ချော်လဲခြင်းသည် ထိခိုက်မိသော နေရာကို အနည်း နှင့် အများ ထိခိုက်စေနိုင်သည်မှာ သိသာသည်။ အညိုအမဲစွဲခြင်း၊ ခြစ်မိခြင်းများ၏ တဒင်္ဂနာကျင်မှုများသည် ချော်လဲပြီးနောက်ပိုင်း မပြင်းထန်သော သက်ရောက်မှုများဖြစ်သည်။ သို့သော် နောက်ဆက်တွဲ ဆိုးကျိုးများကိုမူ လျှော့မတွက်ထားသင့်ပါ။
အထူးသဖြင့် ကိုယ်ဝန်ဆောင်နှောင်းပိုင်းတွင် ဖြစ်သည်။ ထိုအရာများသည် မီးဖွားခြင်း (သို့) အချိစောပြီး မွေးဖွားခြင်းများကို ဖြစ်ပွားစေနိုင်သည်။ နောက်ဆက်တွဲ ဆိုးကျိုးများသည် ချက်ခြင်းဖြစ်လေ့မရှိသော်လည်း သက်ရောက်မှုများကတော့ ဖြစ်နိုင်သည်။ ချော်လဲခြင်းသည် အခြားသော နာမကျန်းဖြစ်ခြင်း၊ ရောဂါ နှင့် ဆေးကုသမှုများ၏ လက္ခဏာလည်း ဖြစ်နိုင်သည်။ လက်ကောက်ဝတ် နှင့် ခြေကျင်းဝတ် ဖောင်းနေခြင်းသည် ချော်လဲခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးမဟုတ်ဘဲ ဖောနေခြင်းဖြစ်သည်။
ကိုယ်ဝန်ဆောင်စဉ် ပုံစံပြောင်းလာခြင်း နှင့် ကိုယ်အလေးချိန်တက်လာခြင်းသည် ခန္ဓါကိုယ်တည်ချက်ကို ပြောင်းလဲစေနိုင်ပြီး ဟန်ချက်ထိန်းရာတွင် အခက်အခဲ ဖြစ်စေသည်။ ချော်လဲမိလျှင် ကိစ္စတော်တော်များများတွင် အရမ်းစိတ်ပူဖို့ မလိုပါ။ ရင်သွေးသည် အဆင်ပြေပါမည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟုဆိုသကဲ့သို့ ချော်လဲခြင်း၏ သက်ရောက်မှုများ ဖြစ်သည့်အခါ ဆရာဝန် (သို့) အထူးကု နှင့် ပြသခြင်းသည် ပို၍ စိတ်ချရသည်။
အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။