backup og meta

စိုးရိမ်ရတဲ့ ချောင်းခြောက်ဆိုးခြင်း ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုးရိမ်ရတဲ့ ချောင်းခြောက်ဆိုးခြင်း ဆိုတာ

    ချောင်းဆိုးတယ် ဆိုတာ လည်ချောင်းနဲ့ အဆုတ်က အမှုန်အမွှားတွေ၊ ပိုးတွေကို အပြင်ထွက်စေတဲ့ သဘာဝနည်းလမ်းတစ်ခုပါ။ သာမန် တစ်ချက်၊ နှစ်ချက်လောက် ချောင်းခြောက် ထဆိုးတာ၊ သလိပ်လည်း မထွက်ဘူးဆိုရင် စိုးရိမ်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် ဆက်တိုက်ဆိုးနေမယ်ဆိုရင်တော့ နောက်ကွယ်မှာ ရောဂါတစ်ခုခု ရှိနေနိုင်ပါတယ်။

    ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းများ

    ချောင်းခြောက်ဆိုးရတဲ့ အကြောင်းရင်းတွေကတော့ ခုလိုကာလမှာဆိုရင်

    အဆုတ်ရောဂါ တော်တော်များများမှာ ချောင်းဆိုးတာက တွဲနေတတ်ပါတယ်။ အဆုတ်နဲ့ မဆိုင်ဘဲ တခြားရောဂါ (ဥပမာ ဓာတ်မတည့်တာ၊ နှလုံးပျက်စီးတာ) တွေနဲ့ ဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ချောင်းခြောက်ဆိုးတတ်ပါသေးတယ်။

    စိုးရိမ်စရာ ကောင်းတဲ့ ချောင်းခြောက်ဆိုးခြင်း များ

    ချောင်းခြောက်ဆိုးတာက သာမန်အားဖြင့်တော့ စိုးရိမ်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်

    • ရက်ရှည် ချောင်းဆိုးနေရင်
    • ချောင်းခြောက်ဆိုးရာကနေ အရောင်ပါတဲ့ သလိပ်တွေ ထွက်လာရင် (ပိုးဝင်တာ ဖြစ်နိုင်ခြေရှိ)
    • ချောင်းဆိုးတာအပြင်  အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်နေရင် (ပန်းနာရင်ကျပ် ဖြစ်နိုင်)
    • ဖျားရင် (အထူးသဖြင့် ရက်ရှည် ဖျားရင်၊ ညနေပိုင်းတွေမှာ ချမ်းတုန်ဖျားရင်၊ ညဘက်တွေမှာ ချွေးစေးတွေ ထွက်ရင်)
    • မောရင်
    • သတိလစ်သွားရင်
    • ပိန်သွားရင် (တီဘီ၊ နာတာရှည် အဆုတ်ရောင်၊ အဆုတ်ကင်ဆာ ဖြစ်နိုင်)
    • ခြေထောက်တွေ ဖောလာရင် (နှလုံးထိတာ ဖြစ်နိုင်)
    • သီးလောက်တဲ့အထိ ချောင်းဆိုးရင်
    • နုံးပြီး အစားအသောက် ပျက်လာရင်
    • ချောင်းမဆိုးတဲ့အချိန်မှာတောင် ရင်ဘတ်တွေ အောင့်လာရင်

    ရောဂါကြီး တစ်ခုခု ဖြစ်နိုင်လို့ ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ စစ်ဆေးမှု တွေ ခံယူသင့်ပါတယ်။ တချို့ရောဂါတွေက လွတ်သွားရင် အသက်အန္တရာယ်ရှိတာကြောင့်ပါ။

    ချောင်းခြောက်ဆိုးတာ သက်သာစေဖို့

    ခုမှ ချောင်းခြောက်စဆိုးတယ်ဆိုရင်တော့ ဒီဝေဒနာကို သက်သာဖို့ အောက်ပါ နည်းလမ်းတွေ လုပ်ပေးလို့ရပါတယ်။

    • ချောင်းဆိုး ပျောက်ဆေး သောက်တာ

    ချောင်းဆိုးတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်မယ်၊ ညဘက်တွေ အိပ်မရဘူးဆိုရင်တော့ ချောင်းဆိုးပျောက်ဆေး သောက်နိုင်ပါတယ်။ သလိပ်ချောင်းနဲ့ ချောင်းခြောက် သောက်ရမယ့် ဆေး မတူတာကြောင့် သေချာပြောဝယ်ဖို့တော့ လိုပါတယ်။

    • ငုံဆေး ငုံတာ

    ချောင်းခြောက်ဆိုးပြီဆို နောက်က တွဲလာတာ လည်ပင်းနာတာပါ။ လည်ပင်းတွေ ခြောက်ပြီး နာတာ သက်သာဖို့ ငုံဆေးတွေလည်း ငုံပေးလို့ ရပါတယ်။ ၆နှစ်အောက် ကလေးတွေဆိုရင်တော့ သတိထားပါ။ ဆေးလုံးနင်တတ်ပါတယ်။

    သဘာဝဆေးပစ္စည်းတွေထဲမှာ ပျားရည်ကလည်း ချောင်းဆိုးတာအတွက် ဆေးတစ်လက်ပါပဲ။ ချောင်းဆိုးတဲ့အခါ ပျားရည် တစ်ခါသောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ဒီတိုင်းသောက်ပေးတာ ဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖျော်သောက်တာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပါတဲ့ ဘက်တီးရီးယားက ကလေးတွေကို ဒုက္ခပေးနိုင်တာကြောင့် တစ်နှစ်အောက် ကလေးကိုတော့ ပျားရည် မတိုက်ရပါဘူး။

    • အစိုဓာတ်

    ရှူတဲ့လေခြောက်တဲ့အခါ လည်ချောင်းခြောက်ပြီး ချောင်းပိုဆိုးတတ်ပါတယ်။ အခန်းထဲမှာ ရေငွေ့လွှင့်စက် ဖွင့်ထားတာ၊ ရေနွေးနဲ့ ရေချိုးတာ လုပ်ပေးနိုင်ပါတယ်။ ရေနွေးငွေ့ ရှူပေးလည်း ရပါတယ်။ အပူမလောင်အောင်တော့ သတိထားပါ။

    • ရေ

    ချောင်းခြောက်ဆိုးတဲ့အချိန်မှာ ရေ (အထူးသဖြင့် အရည်နွေးနွေး) များများ သောက်ပေးတာက လည်ချောင်းကို စိုစွတ်စေပြီး ချောင်းဆိုးတာကို သက်သာစေပါတယ်။

    ချောင်းဆိုးနေတဲ့အချိန်မှာ ဆေးလိပ်သောက်တာရော၊ ဆေးလိပ်ငွေ့ရှူမိတာရောကို ရှောင်ကြဉ်သင့်ပါတယ်။ ဆေးလိပ်က ခုခံအားကို ကျစေလို့ပါ။

    ဒီနည်းလမ်းတွေ လုပ်ကြည့်တာတောင် ရက်ကြာတဲ့အထိ ချောင်းဆိုး မပျောက်ရင်၊ ချောင်းဆိုးတာအပြင် တခြားရောဂါလက္ခဏာ တစ်ခုခု ရှိနေရင်၊ ဆေးတစ်ခုခု သောက်ပြီးမှ ချောင်းဆိုးတာ မရပ်တော့ရင် ဆရာဝန်နဲ့ ပြဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement