backup og meta

မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ

    မီးဖွားစဉ် စုတ်ပြဲသွားတာမျိုး၊ မွေးလမ်းကြောင်း ချဲ့ခဲ့ရတဲ့ အခြေအနေမျိုးမှာ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ ပြန်ချုပ်တဲ့နည်းကို ဆရာဝန်တွေ အသုံးပြုတတ်ပါတယ်။ မီးဖွားပြီးနောက် မိန်းမကိုယ်ကို ရောဂါပိုးတွေ မဝင်စေဖို့နဲ့ အနာ မြန်မြန် ပြန်သက်သာစေဖို့ အတွက်လည်း ဂရုတစိုက်ရှိဖို့ လိုပါတယ်။

    မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များ

    မီးဖွားပြီးနောက် မိန်းမကိုယ်ကို ပြန်လည်ပြုပြင်ခြင်းအတွက် သိထားသင့်သောအချက်များက ဘာတွေများ ဖြစ်မလဲ။ အတူတူ ကြည့်လိုက်ရအောင်နော်။

    ကလေးမီးဖွားပြီးစမှာ ဘာလုပ်ရမလဲ

    ကလေးမွေးမွေးပြီးချင်း ပထမရက်သတ္တပတ် အနည်းငယ်မှာ မိန်းမကိုယ် နေရာက နာကျင်နေပါလိမ့်မယ်၊ အထူးသဖြင့် ပြန်ချုပ်ထားရတဲ့ အခြေအနေဆိုရင်ပေါ့။ တစ်ကိုယ်ရေသန့်ရှင်းမှု ပုံမှန်လုပ်ခြင်းဟာ အနာပြန်သက်သာဖို့ ကြီးမားတဲ့ အထောက်အပံ့ပါ။ မြန်မြန်သက်သာစေဖို့ နောက်ထပ် နည်းလမ်းတွေကတော့

    • အိမ်သာသွားပြီးတဲ့အခါတိုင်း ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။ လက်တွေ သန့်ရှင်းနေရပြီး ခံဖို့ အသုံးပြုတဲ့ပစ္စည်းကို မကြာခဏ လဲပေးဖို့လည်း မမေ့ပါနဲ့။
    • နေရထိုင်ရ မသက်သာရင် ရေခဲဝတ် ကပ်ပေးနိုင်ပါတယ်။
    • ဝမ်းမချုပ်စေရန် အမျှင်ဓာတ် များများပါတာကို စားသုံးပေးပါ။ ဝမ်းချုပ်ခြင်းဟာ ဒဏ်ရာကို ပိုနာစေပြီး ပိုဆိုးလာစေနိုင်ပါတယ်။
    • ဆရာဝန် ညွှန်ကြားထားတဲ့အတိုင်း ချုပ်ရိုးကို ပုံမှန်ဆေးထည့်ပါ။
    • ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာရင်၊ ပြည်တည်လာရင် ဆရာဝန်နဲ့ ပြန်လည်ပြသပါ။

    မိန်းမကိုယ်နေရာ ပြန်လည်တင်းရင်းလာစေရန် နည်းလမ်းများ

    မိန်းမကိုယ် နေရာနဲ့ တင်ပါးဆုံရိုး အခြေမှာရှိတဲ့ ကြွက်သားတွေ ပြန်လည်သန်စွမ်းလာဖို့လည်း လိုပါတယ်။ ကိုယ်ဝန်ဆောင်ခဲ့ရတဲ့ အလေးချိန်ဟာ ဒီကြွက်သားတွေ လျော့ရဲသွားဖို့ လုံလောက်တာကြောင့် သင်ဟာ သာမန်မွေးနည်းနဲ့ မွေးမွေး၊ မမွေးမွေး သိရန် လိုအပ်ပါတယ်။ မီးဖွားပြီး ဆရာဝန် ပြန်ပြရတိုင်းမှာ သင့်မိန်းမကိုယ်မှ ဒဏ်ရာ ကောင်းကောင်းကျက်နေရဲ့လား ဆိုတာ အမြဲစစ်ဆေးနေမှာပါ။ ပြန်လည်ပြုပြင်ဖို့ နည်းလမ်းကိုတော့ များသောအားဖြင့်တော့ မီးဖွားပြီး ၈ ပတ်လောက်ကြာမှ စလုပ်နိုင်ပါတယ်၊ သွေးဆင်းတာ ရပ်ဖို့နဲ့ ဒဏ်ရာ ပြန်ကျက်ဖို့ စောင့်နေရလို့ပါ။

    ဘယ်လိုကူညီပေးမှာလဲ

    သင့်တော်ကောင်းမွန်တဲ့ နည်းလမ်းတွေက :

  • တင်ပါးဆုံရိုးမှ ကြွက်သားများကို ကိုယ်ဝန်မဆောင်ခင် အချိန်ကအတိုင်း ပြန်လည် သန်စွမ်းစေပါတယ်။
  • အမျိုးသမီးအများစု မီးဖွားပြီးချိန်မှာ တွေ့ကြုံရတတ်တဲ့ ဆီးမထိန်းနိုင်ခြင်း ပြဿနာကနေ ကာကွယ်ပေးပါလိမ့်မယ်။
  • သားအိမ်နဲ့ သားအိမ်ခေါင်းကျွံခြင်းကို ရှောင်ရှားနိုင်ပါတယ်။
  • ကောင်းမွန်တဲ့ လိင်ခံစားမှုကို ပေးစွမ်းနိုင်ပြီး လိင်ဆက်ဆံစဉ် နာကျင်မှုကိုလျော့နည်းစေပါလိမ့်မယ်။
  • ကလေးမီးဖွားစဉ်မှာ မွေးလမ်းဝစုတ်ပြဲခြင်းကို ရှောင်ရှားနိုင်မလား

    မွေးလမ်းကြောင်းဝ စုတ်ပြဲခြင်းနဲ့ မွေးလမ်းကြောင်းချဲ့ရန် လိုအပ်ခြင်းတို့ကို သင့် မိန်းမကိုယ် ကို ကလေးမွေးရန်အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ထားခြင်းဖြင့် ရှောင်ရှားနိုင်ပါတယ်။

    • မွေးလမ်းကြောင်းဝနဲ့ တင်ပါးဆုံရိုးအောက်ခြေမှ ကြွက်သားများ သန်စွမ်းအောင် လေ့ကျင့်ခန်းမကြာခဏပြုလုပ်ပေးခြင်း
    • မိန်းမကိုယ် နေရာကို ခရင်တစ်မျိုးလိမ်းပေးကာ နှိပ်နယ်ပေးခြင်း၊ မမွေးခင်လအနည်းငယ်အလိုမှာ ခရင်မ် နေ့စဉ် လိမ်းပေးခြင်းဟာ ကြွက်သားများကို ကျုံ့နိုင်ဆန့်နိုင်စွမ်းတက်စေပြီး မွေးဖွားရာမှာ အထောက်အကူ ကောင်းကောင်းပေးပါလိမ့်မယ်။

    မိန်းမကိုယ် နေရာမှ ကြွက်သားများ ပြန်လည် သန်စွမ်းရန် လေ့ကျင့်ခန်းလုပ်ရင်း အသုံးပြုလို့ရတဲ့ ပစ္စည်း တချို့အကြောင်းလည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆွေးနွေး ကြည့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေ နေ့စဉ် အသုံးပြုလို့တဲ့ ပစ္စည်းတွေ ရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 18/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement