အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ

အေးမြစိုစွတ်တဲ့ ဆောင်းတွင်းတို့ မိုးတွင်းတို့ဆိုတာ တုပ်ကွေးဗိုင်းရပ်စ်တွေ ရှင်သန်လွယ်တဲ့ ရာသီဥတုပါ။ ဒါကြောင့် ဒီလိုရာသီတွေဆို ကိုယ့်ပတ်ဝန်းကျင်မှာ တုပ်ကွေးဖြစ်တဲ့သူတွေကို မကြာခဏ တွေ့ရတာပါ။ ကိုယ်တိုင်လည်း တုပ်ကွေးဖြစ်ဖူးကြမယ်လို့ ယူဆပါတယ်။ တုပ်ကွေးဖြစ်ရင် လူလည်း ခံရသလို အလုပ်ပျက် ကျောင်းပျက်နဲ့ ကိုယ့်ရဲ့ အစီအစဉ်တွေ နှောင့်နှေးရတာကြောင့် တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများကို မျှဝေပေးချင်ပါတယ်။ တုပ်ကွေး ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ တုပ်ကွေးရဲ့ လက္ခဏာတွေကတော့  ရုတ်တရက် အဖျားကြီးတာ ကိုယ်လက်ကိုက်တာ နုံးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ခေါင်းကိုက်တာ အစားအသောက်ပျက်တာ ဝမ်းလျှောတာတွေ ဖြစ်တတ်ပါတယ်။ တုပ်ကွေးကနေ အမြန်နာလန်ထူစေဖို့ နည်းလမ်းကောင်းများ တုပ်ကွေးတို့ သဘာဝ တစ်ပတ်လောက်နေရင် အလိုလိုသက်သာသွားတယ်ဆိုပေမယ့် မသက်သာခင်မှာ နေလို့ထိုင်လို့ မကောင်းသလို အလုပ်ပျက်၊ ကျောင်းပျက်နဲ့ စိတ်ရှုပ်ရပါတယ်။ တုပ်ကွေးက ဗိုင်းရပ်စ်ဖြစ်တာကြောင့်  ကိုယ်ခံအားနဲ့ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ

နှာရည်ယို၊ နှာပိတ်တဲ့ ရောဂါလက္ခဏာကို ဖျားနာနေတဲ့ အချိန်၊ ဓာတ်မတည့်ဖြစ်တဲ့ အချိန်မှာ အများဆုံး တွေ့ရပါတယ်။ နှာရည် တတောက်တောက်ကျလို့ ခဏခဏ တစ်သျှူးထယူပြီး နှပ်ညှစ်ရတာ၊ နှာခေါင်းက ပိတ်နေတော့ ပါးစပ်ကနေ အသက်ရှူရတာ၊ အသက်ရှူမဝတာ စတဲ့ ပြဿနာတွေဟာ ပြင်းထန်နေခြင်း မရှိတဲ့တိုင်အောင် ခံစားရတဲ့သူအတွက်တော့ မသက်သာလှပါဘူး။ ဒီဆောင်းပါးမှာတော့ နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ ကို ပြောပြပေးချင်ပါတယ်။ နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ နှာရည်ယို၊ နှာပိတ်ခြင်းအတွက် ထိရောက်တဲ့ အိမ်တွင်းကုထုံးများ ကတော့ ၁။ ရေများများ သောက်ပေးပါ။ နှာစေး နှာပိတ်နေတဲ့အချိန်ဆိုရင် လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားနာတဲ့ လက္ခဏာတွေပါ တွဲလျက် တွေ့ရတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေဓာတ်က ပုံမှန်ထက် ကုန်ဆုံးမှုနှုန်း မြန်နေမှာပါ။ […]


အအေးမိဖျားနာခြင်း

သင် ဘာလို့ ခဏခဏ ဖျားနာ နေတာလဲ

လောကမှာ မဖျားတဲ့သူဆိုတာ မရှိပါဘူး။ ဘယ်လောက်ပဲ ကျန်းမာနေတဲ့ သူတစ်ယောက် ဖြစ်ပါစေ၊ အစာအာဟာရကို ဂရုစိုက်ပြီး စားသုံးနေပါစေ တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပုံမှန် ဖျားတတ်ပါတယ်။ ခဏခဏ ဖျားနာ တဲ့သူတွေမှာတော့ ဖျားနာခြင်းရဲ့ ဒဏ်ကို တော်တော်လေး ခံစားရပါတယ်။ သူများတွေက တစ်နှစ်လောက်မှ တစ်ခါပဲ ဖျားနေရင် သူတို့က တစ်လကို တစ်ခါလောက် ဖျားနေပြီ၊ ဖျားရင်လည်း အနည်းဆုံး ၃-၄ ရက်ကနေ တစ်ပတ်လောက်ထိပဲ။ ဖျားရင် လူက မလှုပ်ချင်၊ မကိုင်ချင်နဲ့ အလုပ်ကိစ္စတွေ ပျက်မယ်၊ အစားအသောက် ပျက်မယ်၊ ပြုစုပေးတဲ့ သူရော ဖျားနေတဲ့သူပါ ဒုက္ခများ၊ အလုပ်ရှုပ်ရတယ်နော်။ ခုဆောင်းပါးမှာ မကြာခဏ ဆိုသလို ဖျားနေသူတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာနဲ့ ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ် အားကောင်းစေဖို့ ဘာတွေ စားလို့ရလဲ

အဆုတ် ကျန်းမာရေးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ရန်က ကာကွယ်နိုင်ဖို့ သိပ်ကို အရေးပါတဲ့ ကိစ္စ ဖြစ်ပါတယ်။ အသက်ကောင်းကောင်း မရှူနိုင်တော့ရင် သေမှာတော့ လူတိုင်း သိကြတာပဲမဟုတ်လား။ ဒီလို အရေးပါတဲ့ အဆုတ် ကို ကျန်းမာစေမယ့်၊ အားကောင်းစေမယ့် အထောက်အကူပြု အစားအသောက်တွေကို အကြံပြုပေးချင်ပါတယ် - ချင်း ချင်း(ဂျင်း)ကလည်း ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်းထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။ နနွင်း ချင်းနဲ့ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူကallicin ပါဝင်မှုမြင့်မားလို့ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိမျိုးစုံပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းကရောဂါပိုးတွေကိုခုခံတိုက်ဖျက်ပေးပြီးရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကိုသက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။ ဂေါ်ဖီထုပ်မျိုးနွယ်တွေ ဂေါ်ဖီ၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ်

ပြာမှုန့်လို့ ဆိုလိုက်ရင် ထင်းမီးတွေ တောမီးတွေကနေပဲဖြစ်ဖြစ်၊ မီးတောင်ကနေပဲဖြစ်ဖြစ်၊ အမှိုက်မီးရှို့မှုတွေကနေပဲဖြစ်ဖြစ်၊ ကျောက်မီးသွေးနဲ့ ထင်းမီးသွေးတွေကနေပဲဖြစ်ဖြစ်၊ ဆေးလိပ်တွေကနေပဲဖြစ်ဖြစ် ထွက်ရှိလာတဲ့ မီးခိုးရောင် ဒါမှမဟုတ် အမည်းရောင် အမှုန်အဖတ်တွေ ဆိုတာကို လူအတော်များများ သိကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ပြာမှုန့် ရှုရှိုက်မိခြင်းက ဘာတွေ ဖြစ်နိုင်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပြာမှုန့်တွေဟာ နေရာတိုင်းမှာ တွေ့မြင်ရနိုင်ပါတယ်။ မီးဖိုချောင်ထဲကနေစလို့ သဘာဝ ဘေးအန္တရာယ်ကြုံဆုံနေရတဲ့ နေရာတွေအထိပေါ့။ ဒီလို ပြာမှုန့်လို့ ခေါ်ဆိုကြတဲ့ ဒီ အမှုန်လေးတွေနဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးရှိပါတယ်။ တချို့က ဒီအမှုန်တွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားကြပြီး တချို့သော ရိုးရာတိုင်းရင်းဆေးနည်းတွေမှာတော့ ဒီအမှုန်အဖတ်တွေကို ဆေးဖက်ဝင်ဓာတ်စာ တစ်မျိုးအဖြစ် ထည့်သွင်းအသုံးချကြပါတယ်။ ပြာမှုန့် ရှုရှိုက်မိခြင်းနှင့် ကျန်းမာရေးအန္တရာယ် တချို့သော ဆေးမြီးတိုကုသမှုနည်းလမ်းတွေမှာ ပြာမှုန့်ကို စားသုံးပေးတာ၊ ရေနဲ့ဖျော်သောက်တာ စတဲ့ နည်းလမ်းတွေလည်း ရှိပါသေးတယ်။ တကယ်တမ်းမှာ […]


အအေးမိဖျားနာခြင်း

ခန္ဓာကိုယ်ရဲ့ ခုခံအားနဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိထားလဲ။ ခုခံအား တက်အောင် ဘာလုပ်ကြမလဲ။

ခုလို ရောဂါပိုး အသစ်တွေ ပေါ်လာတဲ့အချိန်မှာ "ခုခံအား ကောင်းအောင်နေ" ဆိုတဲ့ စကားလေး မကြာမကြာ ကြားလာရပါတယ်။ ဘာလို့ပြောတာလဲဆိုတော့ ရောဂါပိုးတစ်ခုဝင်လာရင် ခုခံအားကပဲ တိုက်ထုတ်ပေးတာပါ။ ရောဂါပိုးတွေ ဝင်မလာအောင်လည်း ခုခံအားကပဲ ကာကွယ်ပေးတာပါ။ ဒါကြောင့် ခုခံအား ကောင်းအောင်နေလို့ ပြောကြတာပေါ့။ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်က ဘယ်လို အလုပ်လုပ်တာလဲ။ ခုခံအား တက်အောင် ဘာတွေ လုပ်ရမလဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါ့မယ်။ ခုခံအား စနစ် ဘယ်လို အလုပ်လုပ်လဲ။ ခန္ဓာကိုယ်မှာ ရောဂါပိုး တစ်ခုခု ဝင်လာတဲ့အခါ တိုက်ထုတ်ဖို့ ခုခံအား ၂ခု ရှိပါတယ်။ Innate immune response လို့ ခေါ်တဲ့ အလိုအလျောက် တုံ့ပြန်တဲ့ ခုခံအားစနစ်နဲ့ Adaptive immune response လို့ ခေါ်တဲ့ […]


တီဘီရောဂါ

အရိုးတီဘီ ဖြစ်ခဲ့သော်

တီဘီဆိုတာ  Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ရောဂါပြင်းထန်ပြီး အသေအပျောက်များတဲ့ ရောဂါထိပ်တန်း ၁၀ခုမှာ ပါပါတယ်။ တီဘီလို့ပြောလိုက်ရင် တော်တော်များများက အဆုတ်မှာ ဖြစ်တယ်လို့ပဲ သိထားကြပါတယ်။ ဒါပေမယ့် တီဘီက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါကို အဆုတ်ပြင်ပမှာ ဖြစ်တဲ့ တီဘီလို့ ခေါ်ပါတယ်။ အရိုးတီဘီ ဆိုတာ ဒါတွေထဲက တစ်ခုပါပဲ။ တီဘီရောဂါရဲ့ ၁၀ရာခိုင်နှုန်းက အရိုးတီဘီ ဖြစ်တတ်ပါတယ်။ အရိုးတိုင်းမှာ တွေ့နိုင်ပေမယ့် ကျောရိုး၊ အရိုးအကြီးတွေနဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီထဲမှာမှ ကျောရိုးမှာ ဖြစ်တာ အများဆုံးပါပဲ။ Pott’s diseaseရယ်လို့ ခေါ်ကြပါတယ်။ အရိုးတီဘီ ဘာကြောင့်ဖြစ်တာလဲ။ အရိုးတီဘီက ခန္ဓာကိုယ်ထဲကို တီဘီပိုး အကူးခံရတယ်။ ပြီးတော့ အဆုတ်ရဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတာကြောင့်ပါ။ တီဘီက […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကိုယ်အလေးချိန်များရင် အဆုတ်ပျက်စီးမယ်တဲ့နော်

ကိုယ်အလေးချိန် မြင့်မားလွန်းလာတဲ့အခါမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အမျိုးမျိုးအဖုံဖုံ ကြုံဆုံရင်ဆိုင်ရလာတတ်ပါတယ်။ အဝလွန်တာကြောင့် သွေးတိုး၊ ဆီးချို၊ နှလုံးနဲ့ ကင်ဆာအန္တရာယ်တွေ ရင်ဆိုင်ရနိုင်တယ်လို့ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ပြီးသားပါ။ ခုချိန်မှာတော့ နောက်ထပ်တွေ့ရှိချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလွန်းရင် အဆုတ်ကိုလည်းထိခိုက်ပျက်ဆီးစေနိုင်ပြီး အဆုတ်နဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာဝေဒနာတွေ ခံစားရစေနိုင်တယ်လို့ သိရှိလာရပါပြီ။ အဆုပ်ရဲ့ လုပ်ဆောင်ချက်တွေကျဆင်းပြီး နာတာရှည်ဝေဒနာစွဲကပ်ခံရပြီဆိုရင် လူတွေရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာမှာဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေမှာဖြစ်ပါတယ်။ ဒီလိုအရေးပါလှတဲ့ အဆုတ်ဟာ အနေအထိုင် အစားအသောက် မဆင်ခြင်မှုကြောင့် အဝလွန်လာချိန်မှာ ပိုထိခိုက်နိုင်တယ်လို့ ဆေးပညာရှင်တွေက ဆိုလာနေကြပြီဖြစ်ပါတယ်။ အဝလွန်တာက အဆုတ်ကို ဘယ်လိုထိခိုက်စေသလဲ။ ဥရောပနဲ့ သြစတြေးလျက အသက်၂၀ နဲ့ ၄၄ နှစ်အကြား လူပေါင်း ၃၇၀၀ ကို ဆန်းစစ်လေ့လာချက်တွေအရ ကိုယ်အလေးချိန်မြင့်မားလာလေလေ၊ အဆုတ်ရဲ့ အိုမင်းရင့်ရော်မှု ပိုမြန်လာလေလေဆိုတာကို သိရှိလာရပါတယ်။ အဆုတ် ပိုမိုအိုမင်းရင့်ရော်လာတာနဲ့အမျှ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်း ကို ရောဂါပိုးဒဏ်ကနေ ကာကွယ်ကြမယ်။

အသက်ရှူလမ်းကြောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံတပ်ပါပဲ။ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်ဆီဂျင်ကို ရှူသွင်းရင်း နောက်မှာ မလိုလားအပ်တဲ့ အမှုန်တွေ၊ ဖုန်တွေ၊ ရောဂါပိုးတွေပါ ပါလာတတ်ပါတယ်။ ဒါတွေကို အသက်ရှူလမ်းကြောင်းက ရှင်းထုတ်ပေးရတာပါ။ အသက်ရှူလမ်းကြောင်းလို့ ပြောရင် တော်တော်များများက အဆုတ်ကိုပဲ ပြေးမြင်ကြပါတယ်။ တကယ်တော့ အသက်ရှူလမ်းကြောင်းက နှာခေါင်းကစလို့ ဟိုးအဆုတ်လေအိတ်ငယ်လေးတွေအထိ ပါပါတယ်။ အဲ့ဒီနေရာအထိ ရောဂါပိုး မဝင်ဖို့ဆိုရင် အသက်ရှူလမ်းကြောင်း အစတည်းက သေချာဂရုစိုက်ရမှာပါ။ ခုချိန်မှာ COVID-19ကလည်း ရှိနေတော့ ပိုလို့တောင် ဂရုစိုက်ရပါဦးမယ်။ သူက အသက်ရှူလမ်းကြောင်းကနေ အဓိက ဝင်တာဆိုတော့လေ။ ဒါကြောင့် အသက်ရှူလမ်းကြောင်း ကျန်းမာနေဖို့၊ ရောဂါပိုးဒဏ်ကနေ ကာကွယ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးပါမယ်။ (၁) လက်ဆေးပါ။ လက်မှာ ဖုန်တွေ၊ ရောဂါပိုးတွေ အများကြီး ရှိပါတယ်။ လက်ကို ရေနဲ့ […]


ရာသီတုပ်ကွေး

ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု

ကိုယ်ခံအား ကောင်းအောင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ် နဲ့ အမျိုးမျိုး ပြောကြတယ်၊ တစ်ယောက် နဲ့ တစ်ယောက် သိထားတာချင်း လည်း မတူကြဘူး။ အများအားဖြင့် တော့ မှန်ကြပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား အကြောင်း နည်းနည်းလောက် လေ့လာလိုက်ရအောင်နော်။ ဒါပေမယ့် အမှန်လိုလို၊ အမှားလိုလို ဇဝေဇဝါ ဖြစ်တတ်တဲ့ အချက်တွေ ကို ကွဲကွဲပြားပြား ဖြစ်အောင် ဒီဆောင်းပါးမှာ ဆွဲထုတ် ဖော်ပြပေးချင်လို့ပါ။ ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှား (၅) ခု သေချာလေး ဆက်ဖတ်ပေးပြီး အမှားကို အမှန်ပြင်ကြရအောင်လား… ကိုယ်ခံအားစနစ် နဲ့ ပတ်သက်တဲ့ အမှန် အမှားတွေကတော့ (၁) စိတ်ဖိစီးမှု ကြောင့် ကိုယ်ခံအား ကို ကျစေတယ် အချိန်ကြာကြာ […]


အအေးမိဖျားနာခြင်း

ကိုယ်ခံအား ကောင်းချင်သူများ မမေ့သင့်တဲ့ (၉) ချက်

ရောဂါ တွေကို စိုးရိမ်နေရချိန်မှာ ကိုယ်ခံအား ကောင်းဖို့ ကိုယ့်ကိုယ်ကို အမြဲဂရုစိုက်သင့်ပါတယ်။ အများအားဖြင့်တော့ ကိုယ်ခံအားကောင်းအောင် အစားစားဖို့ နဲ့ အိပ်ရေးဝအောင် အိပ်ဖို့ အဓိကပဲ လို့ သိထားသူ များပါတယ်။ ဒါပေမယ့် ကိုယ်ခံအားကောင်းချင်သူတွေ အနေနဲ့ ဒီအချက်တွေကို လည်း မမေ့သင့်ဘူး လို့ သတိပေးလိုက် ချင်ပါတယ်နော်။ (၁) ကိုယ်တွင်း က အကျိုးပြုဘက်တီးရီးယား တွေကို ထိန်းညှိပါ ဘက်တီးရီးယားဆိုတာ အရေပြား၊ လက်သည်း၊ ဆံပင်တို့လို နေရာတွေတင်မကဘဲ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း မှာလည်း ရှိနေပါတယ်။ အူလမ်းကြောင်း ထဲမှာ ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotic ) ကို ထိန်းညှိနိုင်မှ ဝမ်းပျက်တာ၊ လေပွတာ စတဲ့ အစာခြေစနစ် နဲ့ ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ် ကုသ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း