ကိုယ်ဝန်ဆောင်မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်မေမေ တစ်ယောက် ဘေဘီလေးကို လွယ်ထားချိန်မှာ အချိုရည်​တွေ မသောက်နဲ့ ကလေး ထိခိုက်မယ်။ ကော်ဖီလက်ဖက်ရည်တွေ မသောက်နဲ့ သံဓာတ် အားနည်းမယ်။ ဆိုတဲ့ စကားတွေနဲ့အတူ အမောပြေ သောက်စရာ တစ်ခုရယ်မှ မရှိဘူးဆိုပြီး စိတ်ညစ်နေပြီလား……

ဒါဆိုရင်တော့ ကိုယ်ဝန်ဆောင် မေမေတို့အတွက် အသင့်တော်ဆုံး ဖြစ်မယ့် အမောပြေ သောက်စရာလေးတွေ ပြောပြပေးပါရစေလား………….

ကိုယ်ဝန်ဆောင် မေမေနဲ့ အသင့်တော်ဆုံး သောက်စရာ

ကိုယ်ဝန်ဆောင် မေမေ အမောပြေစေပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေမယ့် သောက်စရာတွေကတော့

သောက်ရေ

ကိုယ်ဝန်ဆောင်ချိန်မှာ ရေသောက်တာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ရေက စားလိုက်တဲ့ အစားအစာတွေထဲကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ စုပ်ယူပေးပါတယ်။

ဒီလို အာဟာရပြည့်ဝမှုက မေမေ့ကို ကျန်းမာစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေပါတယ်။ သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင် ဆီးချို မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်ခြင်း ကင်းပြီး ကျန်းမာစေဖို့လည်း ရေသောက်ပေးသင့်ပါသတဲ့။

ပင်ပွား ဖျော်ရည်

ပင်ပွားစေ့ကို သကြားနည်းနည်း၊ သံပုရာသီး၊ ဆားနည်းနည်းနဲ့ ရောစပ်လို့ ဖျော်သောက်ပေးတာက အမောပြေစေမယ့် ကိုယ်ဝန်ဆောင် မေမေအတွက် ဖျော်ရည်တစ်ခွက်ပေါ့။

ပင်ပွားစေ့မှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ omega 3 ပါဝင်တာကြောင့် မိခင်ရော ကလေးပါ အင်အားပြည့်ဝစေပြီး ကိုယ်ဝန်ဆောင် ဝမ်းချုပ်မှု ပြဿနာကို ကင်းစေမှာပါ။

အုန်းရည်

အုန်းရည်က ကိုယ်ဝန်ဆောင်တွေအတွက် အကောင်းဆုံးသော သောက်စရာတွေထဲက တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ် ပြည့်စေသလို လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

အုန်းရည်က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး သွေးပေါင်ချိန်ကိုလည်း အကောင်းဆုံး အနေအထားမှာ ထိန်းပေးနိုင်ပါတယ်။

အဆီထုတ် နို့

ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ နေ့စဉ် ကယ်လ်ဆီယမ် ၁၀၀၀ မီလီဂရမ် လိုအပ်ပါတယ်။ ကယ်လ်ဆီယမ် ပြည့်ဝမှ ဘေဘီလေးရဲ့ သွေးလည်ပတ်မှု စနစ်၊ ကြွက်သားနဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးမှာပါ။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဆီထုတ် နို့၊ ဒိန်ချဉ် စတာတွေကို သောက်သုံးပေးလို့ ရပါတယ်။ မိခင်ကို အင်အား ပြည့်ဝစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေမှာပါ။ သကြား လျှော့ထည့်ဖို့တော့ မမေ့နဲ့နော်။

သစ်သီး ဖျော်ရည်

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေလည်း အမောပြေ ဘေဘီလေးလည်း ကျန်းမာစေဖို့ သောက်လို့ရမယ့် နောက်ထပ် သောက်စရာ တစ်ခုက အသီးစစ်စစ်ကို ကြိတ်ထားတဲ့ အသီးဖျော်ရည်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သဘာဝ သစ်သီးဖျော်ရည်ကို သောက်သုံးပေးတာက ဝမ်းမှန်စေပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

သစ်သီးတွေမှာပါတဲ့ ဗီတာမင် C၊ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ၊ အမျှင်ဓာတ်တွေက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ သကြားတော့ မများစေနဲ့နော်။

ကဲ ..အချိုရည်တွေကြောင့် ဘေဘီလေးတွေကို ထိခိုက်မှာ စိုးနေတဲ့ မေမေတို့ရေ ဒါလေးတွေ သောက်ပြီး အမောပြေကြပါစေကြာင်း………..

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ကမ္ဘာတစ်လွှားမှာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ထိခိုက်နေရသလို ဆုံးရှုံးနေရတဲ့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ခါးနာခြင်း

လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

လက်ကောက်ဝတ်ပတ် သွေးပေါင်ချိန်တိုင်းစက်တွေ ဘယ်လောက်တိကျသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read