ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ

HIVပိုးက သွေးကနေ၊ လိင်ဆက်ဆံရာက ထွက်လာတဲ့ အရည်တွေ (ဥပမာ သုက်ရည်၊ မိန်းမကိုယ်အရည်) တွေကနေ အဓိက ကူးတယ်ဆိုတာ သိထားပြီး ဖြစ်မှာပါ။ တစ်ခါတလေ သူများရဲ့ သွေးက စားပွဲပေါ်မှာ ပေနေမယ်။ အဲ့တာကို မတော်တဆ သွားထိမိသွားမယ်။ ဒီလိုဆိုရင်ရော ကူးနိုင်လားလို့ မေးစရာရှိပါတယ်။ ဒါကို ပြောဖို့အတွက် HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို သိဖို့လိုပါတယ်။ HIVပိုးက အပြင်မှာ ဘယ်လောက်ကြာကြာနေနိုင်လဲ အချိန်အတိအကျရယ်တော့ ပြောလို့မရပေမယ့် HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ကြာကြာမရှင်နိုင်ပါဘူး။ သူဝင်ပွားစရာ ဆဲလ်မရှိတဲ့အတွက် အပြင်ရောက်ပြီး ခဏနေတာနဲ့ သေသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီး အချိန်နည်းနည်းကြာကြာ ရှင်ကောင်းရှင်နိုင်ပေမယ့် ကူးစက်နိုင်စွမ်းကတော့ မရှိသလောက်ပါပဲ။ HIVပိုးက ခန္ဓာကိုယ်ပြင်ပမှာ ဘယ်လောက်ကြာကြာရှင်နိုင်လဲဆိုတာကို သိဖို့ လေ့လာထားကြတာတွေ ရှိပါတယ်။ […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ...... ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်တမ်း ကြည့်လိုက်ရင်လည်း အင်မတန် စိတ်ချရတဲ့ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ အသုံးပြုရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။ သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ ဆိုတော့ ၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ သုံးလို့ရတာ ဆိုပေမယ့် အမျိုးသားဘက်က သုံးလို့ရတဲ့ သားဆက်ခြားနည်းတချို့လည်း ရှိပါတယ်။ အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေဆို အသားအရေ ပြောင်းသွားမှာ၊ ကိုယ်အလေးချိန် တက်မှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တော့ တချို့ သတို့သမီးလောင်းတွေက မသုံးချင်ကြဘူး။ […]


သားဆက်ခြားခြင်း

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”

~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~ တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။ အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ […]


သားဆက်ခြားခြင်း

လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ

ချစ်သူသက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ […]


သားဆက်ခြားခြင်း

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။ အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ဝလာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။ တကယ်တော့ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သင့်ရဲ့လက်တွဲဖော်နဲ့ လိင်မှုရေးရာအကြောင်း ဘယ်လိုဆွေးနွေးမလဲ

ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှန်သမျှ တခြားသူကိုပေးမသိဘဲ လျှို့ဝှက်ထား သင့်တယ်ဆိုပေမယ့်ဘဝလက်တွဲဖော်ရယ်လို့ ရှိလာပြီဆိုရင်တော့ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း တိုင်ပင်တာက ပျော်ရွှင်သာယာတဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက်အရေးကြီးပါတယ်။ မြန်မာ့လူနေမှုပုံစံမှာ လိင်မှုရေးရာ ကိစ္စတွေဆိုတာက ပြောဆိုဖို့မသင့်တဲ့အရာတွေအဖြစ် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားလို ဒီအကြောင်းအရာမျိုးတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီအတွက် လိင်မှုရေးရာကိစ္စတွေ ဘယ်လိုပြောဆိုကြမလဲဆိုတာ ဒီဆောင်းပါးက အကြံပေးထားပါတယ်။ ပွင့်ပွင့်လင်းလင်းရှိပါ။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲရှိတာ သိဖို့ဆိုတာမလွယ်ပါဘူး။ တစ်ခါတစ်လေမှာ လူတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကသူတို့ကို တကယ်မချစ်ဘူး၊ ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိုးတွေမဖြစ်စေဖို့နဲ့ နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေစေဖို့အရေးကြီးဆုံးက ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။ သူ့အကြိုက် ကိုယ့်အကြိုက် ဆွေးနွေးပါ။ လိင်မှုရေးရာကိစ္စမှာ တစ်ဦးနဲ့တစ်ဦး ဘယ်အကျင့်တွေကို ကြိုက်တယ်။ ဘယ်လိုဟာမျိုးတွေကိုတော့ဖြင့် မကြိုက်ဘူးဆိုတာကိုပြောပြာထားဖို့လိုပါတယ်။ မြန်မာအမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ နှုတ်မရဲတာတွေ၊ ရှက်ရွံ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေကပြောမှသိနိုင်တာမျိုးတွေပါ။ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှူ ကူးစက်ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) မှ ပြောကြားချက်များအရ ၂၀၁၃ ခုနှစ်တွင် ၁.၅ သန်းသော လူများသည် HIV ရောဂါနှင့် အသက်ဆုံးရှုံးနေရပါသည်။ HIV ရောဂါသည် ခန္ဓါကိုယ် အရည်များ၊ ဥပမာ - သွေး၊ ယောနိမှ ထွက်သော အရည်၊ သုတ်ရည်နှင့် နို့ရည်တို့မှ ကူးစက်နိုင်ပါသည်။ ရောဂါ ကူးစက်နိုင်ပုံများကို အောက်တွင် ဆက်လက် ဖော်ပြပါမည်။ ခြုံငုံသုံးသပ်ချက် HIV ရောဂါအတွက် စိတ်ဝင်စားမှုမှာ လွန်ခဲ့သော ဆယ်စုနှစ်မှ စတင်၍ စိတ်ဝင်စားမှု ရရှိလာပါသည်။ ကမ္ဘာ အနှံ့အပြားတွင်လည်း အရေးကြီးသော ကျန်းမာရေး ပြဿနာ ဖြစ်ပါသည်။ သေနှုန်းမြင့်မားခြင်းကြောင့် ထိုရောဂါကို ကူးစက်မှုနှုန်း လျော့နည်းအောင် လုပ်ဆောင်ရပါမည်။ HIV ရောဂါသည် ခန္ဓါကိုယ်အရည်များ၊ ဥပမာ - သွေး၊ ယောနိမှ […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ

၂၀၁၄ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း မှတ်တမ်းအရ လူ ၁.၂ သန်းသည် AIDS ရောဂါကြောင့် သေဆုံးနေကြပါသည်။ ခုခံအား ကျဆင်းသော ပိုးမွှား သို့မဟုတ် HIV ရောဂါပိုးမွှားများ သို့မဟုတ် AIDS ရောဂါများ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် ရောဂါပိုးမွှားများ အကြောင်း ရှင်းပြပေးပါမည်။ ထို ရောဂါပိုးမွှားများသည် ကိုယ်ခန္ဓါ၏ ခုခံအားကို ကျဆင်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် CD4 ဆဲလ်ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်သည်။ HIV ပိုးမွှားသည် CD4 ပမာဏကို သုံး၍ ခန္ဓါကိုယ် အနှံ့အပြားကို ပွားများစေပါသည်။ ထိုဖြစ်စဉ်ကို HIV ဘဝသံသရာဟု ခေါ်ပါသည်။ HIV ဆေးများသည် ထိုကဲ့သို့ သံသရာ အဆင့်ဆင့်တွင် တစ်ဆင့်ချင်း ပိတ်သွားပြီး […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ

HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ - သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး […]


HIV နှင့် AIDS ရောဂါ

HIV နှင့် AIDS ကွာခြားပုံ

HIV ရောဂါပိုးသည် ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ AIDS ရောဂါသည် HIV ရောဂါပိုးမှဖြစ်ခြင်း ဖြစ်ပါသည်။ AIDS သည် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ အောက်ပါ အချက်များသည် HIV နှင့် AIDS ကွာခြားပုံ အကြောင်းကို ဖော်ပြသောအချက်များ ဖြစ်ပါသည်။ HIV နှင့် AIDS ကွာခြားပုံ HIV သည် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါသည်။ AIDS သည် HIV ရောဂါကြောင့်ဖြစ်သော ခုခံအားကျဆင်းသော ရောဂါဖြစ်သည်။ လူသားများ၏ ခုခံအားစနစ်ကို ထိခိုက်ပါသည်။ ခုခံအားစနစ်က လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ထိခိုက်စေပါသည်။ ခုခံအားကျဆင်းမှု AIDS ရောဂါသည် HIV ဗိုင်းရပ်စ် ပိုးဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာသောအခါ ဖြစ်လေ့ရှိပါသည်။ AIDS ရှိသော လူများသည် […]


HIV နှင့် AIDS ရောဂါ

HIV အတွက် ကုထုံးများ

HIV အတွက် ကုသဆေးများသည် HIV ရောဂါရှိသော လူတိုင်းအတွက် အရေးကြီးပါသည်။ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများသည် လုံးဝ အရှင်းပျောက်ကင်းရန် မဟုတ်ပါ။ ကာကွယ်ရန်သာ ဖြစ်ပါသည်။ ထိုမှသာ အသက်ရှည် ကျန်းမာ၍ တခြားသူများကိုလည်း ကူးစက်မှု လျော့နည်းနိုင်မည် ဖြစ်ပါသည်။ HIV ရောဂါပိုးသည် ဆေးများစွာပေါင်းစပ်၍ သောက်သောဆေး ဖြစ်ပါသည်။ ART (ဗိုင်းရပ်စ်သတ်ဆေး) ဟု ခေါ်ကြပါသည်။ ART ဆေးတွင် HIV ရောဂါပိုးအတွက် လိုအပ်သော ဆေးများ ပါဝင်ပါသည်။ ART ဆေးသည် ကုသရန် မဟုတ်ပါ။ ဗိုင်းရပ်စ်ပိုးမွှား ပမာဏကို လျော့နည်းစေပြီး အသက်ရှည် ကျန်းမာစွာ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်အောင်၊ တခြားသူများသို့ ကူးစက်မှု လျော့နည်းနိုင်အောင် လုပ်ပေးခြင်း ဖြစ်ပါသည်။ ထိုဆေးများသည် HIV ရောဂါပိုး တိုးပွားခြင်းမှ ကာကွယ်ပေးပါသည်။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)