အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

အဆုတ် ကျန်းမာရေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရန်က ကာကွယ်နိုင်ဖို့ သိပ်ကို အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့ရင် သေမှာတော့ လူတိုင်း သိကြတာပဲမဟုတ်လား။ ဒီလို အရေးပါတဲ့ အဆုတ် ကို ကျန်းမာစေမယ့်၊ အားကောင်းစေမယ့် အထောက်အကူပြု အစားအသောက်တွေကို အကြံပြုပေးချင်ပါတယ် - ချင်း ချင်း(ဂျင်း)ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။ နနွင်း ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။ ဂေါ်ဖီထုပ်မျိုးနွယ်တွေ ဂေါ်ဖီ၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန့်လို့ ဆိုလိုက်ရင် ထင်းမီးတွေ တောမီးတွေကနေပဲဖြစ်ဖြစ်၊ မီးတောင်ကနေပဲဖြစ်ဖြစ်၊ အမှိုက်မီးရှို့မှုတွေကနေပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးနဲ့ ထင်းမီးသွေးတွေကနေပဲဖြစ်ဖြစ်၊ ဆေးလိပ်တွေကနေပဲဖြစ်ဖြစ် ထွက်ရှိလာတဲ့ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင် အမှုန်အဖတ်တွေ ဆိုတာကို လူအတော်များများ သိကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြာမှုန့် ရှုရှိုက်မိခြင်းက ဘာတွေ ဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပြာမှုန့်တွေဟာ နေရာတိုင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ မီးဖိုချောင်ထဲကနေစလို့ သဘာဝ ဘေးအန္တရာယ်ကြုံဆုံနေရတဲ့ နေရာတွေအထိပေါ့။ ဒီလို ပြာမှုန့်လို့ ခေါ်ဆိုကြတဲ့ ဒီ အမှုန်လေးတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပါတယ်။ တချို့က ဒီအမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပြီး တချို့သော ရိုးရာတိုင်းရင်းဆေးနည်းတွေမှာတော့ ဒီအမှုန်အဖတ်တွေကို ဆေးဖက်ဝင်ဓာတ်စာ တစ်မျိုးအဖြစ် ထည့်သွင်းအသုံးချကြပါတယ်။ ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ် တချို့သော ဆေးမြီးတိုကုသမှုနည်းလမ်းတွေမှာ ပြာမှုန့်ကို စားသုံးပေးတာ၊ ရေနဲ့ဖျော်သောက်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်တမ်းမှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

ကိုယ်အလေးချိန် မြင့်မားလွန်းလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ကြုံဆုံရင်ဆိုင်ရလာတတ်ပါတယ်။ အဝလွန်တာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပြီးသားပါ။ ခုချိန်မှာတော့ နောက်ထပ်တွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလွန်းရင် အဆုတ်ကိုလည်းထိခိုက်ပျက်ဆီးစေနိုင်ပြီး အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားရစေနိုင်တယ်လို့ သိရှိလာရပါပြီ။ အဆုပ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းပြီး နာတာရှည်ဝေဒနာစွဲကပ်ခံရပြီဆိုရင် လူတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အဆုတ်ဟာ အနေအထိုင် အစားအသောက် မဆင်ခြင်မှုကြောင့် အဝလွန်လာချိန်မှာ ပိုထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုလာနေကြပြီဖြစ်ပါတယ်။ အဝလွန်တာက အဆုတ်ကို ဘယ်လိုထိခိုက်စေသလဲ။ ဥရောပနဲ့ သြစတြေးလျက အသက်၂၀ နဲ့ ၄၄ နှစ်အကြား လူပေါင်း ၃၇၀၀ ကို ဆန်းစစ်လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလာလေလေ၊ အဆုတ်ရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာလေလေဆိုတာကို သိရှိလာရပါတယ်။ အဆုတ် ပိုမိုအိုမင်းရင့်ရော်လာတာနဲ့အမျှ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

အသက်ရှူလမ်းကြောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါပဲ။ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရှူသွင်းရင်း နောက်မှာ မလိုလားအပ်တဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေပါ ပါလာတတ်ပါတယ်။ ဒါတွေကို အသက်ရှူလမ်းကြောင်းက ရှင်းထုတ်ပေးရတာပါ။ အသက်ရှူလမ်းကြောင်းလို့ ပြောရင် တော်တော်များများက အဆုတ်ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အသက်ရှူလမ်းကြောင်းက နှာခေါင်းကစလို့ ဟိုးအဆုတ်လေအိတ်ငယ်လေးတွေအထိ ပါပါတယ်။ အဲ့ဒီနေရာအထိ ရောဂါပိုး မဝင်ဖို့ဆိုရင် အသက်ရှူလမ်းကြောင်း အစတည်းက သေချာဂရုစိုက်ရမှာပါ။ ခုချိန်မှာ COVID-19ကလည်း ရှိနေတော့ ပိုလို့တောင် ဂရုစိုက်ရပါဦးမယ်။ သူက အသက်ရှူလမ်းကြောင်းကနေ အဓိက ဝင်တာဆိုတော့လေ။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့၊ ရောဂါပိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။ (၁) လက်ဆေးပါ။ လက်မှာ ဖုန်တွေ၊ ရောဂါပိုးတွေ အများကြီး ရှိပါတယ်။ လက်ကို ရေနဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ချောင်းဆိုးတယ်ဆိုတာ ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းမျာ ရှိနေတဲ့ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်က လျင်မြန်စွာ တုံ့ပြန်လိုက်တဲ့ အပြုအမူတစ်ခုပါ။ ပုံမှန်အားဖြင့် • ချွဲ၊ သလိပ်တွေ ပါတဲ့ ချောင်းအစို • ချွဲသလိပ် မထွက်ဘဲ ဒီအတိုင်း ဆိုးတဲ့ ချောင်းအခြောက် ဆိုပြီး ချောင်း အမျိုးအစား ၂ မျိုး ခွဲခြားလို့ ရပါတယ်။ အဓိက ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ၁။ ပန်းနာရင်ကျပ် အသက်ရှူလမ်းကြောင်းဟာ ရောင်ပြီး ကျဉ်းလာမယ်။ အဲ့ဒီအတွက် အသက်ရှူရတာ ပုံမှန်လူတွေလို မဟုတ်ဘဲ အနည်းငယ် ခက်ခဲလာမယ်။ ချောင်းအစို၊ အခြောက် ၂ မျိုးလုံး တွေ့ရတတ်ပြီး ချောင်းခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ ချောင်းဆိုးတာအပြင် အသက်ရှူတဲ့အခါ ချွဲသံပါနေတာ၊ အသက်ရှူ မဝတာ၊ ရင်ဘတ်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

ချောင်းဆိုးပြီဆိုမှတော့ ချောင်းအစိုပဲ ဆိုးဆိုး၊ ချောင်းခြောက်ပဲ ဆိုးဆိုး တော်တော်လေးကို နေရထိုင်ရ ခက်စေမှာပါ။ ချောင်းအစို ကျတော့လည်း နှာရည်က တတောက်တောက်ကျ၊ ချောင်းဆိုးရင်လည်း ချွဲသလိပ်တွေ ကပ်ပါ၊ စကားပြောတော့လည်း ချွဲသံနဲ့ စိတ်ညစ်စရာကြီးနော်။ ချောင်းခြောက်ကျတော့လည်း လည်ချောင်းက တစ်ခုခု ကပ်ပြီး ယားနေသလို၊ အရေပြားမဟုတ်တော့ ကုတ်လို့လည်း မရ၊ ဆိုးဖန်များလာတော့ လည်ချောင်းကနာ၊ ဘေးလူတွေကိုလည်း အားနာရသေးတယ်မလား။ ဒီတစ်ခေါက်တော့ ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး အကြောင်း ပြောပြပေးချင်ပါတယ်။ ခုဆောင်းပါးမှာတော့ ရာသီ အကူးအပြောင်းကာလကြောင့် ဆိုးနေတဲ့ ချောင်းခြောက်တွေကို အိမ်မှာပဲ အလွယ်တကူ သက်သာစေအောင် လုပ်လို့ရမယ့် ကုထုံးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရမ်းလည်း အလုပ်မရှုပ်စေတာကြောင့် ကိုယ်တိုင် လုပ်လို့ ရပါတယ်။ ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

လူတိုင်း ချောင်းဆိုး ချွဲထွက်ဖူးမှာပါ။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။ သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိတာကို မြင်ဖူးကြပါသလား။ သလိပ်အရောင်တွေက ဘာကို ပြောချင်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ချွဲ သလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း အစိမ်းရောင် သို့မဟုတ် အဝါရောင် သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင် ဖြစ်နေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက် လား ချောင်းစိုလား

ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က ချောင်းခြောက် လား၊ ချောင်းစိုလား "သလိပ်ထွက်လား" လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။ ချောင်းခြောက် လား ချောင်းစိုလား ချောင်းခြောက် လား ချောင်းစိုလား ဆိုတာကို လေ့လာလိုက်ရအောင်နော်။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခုပါပဲ။ အသက်ရှူလမ်းကြောင်းထဲကို တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က အာရုံကြောတွေကနေ တဆင့် ဒီအပစ္စည်းတွေ အပြင်ထွက်သွားအောင်လို့ ချောင်းဆိုးခိုင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုတည်းက အချွဲလွှာရှိပါတယ်။ ရောဂါပိုးဝင်လာတဲ့ အခါ ဒီပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာတွေ ပိုထူလာပါတယ်။ ဒါကို သလိပ်လို့ ခေါ်ပါတယ်။ အရပ်အခေါ်တော့ ချောင်းအစို ဆိုးတယ်ပေါ့။ ဒီလောက်ဆိုရင် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ?

အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? တစ်ခါတစ်လေမှာ ဖျားနာတာကနေ သက်သာလာပေမယ့် ချောင်းဆိုးတာမပျောက်သေးတာကို ကြုံဖူးကြမှာပါ။ လည်ချောင်းယားပြီး ချောင်းဆိုးနေတိုင်းလည်း နေမကောင်းဘူးလို့ မသတ်မှတ်နိုင်ပါဘူး။ ဒါဆိုရင် နှာစေးအအေးမိဝေဒနာကနေ သက်သာလာတာတောင် ချောင်းဆက်ဆိုးနေသေးရင် စိတ်ပူဖို့လိုပါသလား ? အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? အဖျားပျောက်သွားတာတောင် ချောင်းဆိုးနေသေးတာ စိုးရိမ်စရာလိုလား ? ဆိုတော့ "လူနာတော်တော်များများက အအေးမိဖျားနာဝေဒနာကို ရက်အနည်းငယ်အတွင်းမှာပဲ ပျောက်ကင်းသွားမယ်လို့ သေချာပေါက်ထင်ထားကြတယ်။ ဒါပေမဲ့ ရိုးရိုးအအေးမိခြင်းကလည်း တစ်ခါတစ်လေမှာ တစ်ပတ်နှစ်ပတ်ခန့်ကြာနိုင်ပါတယ်" လို့ ကယ်လီဖိုးနီးယားဆေးရုံက အတိုင်ပင်ခံသမားတော် ဒေါက်တာ John Doherty ကဖြေကြားဖူးပါတယ်။ သူက အအေးမိဝေဒနာသက်သာလာရင်တောင်မှ ခန္ခာကိုယ်က ခုခံအားစနစ်က ရောဂါပိုးတွေကို တိုက်ထုတ်ခြင်းရဲ့ အကျိုးဆက်အနေနဲ့ ချောင်းဆိုးတာမျိုးကဖြစ်နိုင်ပါတယ်လို့ ဆက်ရှင်းပြပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ အကြောင်းရင်းတစ်ချက်ကတော့ နှာခေါင်းထဲကအချွဲတွေကြောင့် ဖြစ်ပါတယ်။ အီလီနျွိုက်ပြည်နယ်ဆေးရုံက သမားတော်ဒေါက်တာ Laura Boyd […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းနေပြီလား

လေထုညစ်ညမ်းတာ (Air Pollution) ဟာ လူတွေကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ အများအပြားပေးနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ရန်ကုန်မြို့ကြီးဟာ လေထုညစ်ညမ်းမှုမြင့်မားလာနေတယ်။ နေလို့၊ အသက်ရှူလို့ မကောင်းတော့ဘူး။ စိတ်ညစ်ညူးဖွယ်မြို့ကြီးဖြစ်လာနေပြီလို့ ဆိုနေကြတယ်မဟုတ်လား။ ဒီတင်လားဆိုတော့ မဟုတ်ပါဘူး။ အာဆီယံဒေသတွင်းတိုင်းပြည်တွေမှာဆိုရင်လည်း ဂျကာတာတို့၊ ဘန်ကောက်တို့ဟာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်နေရတဲ့ မြို့တော်ကြီးတွေပါ။ လေထုညစ်ညမ်းမှု မြင့်မားလာရင် ဖျားတာ၊ နာတာ၊ စိတ်ဖိစီးမှုများတာ၊ နှလုံး၊ အဆုတ်ရောဂါတွေနဲ့ ဆဲလ်ပျက်ဆီးမှုမျးတာလိုမျိုး ဝေဒနာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာက ရေရှည်ပြဿနာတစ်မျိုးဖြစ်ပါတယ်။ လူတိုင်းက လေထုညစ်ညမ်းမှုအကြောင်းနဲ့ ဘေးအန္တရာယ်တွေကို သတိထားမိပေမယ့် ကိုယ့်နေအိမ်အတွင်းက လေထုညစ်ညမ်းမှု (Indoor Air Pollution) အကြောင်းကိုတော့ မသိကြတာများပါတယ်။ နေအိမ်တွင်း လေထုညစ်ညမ်းမှုဆိုတာက ပြင်ပလေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက် ဆက်စပ်မှုနည်းပါးပြီးတော့ မိမိရဲ့ အိမ်တွင်း အလေ့အထတွေနဲ့ သန့်ရှင်းမှုပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးဖြစ်ပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုဟာ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်