မိခင်တို့အတွက် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်သော အစားအသောက်များ

    မိခင်တို့အတွက် အိုမင်းရင့်ရော်ခြင်းကိုကာကွယ်နိုင်သော အစားအသောက်များ

    သင်စားတဲ့အစားအသောက်တွေဟာ အသက်ကြီးလာတဲ့အခါမှာ ကိုယ်ခန္ဓါတုန့်ပြန်မှုကို ကြီးမားစွာ သက်ရောက်မှု ရှိနိုင်ပါတယ်။ သေချာတာကတော့ ကင်ဆာနဲ့ နှလုံးရောဂါလိုမျိုးကို မှန်ကန်စွာ စားသောက်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အစသာ ရှိပါသေးတယ်။ သင်စားတဲ့အစားအသောက်တွေဟာ အသက်ကြီးလာခြင်းရဲ့ ရှုထောင့်အကုန်လုံးကို သက်ရောက်မှု ရှိပြီး အားအင်နဲ့ ဒဏ်ခံနိုင်စွမ်း၊ ဆူဒိုခုကစားနည်း (Sudoku puzzle) ကို ဘယ်လောက် မြန်မြန်ပြီးနိုင်သလဲ၊ မှန်ထဲကြည့်ရင် အရေးအကြောင်း ဘယ်လောက်များလဲ အစရှိတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် အိုမင်းလာခြင်းကို ကာကွယ်ပေးမယ့် အစားအသောက်ငါးမျိုးကို ရေခဲသေတ္တာထဲမှာ သိုလှောင်ထားဖို့ အချိန်ရောက်လာပါပြီ။

    ဘလူးဘယ်ရီသီး

    ဘလူးဘယ်ရီသီးတွေဟာ အရသာရှိပြီး ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိပါတယ်။ ဗီတာမင် C သို့ E လိုမျိုး ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိတဲ့ အရာတွေဟာ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေး (သို့) လျော့နည်းစေပါတယ်။

    ဘယ်ရီသီးတွေအကုန်ကတော့ ကျန်းမာရေးအတွက်ကောင်းမွန်ပေမယ့် ဘလူးဘယ်ရီကတော့ ကိုယ်ခန္ဓါ အတွက် အကျိုးရှိတဲ့ အာဟာရဓါတ်တွေနဲ့ ပြည့်နှက်နေပါတယ်။

    ဟင်းခတ်အမွှေးအကြိုင်

    ဟင်းတွေဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြွက်သားတွေကို ထိန်းသိမ်းပေးပါတယ်။ တကယ်တော့ အိန္ဒိယ ရဲ့ အချို့နေရာတွေမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို နေ့စဉ်စားသောက်ကြပြီး သူတို့မှာ US နဲ့ ယှဉ်ရင် Alzheimer’s ဖြစ်ပွားနှုန်း လေးပုံတစ်ပုံသာ ရှိတာ သိရပါတယ်။ ဟင်းတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း curcumin ပါဝင်တဲ့ အမွှေးအကြိုင်တစ်မျိုး ဖြစ်တဲ့ ဆနွင်းပါဝင်ပါတယ်။ UCLA ရဲ့ သုတေသီတွေက curcumin ဟာ ဦးနှောက် ဆဲလ်တွေကို အဆိပ်သင့်စေတဲ့ sticky proteins တွေဖြစ်တဲ့ amyloid plaques တွေ ကြီးထွားခြင်းကနေ ကာကွယ်ပေးတယ်လို့ ယူဆကြပါတယ်။ ပြီးတော့ သူဟာ ဆဲလ်တွေကို တိုက်ခိုက်ပြီး တစ်ရှူးတွေ၊ ကိုယ်အင်္ဂါတွေကို ပျက်စီးစေတဲ့ free radicals တွေရဲ့ ဆိုးကျိုးတွေကို ကိုယ်ခန္ဓါကနေ ကာကွယ်ပေးပါတယ်။ ဒီဆိုးကျိုးတွေဟာ အသက်ကြီးလာရင် ပိုဆိုးလာတယ်လို့ Joseph က ဆိုပါတယ်။ ဟင်းတွေဟာ ဦးနှောက်ထဲမှာ တွေးတောမှုနဲ့ မှတ်ဉာဏ်ကို ထိခိုက်စေတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။

    အမျှင်ဓါတ်

    အသီးအရွက်၊ whole grains၊ legumes ထဲမှာ ပါဝင်တဲ့ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို ကူညီပေးပါတယ်။ အသက်ကြီးသူတွေမှာ အဖြစ်များတဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ ကိုလက်စထရော၊ သွေးပေါင်နဲ့ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပါတယ်။ ကျန်းမာတဲ့ နှလုံးကိုလည်း ရရှိစေပါတယ်။

    အမျှင်ဓါတ်ဟာ သွေးသကြားဓါတ်ကို ထိန်းညှိပေးပြီး ဆီးချိုဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သင့်လျော်တဲ့ ကိုယ်အလေးချိန် အတွင်းမှာ ရှိအောင်လည်းကူညီပေးပါတယ်။ အဝလွန်ခြင်းဟာ ပြဿနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် အမျှင်ဓါတ်စားသုံးခြင်းဟာ အရေးကြီးပါတယ်။

    ငါး

    လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က သုတေသီတွေက native Inutis of Alaska က လူတွေဟာ ဘာလို့ နှလုံးရောဂါ ကင်းရသလဲဆိုတာကို လေ့လာမှုစတင် ပြုလုပ်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေ ယူဆတဲ့ အကြောင်းရင်းကတော့ သူတို့ဟာ ငါးကို အမြောက်အမြား စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ ငါးမှာ omega 3 fatty acids ပါဝင်ပြီး ဒါဟာ သွေးကြောအတွင်းမှာ ကိုလက်စထရော စုပြုံလာခြင်းကို ကာကွယ်ပြီး ပုံမှန်မဟုတ်တဲ့ နှလုံးခုန်ခြင်းတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။

    သံလွင်ဆီ

    လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀လောက်က Seven countries study က သုတေသီတွေက သံလွင်ဆီမှာပါတဲ့ monounsaturated fats တွေဟာ နှလုံးရောဂါရရှိနှုန်းနဲ့ ကင်ဆာဖြစ်နှုန်းကို သိသာစွာ ကျဆင်းစေတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာတော့ သံလွင်ဆီမှာ polyphenols နဲ့ အသက်ကြီးခြင်းနဲ့ ဆက်စပ်နေတဲ့ ရောဂါဖြစ်လာခြင်းတွေကို ကာကွယ်ပေးတဲ့ အစွမ်းထက် ဓောတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တယ်ဆိုတာ သိလာကြပြီ ဖြစ်ပါတယ်။

    ဒိန်ချဉ်

    သင်အသက်ကြီးလာချိန်မှာ အရိုးဆုံးရှုံးမှုဟာ ပိုဆိုးလာတတ်ပါတယ်။ Calcium ဟာ အရိုးဆုံးရှုံးမှုကို နည်းပါးစေပါတယ်။ ဒိန်ချဉ်မှာ ကယ်လ်စီယမ် များစွာပါဝင်ပါတယ်။ အဓိက သတ္တုဓါတ်တွေကို စုပ်ယူပေးတဲ့ ဗီတာမင် D ထပ်ဖြည့်ထားတဲ့ ဒိန်ချဉ်တွေစားသင့်ပါတယ်။ ဒိန်ချဉ်တွေဟာ အစာကြေစေပြီး ပရိုတင်းလည်း ပါဝင်ပါတယ်။ အသီးတွေကိုလည်း ထပ်ထည့်စားသင့်တယ်လို့ Planells က ဆိုပါတယ်။

    ချောကလက်

    Panama coast နဲ့ ဝေးတဲ့ San Blas Islands တွေက Kuna people တွေဟာ Mainland Panama မှာနေသူတွေထက် နှလုံးရောဂါဖြစ်ပွားနှုန်း ကိုးဆ ပိုများတာတွေ့ရပါတယ်။ အကြောင်းရင်းကတော့ Kuna တွေဟာ သွေးကြောတွေရဲ့ ကျန်းမာတဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းပေးတဲ့ flavanols ပါဝင်တဲ့ cocoa မြောက်မြားစွာ ပါဝင်တဲ့ အရည်တစ်မျိုးကို သောက်သုံးတာကြောင့်ပဲ ဖြစ်ပါတယ်။ ကျန်းမာတဲ့ နှလုံးသွေးကြောတွေဟာ သွေးတိုး၊ ဆီးချို အမျိုးအစား ၂၊ ကျောက်ကပ်ရောဂါ၊ သတိမေ့ရောဂါ ဖြစ်နှုန်းတွေကို ကျဆင်းစေပါတယ်။

    ခရမ်းချဉ်သီး

    ခရမ်းချဉ်သီးမှာ lycopene မြင့်မားစွာ ပါဝင်ပြီး သူဟာ ဆီးကျိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ တွေကို ကာကွယ်ပေးပါတယ်။ ချက်ထားတဲ့ (သို့) သန့်စင်ထားတဲ့ ခရမ်းချဉ်သီး (ဖျော်ရည်၊ အနှစ်၊ ဆော့) တွေဟာ အစိမ်းတွေထက် ပိုအစွမ်းထက်ပါတယ်။ သုသေသီတွေက အပူပေး (မီးဖုတ်) ထားတဲ့ (သို့)) ခြေထားတဲ့ ခရမ်းချဉ်သီးတွေဟာ အသီးရဲ့ lycopene ဓါတ်ကို ပိုထွက်စေတယ်လို့ ဆိုပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr . Phyu Mon Latt မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။