အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ပြည်တည်နာ သိကောင်းစရာ

အဆုတ်ပြည်တည်နာ ဆိုတာက တခြားပြည်တည်နာတွေလိုပဲ ပိုးဝင်တာကြောင့်ဖြစ်တဲ့ ပြည်လုံးပါ။ အများစုက ဘက်တီးရီးယားကြောင့်ဖြစ်ပြီး မှိုပိုးတွေ၊ ကပ်ပါးပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် တွေ့နိုင်ပါတယ်။ များသောအားဖြင့် ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ တစ်ခါတလေမှာတော့ ခွဲစိတ်ရတာမျိုး ရှိနိုင်ပါတယ်။ အဆုတ်ပြည်တည်နာ ဖြစ်ရတဲ့ အကြောင်းအရင်း အဆုတ်ပြည်တည်နာက အဆုတ်ကိုယ်တိုင်က ဖြစ်လာတာ ရှိသလို တခြားနေရာကနေ ပြန့်လာတာလည်း ဖြစ်နိုင်ပါတယ်။ ပြည်တည်တာက တစ်ခုတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ အများကြီး ဖြစ်တယ်ဆိုရင်တော့ နမိုးနီးယား ဒါမှမဟုတ် သွေးဆိပ်သင့်တာကြောင့် ဖြစ်နိုင်ပါတယ်။ အဆုတ်ကနေ စဖြစ်တဲ့ ပြည်တည်နာ အဆုတ်ကို တိုက်ရိုက်ထိတဲ့ ရောဂါအများစုက အဆုတ်ပြည်တည်နာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ နမိုးနီးယား အဆုတ်ရောင်ရောဂါ (ဒီထဲမှာ အဖြစ်အများဆုံးက အစာသီးပြီး အဆုတ်ရောင်တဲ့ aspiration pneumonia အမျိုးအစားပါ) ကင်ဆာကျိတ်တွေ - […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားတော့ ပျောက်သွားပြီ၊ ဘာလို့ ချောင်းဆိုးမရပ်သေးတာလဲ

တစ်ခါတစ်လေ ရက်ရှည်ကြာအောင် အပြင်းဖျားပြီး ပြန်နာလန်ထူတဲ့ အချိန်မှာ ချောင်းနည်းနည်းဆိုးနေသေးတာ သတိထားမိမှာပါ။ အအေးမိတုပ်ကွေးဖျားနာဖြစ်စေတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးတွေ ကိုယ်ခန္ဓာထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က ဒီဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ဖို့ အပြင်းအထန်အလုပ်လုပ်ရပါတယ်။ ဒါကို အချက်ပြဖို့အတွက် ချောင်းဆိုးချင်လာအောင် ကိုယ်ခံအားစနစ်က လှုံ့ဆော်ပေးရပါတယ်။ အဲ့တော့ အဖျားပျောက်သွားတဲ့တိုင်အောင် ခန္ဓာကိုယ်က လက်ကျန် ရောဂါပိုးတွေကို ရှင်းထုတ်နေရတဲ့အတွက် ချောင်းဆိုးတာ၊ နှာရည်ယို၊ နှာပိတ်တာ အစရှိတဲ့ လက္ခဏာတွေကို ရက်သတ္တပတ် အနည်းငယ်ထိ ပြနေနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ ချွဲသလိပ်မပါတဲ့ ချောင်းအခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ တချို့သော အခြေအနေမှာ အဖျားက အရှင်းမပျောက်သေးဘဲ နောက်ထပ် ရောဂါပိုးအသစ်ဝင်လာတဲ့အတွက် ဒုတိယအကြိမ်ဆိုသလို ဆက်တိုက်ပြန်ဖျားတာမျိုးလည်း ရှိပါတယ်။ ဒီအခြေအနေကိုတော့ secondary infection လို့ ခေါ်ပါတယ်။ ပထမဆုံး ဝင်လာတဲ့ ရောဂါပိုးကို […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ

ခုလို အအေးဓာတ်ကဲတဲ့ ရာသီမျိုးတွေမှာ လူအတော်များများ ချောင်းဆိုးတဲ့ ဝေဒနာကို ခံစားကြရလေ့ရှိပါတယ်။ အအေးမိလို့ပဲဖြစ်စေ၊ အဆုတ်အားနည်းလို့ပဲဖြစ်စေ၊ တခြားကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်စေ ချောင်းဆိုးတာ၊ ချွဲကြပ်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ နေလည်းကောင်းနေပြီ၊ အအေးမိဖျားနာဝေဒနာလည်း ပျောက်ကင်းနေပြီ၊ မိမိမှာလည်း ရောဂါ တစ်စုံတစ်ရာ မရှိပါပဲနဲ့ ချောင်းဆက်ပြီး ဆိုးနေသေးတာမျိုးတွေနဲ့ ကြုံရလေ့ရှိပါတယ်။ လက်လှမ်းမှီရာ ချောင်းဆိုးပျောက်ဆေးတွေနဲ့ ကုသကြည့်ပေမယ့်လည်း တိတိပပ ပျောက်ကင်းသွားတာမျိုးမရှိပဲ ချောင်းဆက်ဆိုးနေတတ်တာမျိုးပါ။ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ....အောက်ပါ အချက် ၈ ချက်ကြောင့်ဖြစ်နိုင်ပါတယ်။ https://hellosayarwon.com/respiratory-health/other-respiratory-issues/can-you-prevent-cough/ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ဘာကြောင့် ချောင်းဆိုးမပျောက်သေးတာလဲ ဆိုတော့ အသက်ရှူလမ်းကြောင်းထဲမှာ ပြဿနာရှိနေတာကြောင့် - များသောအားဖြင့် တုပ်ကွေး၊ ဖျားနာအပါအဝင် တခြားသော ကူးစက်နိုင်တဲ့ရောဂါတွေ ဖြစ်ပြီးတဲ့အခါမျိုးမှာ ချောင်းဆိုးနေတာလေးတော့ ကျန်ခဲ့လေ့ရှိပါတယ်။ ဖျားတာနာတာတွေ ပျောက်ကင်းသွားပေမယ့် ခုလို ချောင်းဆိုးတဲ့ အခြေအနေကျန်ခဲ့ရတဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ရောဂါအကျဉ်း ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာဘာလဲ။ ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာ အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးလေပြွန်အိတ်လေးတွေမှာ ဓာတုပစ္စည်းတွေကို ရှူရှိုက်မိတာကြောင့် လေပြွန်နံရံတွေမှာ အမာရွတ်တွေဖြစ်၊ ကျဉ်းမြောင်းသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လေပြွန်တွေပါ ပိတ်ဆို့သွား၊ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါကို Bronchiolitis Obliterans လို့လဲခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ bronchiolitis လေပြွန်ငယ်လေးတွေယောင်ယမ်းခြင်းနဲ့ obliterans ပိတ်ဆို့ခြင်း ပါ။ ဒါကြောင့် ဒီရောဂါဟာ လေပြွန်အိတ်ငယ်လေးတွေ ယောင်ယမ်းခြင်းကြောင့် လေပြွန်တွေပိတ်ဆို့တဲ့ အဆုတ်ရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ ၂၀၀၄ ခုနှစ်မှာ ယူအက်စ်ရဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်မှုဋ္ဌာန (CDC) ကနေပြီးတော့ Popcorn Lung ရောဂါကေ့စ်တွေကိုစတင်ပေါ်ပေါက်လာကြောင်း သတင်းပို့ပါတယ်။ နောက်ကြောင်းပြန်လိုက်ကြည့် တဲ့အခါ မီဆိုရီပြည်နယ်က မိုင်ခရိုဝေ့ဖ်ထဲမှာ ဖောက်တဲ့ ပေါက်ပေါက်ဆုပ် စက်ရုံတစ်ရုံကသူတွေမှာ Bronchiolitis obliterans ရောဂါတွေကို တွေ့ရှိခဲ့ရပါတယ်။ ယူအက်စ်ရဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ခန္ဓာကိုယ်မှာအဆုတ်ရဲ့ တာဝန်ကဘာများလဲ

ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီအလိုက်မှာလည်း တာဝန်အသီးသီးရှိကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက သူတို့တာဝန် သူတို့ကြေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူသိုလှောင်ပေးနေတဲ့ အဆုတ်အကြောင်းကို နည်းနည်လောက်ပြောပြပေးပါရစေ။ အဆုတ်ဆိုတာ အဆုတ်ဆိုတာက  ခန္ဓာကိုယ်ရဲ့လိုချင်တဲ့ အောက်ဆီဂျင်ကို ရယူပေးပြီး သွေးကြောတွေထဲကနေတဆင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည်ဖြန့်ဝေပေးပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်တာမှာ အကြိမ်ရေ ၆ သန်းလောက်ထိအသက်ရှူပါတယ်။ အဆုတ်ကြောင့် ခန္ဓာကိုယ်ကျန်းမာသလို အဆုတ်မကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ကိုယ်ထဲမှာ အဆုတ် ဘယ်နှခုရှိလဲ........... ခန္ဓာကိုယ်မှာ အဆုတ်က နှစ်ခုရှိပါတယ်။ ဘယ်ဘက်မှာတစ်ခု ၊ ညာဘက်မှာတစ်ခုပါ။ အဆုတ်က ရင်ဘတ်ထဲမှာရှိနေပြီး နံရိုးရဲ့နောက်ဖက်မှာရှိနေပါတယ်။ ထိပ်ပိုင်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး ရင်ဝမ်းခြားမြှေးနဲ့ ဆုံတဲ့နေရာမှာ ခပ်ပြားပြားသဏ္ဍာန်ရှိနေပါတယ်။အဆုတ်ကတစ်စုံလို့ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက ပုံစံမတူပါဘူး။ ဘယ်ဘက်အဆုတ်မှာ နှလုံးအတွက် နေရာလေး ခပ်ဝိုက်ဝိုက်လပ်နေတတ်ပြီး ညာဘက်အဆုတ်ကတော့ အောက်ဘက်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက် နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။ ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဖျားကပျောက်သွားပြီ၊ ချောင်းက ဘာလို့ဆိုးနေသေးတာလဲ

ခုလို ပူနွေးစိုစွတ်တဲ့ မိုးတွင်းကာလဆိုတာ အအေးမိတုပ်ကွေး ရောဂါပိုးတွေ အသောင်းကျန်းဆုံးကာလတစ်ခုပါပဲ။ ဘယ်နေရာပဲသွားကြည့်ကြည့် လူတွေ ဖျားနေကြတယ်၊ ချောင်းဆိုးနှာစေးနေကြတယ်၊ အအေးမိတာရော၊ အခုဆိုရော ဆင်တုပ်ကွေးလက်ချက်နဲ့ အဖျားပျောက်သွားတာတောင် အဆစ်အမြစ်ကိုက်တဲ့ဝေဒနာ ကျန်ခဲ့လို လူတွေကို ကြည့်လိုက်ရင် အားမရှိဘဲ ပိန်နေပြီး ကြည့်ရတာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တချို့တွေကျတော့လည်း ဖျားတဲ့အချိန် ဝေဒနာရဲ့ ဒဏ်ကို လှိမ့်ပိမ့်ခံလိုက်ရတယ်၊ အဖျားပျောက်သွားလို့ စိတ်ချမ်းသာရမလား ကြံတုန်းပဲရှိသေးတယ်၊ ချောင်းက တဟွတ်ဟွတ်နဲ့ ဆိုးနေသေးတော့ အဖျားကပဲ ကျန်သေးတာလား၊ နောက်တစ်ခါ ထပ်ပြီးဖျားတာလား၊ ဆေးခန်းပဲ ပြရမလား အရမ်းတွေ လမ်းပျောက်ကြတယ်နော်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကိုတော့ ဒီဆောင်းပါးမှာ ကျွန်တော် ရှင်းပြပေးချင်ပါတယ်။ ပုံမှန်အဖျားက ဘယ်လောက်ကြာမှ ပျောက်တာလဲ။ လူနာရဲ့ အခြေအနေပေါ်မူတည်ပြီး ရက်အနည်းငယ်အတွင်းကနေ ရက်သတ္တပတ်အနည်းငယ်အထိ ကြာနိုင်ပါတယ်။ ဆေးတွေသောက်ပြီး၊ အိမ်မှာကောင်းကောင်းအနားယူပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်မှာ ဖြစ်နိုင်တဲ့ ရောဂါ အမျိုးမျိုး ။ ။

အဆုတ်လို့ဆိုလိုက်တာနဲ့ အဆုတ်ကင်ဆာ။ အဆုတ်ရောင်၊ အဆုတ်ပိုးဝင်၊ ပန်းနာရင်ကြပ် ၊ တီဘီ လောက်သာသိကြတဲ့များပါတယ်။ တကယ်လည်း သူတို့က နာမည်ကြီး အဆုတ်ရောဂါတွေဖြစ်ပြီး ဖြစ်တဲ့သူတွေကလည်း အများကြီးပါ။ ဒါပေမယ့် အဆုတ်ဆိုတဲ့ ကိုယ်တွင်း အစိတ်အပိုင်းလေးမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေ၊ ရောဂါတွေ အများကြီးပါ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။ လြေ့ပွန်ပိုင်းဆိုင်ရာ အဆုတ်ပြဿနာတွေ ။ ။ အဆုတ်တစ်ခုရဲ့ ဖွဲ့စည်းပုံအရ trachea ( လေပြွန်) ကနေ ဖြာထွက်လာတဲ့ လေပြွန်အတက်လေး bronchi တွေမှာ ဖြစ်တဲ့ ပြဿနာတွေကို လေပြွန်ပိုင်းဆိုင်ရာ ပြဿနာတွေအဖြစ် တစ်အုပ်စုထားပါတယ်။ သူတို့တွေကတော့ Asthama (ပန်းနာရင်ကြပ် )- ဓါတ်မတည့်တာတွေနဲ့ ထိမိတာကြောင့် လေပြွန်လေးတွေ တစ်ချိန်လုံးရောင်နေပြီး အသက်ရှူ့ကြပ်တဲ့ ပြဿနာတစ်ခုပါ။ Chronic obstructive […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။

မိုးလေးမအေးလိုက်နဲ့ ချောင်းဆိုးတော့တာပဲ။ နေ့ခင်းဘက်တွေတော့ အကောင်းကြီး ညရောက်မှ ချောင်းတွေဆိုးနေတယ်။ TB ဖြစ်မှာဆိုးလို့ သလိပ်စစ်ကြည့်တော့လည်း ဘာပိုးမှ မတွေ့ဘူး။ ဒီတော့ TB လည်း မရှိဘဲ နာတာရှည်ချောင်းဆိုးတာက ဘာကြောင့် ဖြစ်ရတာလဲ သိချင်နေပြီလား။ ဒါဆိုရင်တော့ နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ အကြောင်းကို ပြောပြပေးမယ်နော်။ နာတာရှည် ချောင်းဆိုးရခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။ ။ လူတိုင်းတော့ ချောင်းဆိုးဖူးကြပါတယ်။ တစ်ခါဆိုးရင် လပိုင်းလောက်က အကြာဆုံးပေါ့။ ၁ ပတ် ၂ ပတ်လောက်နဲ့ ပျောက်သွားတာက များပါတယ်။ ဒါပေမယ့် တစ်ချို့ နှစ်နဲ့ချီကြာတဲ့ နာတာရှည် ချောင်းဆိုးခြင်းတွေရှိပါတယ်။ ခုပြောပြမယ့် အချက်တွေ တစ်ချက်တည်းကဖြစ်စေ၊ အချက်တွေ ပေါင်းပြီးဖြစ်စေ သူတို့ကတွေက နာတာရှည် ချောင်းဆိုးခြင်း ပြဿနာကိုဖြစ်စေတတ်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေကတော့ Postnasal drip […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ

ချောင်းဆိုး တယ် ဆိုတာ ရာသီမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ စိုးရိမ်စရာတော့ မဟုတ်ပေမယ့် ဝေဒနာခံစားနေရတဲ့သူအတွက် ဒီချောင်းဆိုးနေရတဲ့ ဒုက္ခက မသေးလှပါဘူး။ လည်ချောင်းထဲက ယားသလိုဖြစ်နေတာကနေ ညဘက်တွေမှာ အိပ်လို့မရတော့တဲ့အထိ ချောင်းတွေ တဟွပ်ဟွပ်ဆိုးနေတာက ကိုယ့်အိပ်ချိန်ကိုလည်း ထိခိုက်စေသလို ဘေးပတ်ဝန်းကျင်ကလူတွေအတွက်လည်း စိတ်ညစ်ရတာပေါ့။ ဒီနေ့ဆောင်းပါးမှာ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ညဘက်မှာ ချောင်းဆိုးမရပ်တော့ရင် ဘယ်လိုလုပ်ကြမလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ ၁။ အိပ်နေတဲ့ ခေါင်းအနေအထားကို သေချာပြုပြင်ပါ။ ခေါင်းက လှဲနေတဲ့အချိန်ဆိုရင် လည်ချောင်းက ချောင်းဆိုးချင်စိတ်ကို ဖြစ်စေဖို့ ပိုပြီးလွယ်ကူတတ်ပါတယ်။ ဒါကြောင့် ခေါင်းအောက်မှာ ခေါင်းအုံးနှစ်ထပ်လောက် ခံပြီးမှ အိပ်တာပိုကောင်းပါတယ်။ ၂။ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်တစ်လုံး ထားထားပါ။ ခုလိုရာသီဆိုရင် ပတ်ဝန်းကျင်မှာ ခြောက်သွေ့တဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်