Gendarussa ဆိုတာကတော့ vassalgel မသုံးချင်ရင် သုံးနိုင်တဲ့ တခြားနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ gendarussa ဆိုတာ ဟော်မုန်းနဲ့ မဆိုင်တဲ့ သန္ဓေတားနည်း တစ်မျိုးဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ လူသားများဖြင့် စမ်းသပ်ခြင်း အဆင့် ၂ ကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။
Gendarussa ဟာ သီးသန့် သေသေချာချာ ဓါတုနည်းပညာတွေနဲ့ ဆေးတောင့်ပုံစံ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ gendarussa ဆေးဟာ သုတ်ကောင်ရဲ့ ခေါင်းပိုင်းမှာရှိတဲ့ enzyme (အင်ဇိုင်း) တွေကို ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို ဖျက်ဆီးလိုက်ခြင်းက သုတ်ကောင်တွေကို မိန်းမမျိုးဥထဲ မဖောက်နိုင်တော့အောင် လုပ်ပေးပါတယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင်တော့ သုတ်ကောင်နဲ့ မမျိုးဥလေးတွေပေါင်းပြီး သန္ဓေအောင်တာကို တားလိုက်တဲ့သဘော ဖြစ်ပါတယ်။
၄။ Clean Sheets Pill (သန္ဓေတားရန် အတွက် ယောက်ျားလေးများ အသုံးပြုနိုင်သော ဆေးလုံး)
အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေကတော့ ဆေးပညာ ထောက်ခံချက် ရထားပြီးဖြစ်လို့ ပထမဆုံး ရွေးချယ်သင့်တာတွေ ဖြစ်ပေမယ့် တခြား clean sheets pill လိုမျိုး ရွေးချယ်စရာတွေလည်း ရှိပါတယ်။ clean Sheets pill ဟာ သုတ်ရည်ထွက်ခြင်းကို တားဆီးပေးပြီး လိင်ခံစားမှု အထွတ်အထိပ် ရောက်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။