အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘဝရဲ့အဓိပ္ပါယ်ကို ဘယ်လိုရှာဖွေမလဲ

ဘဝရဲ့အဓိပ္ပါယ်က ဘာဖြစ်မလဲ။ အရိပ်တစ်ခုလိုပါပဲ။ ကျွန်တော်တို့ကဘယ်တော့မှ လှည့်မကြည့်ဘူးဆိုရင်တောင်မှ ဒီမေးခွန်းက ဘဝတလျှောက်လုံး ကျွန်တော်တို့နောက်က လိုက်နေမှာပဲ။ ကျွန်တော်တို့ရဲ့ဘဝကတစ်စုံတစ်ရာအတွက်တော့ တန်ဖိုးရှိမယ်၊အရေးပါနေမယ်လို့ ကျွန်တော်တို့အားလုံး ခံစားမိချင်ကြတယ်။ ဒါတွေအားလုံးက အရေးပါတဲ့ မတော်တဆဖြစ်ရပ်တစ်ခုလောက်ပဲတော့ မဟုတ်ဘူးလို့ သိထားချင်ကြတယ်။ သတင်းကောင်းကတော့ ရည်မှန်းချက်အဓိပ္ပါယ်တစ်ခုကိုရှာဖွေခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို လုပ်နိုင်တဲ့အရာ ဖြစ်နေတာပါပဲ။ ဒါပေမယ့် အရင်ဆုံးမေးခွန်းကိုတော့ ပြန်စီဖို့ လိုပါတယ်။ ‘ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့ နေရာမှာတကယ်တော့ မေးခွန်းသုံးခုရှိပါတယ် ‘(ငါ့) ဘဝရဲ့အဓိပ္ပါယ်ကဘာလဲ’ ဆိုတဲ့မေးခွန်းအဖြစ် (ငါ)ဆိုတဲ့စကားလုံးကို ပေါင်းထည့်လိုက်တာက ပြဿနာကိုရှင်းလင်းလွယ်ကူသွားစေပါတယ်။ ဒါပေမယ့် ဖြေရှင်းနိုင်တာတော့ မဟုတ်ပါဘူး။ အများစုမှာတော့ ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်စေတာကမေးခွန်းကို ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့ကိုအခွင့်အလမ်းပေးလိုက်တာပါပဲ။ ဘဝမှာ ကျွန်တော်တို့ ရဲ့ရည်မှန်းချက်ကို ရှာဖွေဖို့အတွက်တော့ ဒီထက်ပိုပြီးနက်နက်တူးဆွကာ ပိုတိကျ၊ အသေးစိတ်တဲ့ မေးခွန်းတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်မေးဖို့လိုပါတယ်။ အဲဒီမှာကိုယ့်ရဲ့တန်ဖိုးထားတဲ့အရာတွေ၊ ထူးချွန်မှုစွမ်းရည်တွေနဲ့ အလားအလာတွေအကြောင်းကိုနားလည်ထားဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ကဘာလဲ။ Pneumothorax (နျူမိုသောရပ်စ်) ဟာ အဆုတ်နဲ့ ရင်ဘတ်နံရံအတွင်းကို လေဝင်တဲ့ အခါမှာ ဖြစ်ပွားပါတယ်။ Pneumothorax နှစ်မျိုး ရှိပါတယ်။ အကြောင်းမဲ့ဖြစ်သော Pneumothorax – အရင်က မဖြစ်ဖူးပဲ ကျန်းမာနေတဲ့သူတွေမှာ ရုတ်တရက်ဖြစ်ပွားခြင်း နောက်ဆက်တွဲဖြစ်သော Pneumothorax – အဆုတ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် ဖြစ်ပွားခြင်းတို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သေသေချာချာ မကုသနိုင်ဘူးဆိုရင် ဒီရောဂါကြောင့် သေဆုံးနိုင်ပါတယ်။ Pneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အသက် ၂၀ ကနေ ၃၀ ကြားမှာ အဖြစ်များပြီး ပိန်ပြီး အရပ်ရှည်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPneumothorax (အဆုတ်နဲ့ရင်ဘတ်နံရံကြား လေခိုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Pneumothorax […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Cryptococcosis (မှိုတစ်မျိုးကို ရှူသွင်းမိခြင်းကြောင့်ဖြစ်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cryptococcosis ကဘာလဲ။ Cryptococcosis ဆိုသည်မှာ Cryptococcus neoformans ဟုခေါ်သော မှိုတစ်မျိုးကို ရှူသွင်းမိခြင်း ကြောင့် ဖြစ်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကျန်းမာသော သူများတွင် ဤရောဂါဖြစ်ပွားခြင်းမှာ ရှားပါးပြီး ထိုရောဂါ သည် ကိုယ်ခံအားစနစ် ချို့ယွင်းမှု ရှိသူများတွင် ပို၍ဆိုးရွား နိုင်ပါသည်။ ထိုမှိုကူးစက်မှုကို တိုက်ခိုက်နိုင်စွမ်းမရှိသော ကြောင့်ဖြစ်သည်။ Cryptococcosis က ဘယ်လောက်အဖြစ်များသလဲ C.neoformans ကူးစက်ခံရမှုသည် ကျန်းမာသောသူများ တွင် အလွန်ဖြစ်ခဲပါသည်။ C.neoformans ကူးစက်ခံရမှု အ များစုသည် အထူးသဖြင့် HIV/AIDS ရှိသော ကိုယ်ခံအား စနစ် အားနည်းသူများတွင် ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများCryptococcosis ရဲ့လက္ခဏာတွေကဘာတွေလဲ ကျန်းမာသော […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) ကဘာလဲ မှိုပိုး အဆုတ်ရောင်ရောဂါ (Fungal pneumonia ) မှိုရောဂါပိုးဝင်ရောက်ခြင်းကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုဖြစ်နေချိန်တွင်ခုခံအားကျ၍ မှိုပိုးအခွင့်ကောင်းယူကာ ဝင်ရောက်လာခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသော အဆုတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုရောဂါစွဲကပ်ခြင်းဟာ အမှုန်တွေ၊ conidia တွေ ရှူမိခြင်း သို့ အောင်းနေတဲ့ ရောဂါပြန်ထခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ Fungal pneumonia(မှိုပိုး အဆုတ်ရောင်ရောဂါ )ကိုရောဂါရှာဖွေခြင်းဟာ ခက်ပါတယ်၊ ပြီးတော့ ရောဂါရှာဖွေရာမှာလည်းယုတ္တိတန်တဲ့ အခြေခံစစ်ဆေးမှုတွေနှင့် သာ ရှာဖွေရပါတယ်။ လက်တွေ့စစ်ဆေးမှုတွေ၊ ဓါတ်မှန်ပညာတွေ၊နှင့် အနုကြည့်စစ်ဆေးမှုတွေ ပါဝင်ပါတယ်။ Lung Abscess (မှိုပိုး အဆုတ်ရောင်ရောဂါ ) က ဘယ်လောက်အဖြစ်များသလဲ ဒီကျန်းမာရေး အခြေအနေက အဖြစ်နည်းပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ဖြစ်နိုင်ခြေတွေ လျှော့ချခြင်းဖြင့် ကုသလို့ရပါတယ်။ အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး)

အဓိပ္ပါယ်ဖွင့်ဆိုချက်Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး) ကဘာလဲ။ လေပြွန်ရောင်ခြင်း ဆိုသည်မှာ ကလေးများတွင် အဓိက ဖြစ်သော အသက်ရှူလမ်းကြောင်း ရောဂါပိုးကူးစက်မှု တစ် မျိုး ဖြစ်ပါသည်။ ထိုရောဂါသည် အသံအိုးနှင့် အဆုတ်တွင်း သို့ ဝင်သွားသော လေပြွန်ကို ယားယံစေပြီး ရောင်စေ ပါသည်။ ပြင်းထန်စွာ ချောင်းဆိုးခြင်းကိုလည်း ဖြစ်စေပါ သည်။ ကြာရှည်စွာ လေပြွန်ရောင်ပါက အဆုတ်ရောင် ရောဂါ သို့မဟုတ် အဆုတ်တွင် ပြင်းထန်သော ဘတ်တီးရီးယား ကူးစက်ခြင်း တို့ဖြစ်နိုင်ပါသည်။ Croup (ထူးခြားကျယ်လောင်သောချောင်းဆိုးသံကို ဖြစ်စေသည့် လေပြွန်ရောင်ခြင်းတစ်မျိုး) က ဘယ်လောက်အဖြစ်များသလဲ လေပြွန်ရောင်ခြင်းသည် အဖြစ်များပါသည်။ အသက် ၆ လနှင့် ၃နှစ်ကြား ကလေးငယ်များတွင် အများအားဖြင့် ဖြစ် ပွားပါသည်။ အသက် ၁နှစ် အရွယ်တွင် အဖြစ်အများဆုံး ဖြစ် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cystic Fibrosis (မျိုးရိုးဗီဇဆိုင်ရာ အဆီ၊အချွဲ၊ ချွေး၊ တံတွေး၊ အရည်များထုတ်သော ဂလန်းများ ပျက်စီးသော ရောဂါ ) ကဘာလဲ။ Cystic fibrosis (CF) ဆိုသည်မှာ ချွေးနှင့် အချွဲအကျိများ ထွက်သောဆဲလ်များကို ထိခိုက်စေသော ဘဝတစ်လျှောက် လုံးဖြစ် သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ အချွဲအကျိသည် အမြှေးပါးများကို ချောမွတ်ပြီး ကာကွယ်ပေးသော ချောသော အတော်အတင့် စေးကပ်သော အရည်တစ်မျိုး ဖြစ်ပါသည်။ CF အချွဲအကျိသည် ပုံမှန်မဟုတ်စွာ ထူပြီး စေးကပ်ပါသည်။ အဆုတ်အား ပိတ်ဆို့စေပြီး အဆုတ် ရောဂါပိုးကူးစက်မှုကို ဖြစ်စေပါသည်။ CF သည် ကို လည်း ထိခိုက်စေကာ အစာခြေရန် လိုအပ်သော အင်ဇိုင်းဟုခေါ်သည့် အထူးဓါတု ပစ္စည်းများ ထုတ်လုပ်မှုကို ခက်ခဲစေပါသည်။ အင်ဇိုင်းများ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

လည်ချောင်းနာအမြစ်ပြတ်မကုဘဲ နောက်ဆက်တွဲပြဿနာတွေအဖြစ်ခံမှာလား

လည်ချောင်းနာပြီဆိုရင် လည်ချောင်းထဲမှာ ယားစပ်စပ်နဲ့ မျိုချလိုက်တိုင်းနာကျင်နေတာ ခံစားရခက်ပါတယ်။ အစာတို့ ရေတို့မပြောနဲ့ တံတွေးမျိုတာတောင် အရမ်းနာတယ်မဟုတ်လား။ လည်ချောင်းနာရတဲ့အကြောင်းရင်းကတော့ အအေးမိနဲ့ တုပ်ကွေးတို့လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာများပါတယ်။ ဒီဝေဒနာက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာပျောက်ကင်းနိုင်ပါတယ်။ streptococcus ဘက်တီးရီးယားကြောင့်ဖြစ်တတ်တဲ့ လည်ချောင်းနာကတော့နောက်ဆက်တွဲပြဿနာတွေဖြစ်လာတတ်လို့ ပဋိဇီဝပိုးသတ်ဆေးနဲ့ ကုသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာက သူ့ဘာသာ အလွယ်တကူပျောက်သွားတတ်တဲ့ဝေဒနာဆိုပေမယ့် ဂရုတစိုက်မရှိဘူးဆိုရင်တော့နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာတွေအဖြစ်ကို ကူးပြောင်းသွားနိုင်ပြီး မခံမရပ်နိုင်အောင်လည်ချောင်းနာတာ၊ပြည်တည်တာ၊ အသံမထွက်နိုင်တော့တာနဲ့ အသက်ရှူကြပ်တာမျိုးတွေထိဖြစ်နိုင်ပါတယ်။ ဘယ်လိုလက္ခဏာတွေရှိနိုင်မလဲ။ လည်ချောင်းနာခြင်းလက္ခဏာတွေက ရောဂါအကြောင်းရင်းကိုမူတည်ပြီး အမျိုးမျိုးကွဲပြားကြပါတယ်။ များသောအားဖြင့် - လည်ချောင်းထဲမှာ နာနေ၊ယားနေသလို ခံစားနေရခြင်း မျိုချရင်၊ စကားပြောရင် ပိုနာကျင်ခြင်း အစာ သို့မဟုတ်ရေမျိုချရခက်ခြင်း လည်ပင်း သို့မဟုတ်မေးရိုးအောက် ဂလင်းတွေရောင်ရမ်းခြင်း၊နာကျင်ခြင်း အာသီးရောင်ခြင်း အာသီးမှာ အဖြူဖတ်လေးတွေဖြစ်ခြင်း သို့မဟုတ်ပြည်တည်ခြင်း အသံဝင်ခြင်း တို့ဖြစ်လေ့ရှိပါတယ်။ လည်ချောင်းနာစေတဲ့ တချို့အကြောင်းရင်းတွေကတော့ ဖျားခြင်း၊ချောင်းဆိုးခြင်း၊နှာစေးခြင်း၊ နှာချေခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်းတို့အပါအဝင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် လည်ချောင်းနာရတာလဲ

ဘာတွေကြောင့် လည်ချောင်းနာဖြစ်စေတာလဲ လည်ချောင်းနာပြီဆို ဖျားတော့မယ့်လက္ခဏာလို့ သိထားကြပါတယ်။ ဆားရည်လေးငုံပြီးပလုပ်ကျင်းကြတာပဲ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ခုကတော့ လည်ချောင်းနာဝေဒနာအများစုက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ အအေးမိနဲ့ တုပ်ကွေးတို့လို အဲဒီပိုးမျိုးကို ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က သဘာဝအလျောက် ခုခံတိုက်ဖျက်ပေးမှာဖြစ်လို့ ပဋိဇီဝပိုးသတ်ဆေးတွေမလိုပါဘူး။ လည်ချောင်းနာတာ ကြာရှည်ပြီး ဗိုင်းရပ်စ်ကနေ ဘက်တီးရီးယားတွေဝင်လာပြီဆိုရင်တော့ ရောဂါပိုးကိုတိုက်ထုတ်နိုင်ဖို့ ပဋိဇီဝပိုးသတ်ဆေးသောက်ဖို့ လိုအပ်ပါတယ်။ ရက်ပိုင်းအတွင်း ဝေဒနာသက်သာလာရင်တောင် ဆရာဝန်ညွှန်းပေးလိုက်တဲ့ ပဋိဇီဝဆေးတွေကိုဆေးပတ်လည်အောင်သောက်ရပါမယ်။ လည်ချောင်းနာဖြစ်ရတဲ့ အကြောင်းရင်းက အမျိုးမျိုးရှိပါတယ်။ အဓိကအားဖြင့် - ဗိုင်းရပ်စ်ပိုး - အအေးမိခြင်းနဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးအမျိုးအစားများစွာ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက လည်ချောင်းနာစေတာအဖြစ်များပါတယ်။ ဘက်တီးရီးယားပိုး -ဘက်တီးရီးယားကူးစက်ခံရခြင်းက အာသီးပြည်တည်ခြင်း၊ ဆုံဆို့နာ၊ အသံအိုးဖုံးရောင်ရမ်းခြင်း၊အာသီးရောင်ခြင်း၊လည်ချောင်းနာခြင်းဖြစ်စေနိုင်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်ဓာတ်များ/ပြင်ပအကြောင်းရင်းခံများ -ဆေးလိပ်ငွေ့၊ လေထုညစ်ညမ်းခြင်း၊လေထုထဲကပါလာတဲ့ဓာတုပစ္စည်းတွေလိုမျိုး ဓာတ်ပစ္စည်းတွေက လည်ချောင်းနာစေပါတယ်။ ဓာတ်မတည့်မှု၊ ချောင်းဆိုးခြင်း၊ အစာချေရည်ပြန်ဆန်တက်ခြင်း(GERD) နဲ့အကျိတ်တို့လို ကျန်းမာရေးအခြေအနေတချို့ကြောင့်လည်း လည်ချောင်းနာတတ်ပါတယ်။ ထိခိုက်မှု […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

သင်လုပ်မိနေတဲ့ ဒီအမူအကျင့်အမှား (၆)ခုကြောင့် အသက်ရှူလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်

အသက်ရှူလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ။ အဲဒါက အအေးမိ၊နှာစေး ဖြစ်ဖူးသူတွေ သိပြီးသားဖြစ်မယ့် အဖြစ်များတဲ့ရောဂါဖြစ်စဉ်ပါ။ ဒါပေမယ့် အသက်ရှုူလမ်းကြောင်းဆိုတာမှာ ခန္ဓာဗေဒအရ အထက်ပိုင်းနဲ့အောက်ပိုင်းနှစ်မျိုးခွဲခြားထားပါတယ်။ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း ရက်တိုဝေဒနာတွေက နှာခေါင်း၊လည်ချောင်း၊လေပြွန်၊လည်ချောင်းဝနဲ့ အသံအိုးတို့လို အသက်ရှူလမ်းကြောင်းအထက်ပိုင်းမှာ ရောဂါပိုးဝင်တာ(URI) ဖြစ်ပါတယ်။ နှာစေးနှာပိတ်နဲ့ လည်ချောင်းနာတို့လို အအေးမိလက္ခဏာတွေဆိုရင်တော့ အဖြစ်များဆုံး URIတွေဆိုတာ သေချာပါတယ်။ တခြား URIတွေကတော့ ထိပ်ကပ်နာ၊ အသံအိုးရောင်ခြင်း စတာတွေပါဝင်ပါတယ်။ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာတော့ အဆုတ်နဲ့သက်ဆိုင်ပါတယ်။ ဒါ့ကြောင့် လေပြွန်ရောင်ခြင်းနဲ့ နမိုးနီးယားတို့ကတော့ ဒီလက္ခဏာထဲမှာပါဝင်ပါတယ်။ အအေးမိဝေဒနာတွေက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး လက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ ကိုယ်ပူခြင်း၊ လည်ချောင်းယားခြင်းတို့ဖြစ်တတ်ပါတယ်။ ဒါတွေကို ကုသရာမှာ ဆရာဝန်ပေးတဲ့ဆေးဝါးအကူအညီတစ်ခုတည်းနဲ့တော့ မလုံလောက်ပါဘူး။ ဆေးဝါးအပြင် ကိုယ်ခံအားက ခုခံပေးနိုင်ဖို့လည်း လိုတာကြောင့် ဆင်ခြင်နေထိုင်သင့်တဲ့အချက်တွေရှိပါတယ်။ အနေအထိုင်၊ အပြုအမူအမှားတွေကြောင့် ရောဂါမသက်သာဘဲ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ခံတွင်းနဲ့ကိုယ်ခန္ဓါကျန်းမာရေးအတွက် အကောင်းဆုံးခံတွင်းသန့်ဆေးရည်ရွေးချယ်မယ်

အမျိုးအစား အမှတ်တံဆိပ်များစွာရှိကြတဲ့အထဲ ခံတွင်းသန့်ဆေးရည်ရွေးချယ်ဖို့က ရှုပ်ထွေးနိုင်ပါတယ်။ ဘက်တီးရီးယားသေစေတဲ့ ခံတွင်းသန့်ဆေးရည်တွေ၊ သွားပိုးစားခြင်းကိုကာကွယ်ပေးတဲ့ဆေးရည်၊ ခံတွင်းနံ့ဆိုးပျောက်စေတဲ့ဆေးရည် စသည်ဖြင့် အာနိသင်ကွဲပြားတဲ့အမျိုးအစားတွေ များစွာရှိနေတာဆိုတော့ရွေးရခက်နိုင်တာပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့လိုအပ်ချက်ကိုမူတည်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့်ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်ရမှာပါ။ ဘယ်သူသုံးမှာလဲ၊ ဘယ်လိုအာနိသင်မျိုးကိုလိုအပ်တာလဲ၊ သုံးမယ့်သူမှာ ဘာပြဿနာတွေရှိနေလဲ ဆိုတဲ့ အချက်သုံးချက်ကို အရင်တွေးကြည့်ပြီးမှ အဆင်ပြေဆုံး အမျိုးအစားတစ်ခုကိုသုံးမယ်ဆိုရင် ထိရောက်တဲ့အကျိုးကျေးဇူးကိုရရှိနိုင်ပါလိမ့်မယ်။ ကလေးအတွက် သုံးမယ်ဆိုရင် ခံတွင်းသန့်ဆေးရည်သုံးမယ်ဆိုရင် ကလေးက အသက် ၆နှစ်အထက်ရှိသင့်ပါတယ်။ နားမလည်သေးတဲ့အသက်အရွယ်မှာ ကလေးအများစုက ခံတွင်းသန့်ဆေးရည်ကိုထွေးမထုတ်ဘဲ မျိုချတတ်တာကြောင့် ၆ နှစ်အောက်တွေကိုပေးမသုံးသင့်တာပါ။ ဒါ့ကြောင့် အသုံးပြုလို့ရတဲ့အရွယ် ကလေးတွေကိုတောင် ခံတွင်းသန့်ဆေးရည်သုံးတဲ့အခါတိုင်း လူကြီးကဘေးကနေကြီးကြပ်ပေးသင့်ပါတယ်။ အထူးသဖြင့် မျိုမချဘဲ ပလုပ်ကျင်းပြီးထွေးပစ်ရဲ့လား။ ကလေးတွေအတွက်က ပြင်းရှတဲ့အရသာမဟုတ်ဘဲ သွားပိုးစားခြင်းကို ကာကွယ်ပေးတဲ့ အယ်ကိုဟောမပါ၊ ဖလူအိုရိုက်ပါဝင်တဲ့ အမျိုးအစားက သင့်တော်ပါတယ်။ သွားပိုးစားတတ်သူဖြစ်ရင် အကြောင်းရင်းအမျိုးမျိုးကြောင့် သွားပိုးစားပြီး သွားအခေါင်းပေါက်ဖြစ်နေသူတွေရှိပါတယ်။ ဒါတွေက စားသောက်တဲ့အာဟာရ၊ သွားရဲ့ပုံပန်းသဏ္ဍာန်၊ခံတွင်းကဘက်တီးရီးယား စတဲ့အချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်