backup og meta

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

    အမျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တွေထဲမှာ ကလေးမွေးဖွားတာနဲ့ ကလေးကို ပြုစုပျိုးထောင်ပေးရတာလည်း အပါအဝင်ပါပဲ။ ကလေးကို ပျိုးထောင်တဲ့နေရာမှာလည်း ကလေးတစ်ယောက်ကို သေသေချာချာပျိုးထောင်ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည်လောက်ခြားဖို့ လိုအပ်တဲ့အတွက် သားဆက်ခြားဖို့ မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ ဒီတော့ စဉ်းစားရမှာက ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ဆိုတာပေါ့။

    အခုတစ်ခေါက်တော့ ကလေးမွေးဖွားပြီးတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် ဘယ်သားဆက်ခြားနည်းက အသင့်တော် ဆုံးဖြစ်မလဲ ဆိုတာကိုပြောပြချင်ပါတယ်။ ကလေးမွေးထားပြီး ကလေးနို့တိုက်နေချိန်မှာလည်း ကလေးရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးတဲ့ မိခင်တွေအနေနဲ့ သင့်တော်တဲ့သားဆက်ခြားနည်းကို သေသေချာချာရွေးချယ်ဖို့လိုပါမယ်။

    ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

    ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကိုအသုံးပြုမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ကလေးမွေးပြီးပြီးချင်း သားဆက်ခြားနည်းသုံးဖို့လိုမလား

    ကလေးမွေးပြီး ၃ပတ်လောက်နေရင် ကလေးရနိုင်ခြေ ရှိလာပါပြီ၊၊ ကလေးနို့တိုက်တာပဲ၊ ရာသီမလာသေးဘူးလေဆိုရင်တောင် ကလေးရနိုင်ခြေ ရှိနေတယ်ဆိုတာကို သိထားရပါမယ်၊၊ ဒါကြောင့် စိတ်ချလက်ချ နေနိုင်ဖို့ဆိုရင် သန္ဓေတားနည်းလမ်း တစ်ခုခုကို သုံးဖို့ လိုပါတယ်၊၊

    တချို့မိခင်တွေက ကလေးနို့တိုက်နေတဲ့အတွက် ကလေးမရနိုင်ဘူးလို့ ထင်ကြပါတယ်၊၊ ဒီကိစ္စက နက်နဲပါတယ်၊၊ နို့တိုက်တိုင်း သန္ဓေတားနိုင်တာတော့ မဟုတ်ပါဘူး၊၊ နို့တိုက်တာကို သန္ဓေတားနည်းလမ်းအနေနဲ့ သုံးဖို့ဆိုရင်

    • ကလေးက ၆လအောက် ဖြစ်ရပါမယ်၊၊
    • ရာသီပြန်မလာရသေးပါဘူး၊၊
    • ကလေးကို နို့ပုံမှန်တိုက်နေရပါမယ်၊၊ ဆိုလိုတာက နေ့ဘက်ဆို ၄နာရီခြားတစ်ခါ၊ ညဆို ၆နာရီခြားတစ်ခါ တိုက်နေရပါမယ်၊၊ ကလေးများများစို့နိုင်ဖို့ ဖြည့်စွက်စာတွေ၊ ရေတွေ တိုက်ထားတာမျိုး မရှိရပါဘူး၊၊
    • ကလေးကို နို့တိုက်ရမှာ ဖြစ်ပြီး နို့ကို ကိုယ့်ဟာကိုယ် ခဏခဏညှစ်ထုတ်တာမျိုး မလုပ်ရပါဘူး၊

    ဒီအချက်တွေမှ ပြည့်စုံမှာ ၉၈% ထိ တားပေးနိုင်မှာပါ၊၊ ဒါတောင် ဟော်မုန်းကိစ္စဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ကွာနိုင်ပါသေးတယ်၊၊ ဒါကြောင့် စိတ်ချရအောင် တားဆေးတစ်ခုခု သုံးဖို့ လိုပါတယ်၊၊

    ကလေးနို့တိုက်နေချိန်မှာ ဘယ်သန္ဓေတားနည်းကို အသုံးပြုနိုင်မလဲ

    ကလေးနို့တိုက်နေချိန်မှာ ဒီသားဆက်ခြားနည်းတွေကို အသုံးပြုလို့ရပါတယ်။

    • အမျိုးသားသုံးကွန်ဒုံး (သို့မဟုတ်) အမျိုးသမီးသုံးကွန်ဒုံး
    • သန္ဓေတားသောက်ဆေး (mini-pill)
    • သန္ဓေတားထိုးဆေး
    • လက်မောင်းတွင်းထည့်ပစ္စည်း
    • သားအိမ်တွင်းထည့်ပစ္စည်း (IUD)
    • သားကြောဖြတ်ခြင်း

    အသုံးပြုရအလွယ်ကူဆုံး သားဆက်ခြားနည်းပါ။ နို့တိုက်နေချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ ကလေးအပေါ် သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။ အမျိုးသားသုံးကွန်ဒုံးပဲဖြစ်ဖြစ်၊ အမျိုးသမီးသုံးကွန်ဒုံးပဲဖြစ်ဖြစ် အသုံးပြုပေးလို့ရပါတယ်။ ဒါပေမယ့် အမျိုးသားသုံးကွန်ဒုံးကတော့ ဝယ်ရပိုလွယ်ပါတယ်။

    (၂) Mini-pil lသောက်ဆေး

    သင့်အနေနဲ့ ကလေးမွေးထားပြီးရင် Progestogen-only pill (POP) လို့ခေါ်တဲ့ သန္ဓေတားဆေးတစ်မျိုးဖြစ်တဲ့ mini – pill ကို သောက်ပေးလို့ ရပါတယ်။ ဒီဆေးက နို့ထွက်တာကို ထိခိုက်စေမှာမဟုတ်ပါဘူး။ ဒီသောက်ဆေးထဲမှာ Progestogen ဟော်မုန်း ပါဝင်ပါတယ်။ ဒီဟော်မုန်းက မိခင်နို့ကနေတဆင့် ကလေးဆီကိုရောက်ရှိနိုင်တယ်ဆိုပေမယ့် ကလေးမှာ ထိခိုက်တာမျိုးတော့ရှိမှာ မဟုတ်ပါဘူး။

    ဒီဆေးကို ကလေးမွေးပြီး ဘယ်ချိန်မှာမဆို သောက်သုံးပေးလို့ရပါတယ်။နေ့စဉ်မှန်မှန်သောက်ပေးဖို့တော့လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးတစ်ဖက်နဲ့ အလုပ်များတဲ့ မိခင်တွေအနေနဲ့တော့ အခုလိုဆေးသောက်တာက နည်းနည်းတော့ ကသီပါလိမ့်မယ်။

    ပေါင်းစပ်သန္ဓေတားဆေးက နို့ထွက်တာကို ထိခိုက်နိုင်တဲ့အတွက် သောက်မယ်ဆိုရင် ၆ပတ်ကျော်မှ သောက်သင့်ပါတယ်၊၊ ဒီကြားထဲမှာ တခြားနည်းတစ်ခုခု သုံးထားနိုင်ပါတယ်၊၊

    (၃) သန္ဓေတားထိုးဆေး

    သန္ဓေတားထိုးဆေးကလည်း ရက်သတ္တပတ်အတော်ကြာတဲ့အထိ စိတ်ချရပါတယ်။ ထိရောက်မှုလည်းရှိပါတယ်။ ၃လခံ၊ ၁လခံစသဖြင့်ရှိပါတယ်။ ထိုးဆေးမှာ Progestogen ဟော်မုန်းပါဝင်နေပြီး နို့ကနေတဆင့် ကလေးဆီကို အနည်းငယ်ရောက်ရှိနိုင်ပါတယ်။ ကလေးကို ထိခိုက်စေတာမျိုး မရှိပါဘူး။

    သတိထားရမှာတစ်ခုက သင့်အနေနဲ့ ကလေးမွေးပြီးစ သီတင်းပတ်အနည်းငယ်အတွင်းမှာ သန္ဓေတားဆေးထိုးလိုက်မယ်ဆိုရင်သွေးအများကြီးဆင်းတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တာပါ၊၊

    (၄) သားအိမ်တွင်းထည့်ပစ္စည်း (IUD)

    ကလေးမွေးပြီးတဲ့ မိခင်တွေအနေနဲ့ ရွေးချယ်သင့်တဲ့ နောက်ထပ် သန္ဓေတားနည်းတစ်ခုက သားအိမ်တွင်းထည့်ပစ္စည်း (IUD) ပါ။ IUD ထည့်တဲ့အခါမှာလည်း ထည့်တဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိကို ခံပါတယ်။ ခွဲမွေးတဲ့မိခင်ပဲဖြစ်ဖြစ်၊ ရိုးရိုးမွေးတဲ့မိခင်ပဲဖြစ်ဖြစ် IUD ကို အသုံးပြုလို့ရပါတယ်။

    သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ထားတယ်ဆိုရင် ကလေးမွေးဖွားပြီးတာနဲ့ ၄၈ နာရီအတွင်း ထည့်ရင်ထည့်၊ မထည့်ရင် မွေးပြီး ၄ပတ်နေရင် ထည့်လို့ရပါပြီ။ ကလေးမွေးပြီးစ မိခင်တွေအတွက် သက်သောင့်သက်သာအရှိဆုံးနဲ့ ဘေးအကင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

    (၅) လက်မောင်းတွင်းထည့်ပစ္စည်း

    ဒါကတော့ လက်မောင်းထဲမှာ မီးခြစ်ဆံခေါင်းအရွယ်လောက် ပစ္စည်းလေးထည့်တာပဲ ဖြစ်ပါတယ်။ ဒီသန္ဓေတားနည်းမှာ Progestogen ဟော်မုန်းပါဝင်ပါတယ်၊၊ဒါပေမယ့် တစ်ခါထည့်ထားပြီးရင် ၃ နှစ်ကနေ ၅နှစ် လောက်အထိ ခံပါတယ်။ ဒီပစ္စည်းလေးက ဖယ်ထုတ်လိုက်တာနဲ့လည်း ချက်ချင်းကိုယ်ဝန်ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

    (၆) သားကြောဖြတ်ခြင်း

    ဒါကတော့ ခွဲစိတ်မှုပါတဲ့ သားဆက်ခြားနည်းတစ်မျိုးပါ။ အမျိုးသမီးတွေမှာရှိတဲ့ သားဥပြွန်ကို ဖြတ်လိုက်တာဖြစ်တာကြောင့် သားဥတွေနဲ့ သုက်ပိုးတွေ မထိတွေ့မိတော့ပါဘူး။ ခွဲမွေးတဲ့သူတွေဆိုရင် ကလေးမွေးတဲ့အချိန်မှာ တစ်ခါတည်း ဒီခွဲစိတ်မှုကို လုပ်လို့ရပါတယ်။ ရိုးရိုးမွေးတဲ့သူတွေဆိုရင်တော့ ကလေးမွေးဖွားပြီး ၄၈ နာရီအတွင်း သားကြောဖြတ်တာကို ပြုလုပ်လို့ရပါတယ်။ သားကြောဖြတ်တာကတော့ ရာသက်ပန် သားဆက်ခြားနည်းလို့ ပြောရပါမယ်။ သားကြောဖြတ်ထားတဲ့သူတွေ အများစုက ကလေးလုံးဝမရနိုင်တော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement