တီဘီရောဂါရဲ့ ၁၀ရာခိုင်နှုန်းက အရိုးတီဘီ ဖြစ်တတ်ပါတယ်။ အရိုးတိုင်းမှာ တွေ့နိုင်ပေမယ့် ကျောရိုး၊ အရိုးအကြီးတွေနဲ့ အဆစ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီထဲမှာမှ ကျောရိုးမှာ ဖြစ်တာ အများဆုံးပါပဲ။ Pott’s diseaseရယ်လို့ ခေါ်ကြပါတယ်။
အရိုးတီဘီ ဘာကြောင့်ဖြစ်တာလဲ။
အရိုးတီဘီက ခန္ဓာကိုယ်ထဲကို တီဘီပိုး အကူးခံရတယ်။ ပြီးတော့ အဆုတ်ရဲ့ အပြင်ဘက်ကို ပျံ့နှံ့သွားတာကြောင့်ပါ။ တီဘီက လေထဲကနေတစ်ဆင့် လူတစ်ယောက်က တစ်ယောက်ဆီကို ကူးတာပါ။ တီဘီအကူးခံရပြီးရင် အဆုတ်တွေ၊ ပြန်ရည်ကြိတ်တွေမှာ ရှိတဲ့ပိုးက သွေးထဲကနေတစ်ဆင့် အရိုးတွေ၊ အဆစ်တွေ၊ ကျောရိုးတွေကို ရောက်သွားတာပါ။ ကျောရိုးတွေ၊ အရိုးအကြီးတွေက သွေးကြောတွေများပြီး သွေးလည်ပတ်မှုကောင်းလို့ ပိုပြီး မြန်မြန်ပျံ့ပါတယ်။
အရိုးတီဘီက အရင်က ဒီလောက်မများပါဘူး။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ တခြား ခုခံအားကျတဲ့ ရောဂါ (ဥပမာ AIDS)တွေ အဖြစ်များလာတဲ့အတွက် အခု ပိုတွေ့လာ ရပါတယ်။ နောက်ပြီး အရိုးတီဘီက အသိနောက်ကျတတ်ပါတယ်။ မကုဘဲထားရင် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။