backup og meta

မီးဖွားပြီးနောက် ပြဲထွက်ရာများနှင့် ပွန်းပဲ့ခြင်းများကို ဘယ်လိုဂရုစိုက်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးနောက် ပြဲထွက်ရာများနှင့် ပွန်းပဲ့ခြင်းများကို ဘယ်လိုဂရုစိုက်ရမလဲ

    မိခင်သည် မိမိ၏ခန္ဓါကိုယ်အား ကိုယ်ဝန်ဆောင်တွင်သာမက မီးဖွားပြီးနောက်ပိုင်းတွင်ပါ ဂရုစိုက်ရပါမည်။ အဘယ်ကြောင့်ဆိုသော မီးဖွားပြီးချိန်သည် သူမအတွက် ပြန်လည်အနာကျက်စေရန် ခန္ဓါကိုယ်မှ စတင်သောအချိန်ဖြစ်ပါသည်။

    ကိုယ်ဝန်ဆောင်ပြီးနောက် မိခင်ကြုံတွေ့ရနိုင်သည့် အဖြစ်များဆုံးသော ကျန်းမာရေးပြဿနာများထဲမှ တစ်ခုမှာ ပွန်းပဲ့ရာများနှင့် ပြဲထွက်ရာများပင်ဖြစ်ပြီး ကမ္ဘာ့အမျိုးသမီးဦးရေ ၇၀ %တွင် ဖြစ်ပေါ်တတ်ပါသည်။

    အောက်တွင် မီးဖွားပြီးနောက်ဖြစ်သည့် ပွန်းပဲ့ရာများနှင့် ပြဲထွက်ရာများကို ဂရုစိုက်နိုင်ရန် သင်သိသင့်သော အချက်သုံးချက်ကို ဖော်ပြထား၏။

    ပွန်းပဲ့ရာများနှင့်ပြဲထွက်ရာများက ဘာကြောင့်ဖြစ်ရသလဲ။

    လူသား၏ ပယ်ရီနီယမ် (မိန်းမအိုနှင့် စအိုကြားရှိ ဧရိယာ)သည် ဆန့်နိုင်သော်လည်း အလွန်ပြင်းထန်သည့် ဖိအားကြောင့် ပြဲထွက်နိုင်ပါသည်။ ကလေးမွေးစဉ်၌ ဖြစ်နေကျပင်။ ပြဲထွက်မှုအပြင်းအထန်ပေါ်လိုက်ကာ မီးဖွားပြီးနောက် ဆရာဝန်ချုပ်ပေးရန် လိုကောင်းလိုနိုင်ပါသည်။

    ပထမဒီဂရီနှုန်းပြဲထွက်ခြင်းသည် သေးငယ်ပြီး အလိုလိုအနာကျက်နိုင်သော်လည်း စတုတ္ထဒီဂရီနှုန်းဖြင့် ပြဲထွက်ခြင်းသည် ပြင်းထန်သောအခြေအနေဖြစ်ပြီး ဂရုတစိုက်ကုသရန် လိုအပ်ပါသည်။ သို့သော် ထိုသို့လယ်ဗယ်အမြင့် ပြဲထွက်နိုင်သော အခွင့်အရေးသည် လူများစုတွင် မရှိသလောက်နည်းပါသည်။

    ပွန်းပဲ့ခြင်းသည်လည်း မီးဖွားပြီးနောက်ဖြစ်တတ်သော အခြေအနေတစ်ခုပင်ဖြစ်သည်။ ၎င်းတို့သည် သင့်ကလေး၏ကိုယ်အလေးချိန်မှ မီးဖွားနေစဉ် မိန်းမကိုယ်အား ဖိခြင်းကြောင်း ပေါ်လာရခြင်းသည်။

    ပွန်းပဲ့ရာများနှင့်ပြဲထွက်ရာများ ဖြစ်နိုင်ချေကို ဘာတွေက တိုးစေသလဲ။

    သင့်၌အောက်ပါတို့ရှိလျှင် ပြင်းထန်သော ပွန်းပဲ့ရာများနှင့် ပြဲထွက်ရာများဖြစ်နိုင်ချေ များပါသည်။

    • ကလေးသည် နောက်ကျောဖက်ပုံစံနှင့် ရှိနေခြင်း (သို့မဟုတ် ကလေးနောက်ကျော အမေနောက်ကျော ထပ်ခြင်း)
    • ပထမဆုံးကိုယ်ဝန်ဖြစ်နေခြင်း
    • ကလေးအလေးချိန် ၄ ကီလိုထက်များခြင်း
    • ညှပ်စွဲ သို့ လေပြွန်စုပ်မွေးရခြင်း
    • Perineotomy လုပ်ထားခြင်း (မီးဖွားခြင်း ဒုတိယအဆင့်တွင် ကလေးမွေးရလွယ်စေရန် သားဖွားဆရာမမှ ပယ်ရီနီယမ်ကို ခွဲစိတ်လှီးဖြတ်ထားခြင်း)

    သိပ္ပံနည်းကျ သက်သေပြမထားသော်လည်း ခါရိုးထုံဆေးသည် မိန်းမကိုပြဲမှုကို ပိုဆိုးဝါးကြောင်းကို ထောက်ခံနေသည့် ဖြစ်ရပ်များ ရှိပါသည်။ မွေးလမ်းကြောင်း ပြဲလေလေ ပိုပြီးပွန်းပဲ့ရာ များလေလေဖြစ်သည်။ ပြင်းထန်သော ပြဲထွက်ရာများနှင့် ပွန်းပဲ့ရာများကို ရှောင်နိုင်ရန် ကိုယ်ဝန်ပတ် ၃၃ ပတ်မှစတင်ကာ ပယ်ရီနီယမ်ကို နှိပ်နယ်ပေးခြင်း နေ့စဉ်ပြုလုပ်သင့်ပါသည်။

    အနာကျက်သည့်လုပ်ငန်းစဉ်ကို ဘယ်လိုအရှိန်မြှင့်နိုင်မလဲ။

    အနာကျက်မှုမြန်စေရန် သင်ပြုလုပ်နိုင်မည့် အချက်များ –

  • ချုပ်ထားသည့်နေရာများ သန့်ရှင်းစေရန် ရေနေ့စဉ်ချိုးခြင်း၊ လက်ဆေးခြင်းနှင့် အမျိုးသမီးသုံးပစ္စည်းကို နေ့စဉ်မှန်မှန်လဲပါ။
  • ရေနှင့်အမျှင်ဓါတ် လုံလောက်စွာ စားသုံးပြီး အူလှုပ်ရှားမှုကို အရှိန်မြှင့်ပါ။
  • တင်ပဆုံကြမ်းပြင်လေ့ကျင့်ခန်းများ အထူးသဖြင့် တင်ပဆုံကြမ်းပြင်ကြွက်သားများကို အာရုံစိုက်လုပ်ရသော လေ့ကျင့်ခန်းများကိုလုပ်ပါ။
  • တတိယ သို့ စတုတ္ထဒီဂရီနှုန်း ပြဲထွက်ခြင်းရှိပါက ပိုးကူးစက်ခြင်းကို ကာကွယ်နိုင်ရန် ပဋိဇီဝဆေးများ သောက်ရန်လမ်းညွှန်ပါလိမ့်မည်။ ဝမ်းလှုပ်ရှားမှုကောင်းစေရန် ဝမ်းပျော့ဆေးများကိုလည်း ပေးနိုင်ပါသည်။
  • ပယ်ရီနီယမ်ရောင်ခြင်းကို သက်သာစေရန် ရေခဲဝတ် ကပ်နိုင်ပါသည်။ အထူးသဖြင့် မွေးပြီး ၂၄ မှ ၄၈ နာရီအတွင်းပြုလုပ်ရန် လမ်းညွှန်ထားပါသည်။
  • အန္တရာယ်ရှိသော လက္ခဏာများ

    အောက်ပါတို့ဖြစ်လျှင် ဆရာဝန်အား ချက်ချင်းခေါ်ပါ။

    • ချုပ်ထားသည့်နေရာမှ အလွန်ဆိုးဝါးစွာ နာကျင်လာလျှင်
    • ချုပ်ရိုးများမှ အနံ့ဆိုးများထွက်လာလျှင်
    • ဝမ်းမထိန်းတော့လျှင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement