နေမကောင်းတဲ့သူတွေအတွက်သာမက နှာစေး၊ နှာပိတ် ဖြစ်နေတဲ့သူတွေအတွက်လည်း အကျိုးကျေးဇူး များစွာရစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်ရည်ကြောင့် ခန္ဓာကိုယ်က လန်းလန်းဆန်းဆန်း ဖြစ်လာပြီး မြန်မြန်နေကောင်း သက်သာအောင် ကူညီပေးတယ်။ စွပ်ပြုတ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ထဲက ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ပူပူလေး သောက်ရတာ ဖြစ်တဲ့အတွက် အခိုးအငွေ့များကို ရှူရှိုက်ခြင်းဖြင့်လည်း နှာစေး နှာပိတ်တာကို သက်သာစေနိုင်ပါတယ်။ ကြက်စွပ်ပြုတ်အစား ချင်းပြုတ်ရည်၊ ရေနွေးကြမ်း ပူပူလေး သောက်တာမျိုးလည်း ရပါတယ်။
၄။ ရေနွေးအိတ်၊ ရေခဲအိတ် တစ်လှည့်စီ ကပ်ပေးပါ။
အရင်ဆုံး ပက်လက်လှန် အိပ်နေပါ။ ရေနွေးအိတ်ကို မျက်နှာသုတ်ပဝါနဲ့ ပတ်ပြီး နှာခေါင်း၊ ပါးပြင်၊ နှာဖူးပေါ် ၃ မိနစ်ဆီ အလှည့်ကျ ကပ်ပေးပါ။ ပြီးသွားရင် ရေခဲအိတ်နဲ့ စက္ကန့် ၃၀ လောက် ပြန်ကပ်ပါ။ တစ်နေ့ကို ၃ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်။ နှာရည်တွေကို ပျော်စေပြီး မျက်နှာလေအိတ်ရောင်ရမ်းတာကိုပါ သက်သာစေပါတယ်။
၅။ လေထု အစိုဓာတ်ထိန်းစက် (Humidifier) တပ်ပေးပါ။
လေက ခြောက်ခြောက်သွေ့သွေ့ကြီး မဟုတ်ဘဲ ရေအမှုန်အမွှားများနဲ့ စိုစွတ်နေတဲ့အခါ နှာစေး နှာပိတ်တာ၊ လည်ချောင်းခြောက်တာတွေကို သက်သာစေပြီး နှာခေါင်းလမ်းကြောင်းကို ချောမွေ့သွားစေလို့ အသက်ရှူရတာလည်း အဆင်ပြေသွားမှာပါ။ ဒါ့အပြင် လေထုကို သန့်စင်ပေးတာဖြစ်တဲ့အတွက် အပြင်ကနေ ဖုန်နဲ့ ရောဂါပိုးမွှားတွေ ဝင်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။