသာထင်ရှားတာကတော့ ပုံမှန်အိပ်စက်ထားတဲ့ လူတစ်ယောက်ဟာ နောက်ရက်မှာ တစ်ခြားသူနဲ့ ရန်ဖြစ်မယ်ဆိုရင်တောင် သေချာစွာဆန်းစစ်ဝေဖန်နိုင်တဲ့ အသိဉာဏ် ရှိမှာပါ။ အိပ်ရေးမဝတဲ့သူကတော့ သေချာကို မစဉ်းစားနိုင်ဘဲနဲ့ ဒေါသတကြီး တုန့်ပြန်ဖြစ်ဖို့ များပါတယ်။

    ကောင်းမွန်စွာ အိပ်စက်လိုက်ပြီဆိုရင်တော့ သင့်ဦးနှောက်ဟာ ကောင်းမွန်စွာ တွေးတောနိုင်သလို သင့်စိတ်နဲ့ ခန္ဓါဟာလည်း ပိုမိုလန်းဆန်းလာပါလိမ့်မယ်။ အထူးသဖြင့် လင်မယား (သို့) စုံတွဲတွေ ကြားမှာတော့ သူတို့ကြားက ဆက်ဆံမှုကို ပိုမိုစိတ်ကျေနပ်မှု ရှိလာမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 30/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement