home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း (ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း)နဲ့ ကိုယ်ဝန်

တစ်ဆင့်ခံဆေးလိပ်သောက်ခြင်း (ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်း)နဲ့ ကိုယ်ဝန်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဆေးလိပ်မသောက်သင့်ဘူးဆိုတာတော့ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ဆေးလိပ်သောက်တဲ့သူတွေနားနေတာဟာ ကလေးတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သတိမမူမိကြပါဘူး။

တစ်ဆင့်ခံဆေးလိပ်သောက်ခြင်းဆိုတာဘာလဲ။

တစ်ဆင့်ခံမီးခိုးဆိုတာကို ဒီလိုတွေးလို့ရပါတယ်။ ဒီဆေးလိပ်ငွေ့တွေဟာ သင့်ဘေးမှာရှိတဲ့လူတွေ ဆေးလိပ်သောက်ရာကထွက်လာပြီး ဒီမီးခိုးတွေဟာ ဓါတုပစ္စည်းပေါင်း ၄၀၀၀ကျော်ပေါင်းစည်းထားပြီး ဒီထဲက ၅၀လောက်ဟာ ကင်ဆာဖြစ်စေတဲ့ ကော့ခ်တေးလ်လို့ မြင်ကြည့်လိုက်ပါ။

တစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ သင့်ကလေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

တစ်ဆင့်ခံဆေးလိပ်ငွေ့တွေဟာ အမျိုးမျိုးသော ကိုယ်ဝန်ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ကြောင့် အဖြစ်အများဆုံးသော ကျန်းမာရေးပြဿနာတွေမှာတော့ အောက်ပါတို့ ပါဝင်ပါတယ်။

– ကိုယ်ဝန်ပျက်ကျခြင်း

– အလေးချိန်မပြည့်တဲ့ကလေး မွေးဖွားခြင်း

– အချိန်မစေ့ဘဲ မွေးဖွားခြင်း

– ဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများ

– သင်ယူခြင်းဆိုင်ရာ အခက်အခဲများ

– ကလေးရုတ်တရက်သေဆုံးသော ရောဂါ (SIDS)

လေ့လာမှုတွေကတော့ မိခင်ရဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေနဲ့ ထိတွေ့တာများရင် ဒါဟာ ကလေးငယ်ရဲ့ သိမှုစွမ်းရည်ဖွံ့ဖြိုးခြင်းကို ထိခိုက်စေနိုင်တယ်လို့ဆိုပတယ်။

နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်းဟာလည်း အန္တရာယ်များတာပါပဲ။

ဆေးလိပ်သောက်တဲ့သူတွေကို ရှောင်ကြဉ်လိုက်တာနဲ့ပဲ မလုံလောက်သေးပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မသိလိုက်ဘဲ နှစ်ဆင့်ခံဆေးလိပ်ငွေ့တွေကို ရှူရှိုက်နေရပါတယ်။ လူတစ်ယောက်ဆေးလိပ်သောက်တဲ့အခါ စီးကရက်ဟာ ပရိဘောဂတွေ၊ ကောဇောတွေ၊ သုတ်ဆေးတွေ စသဖြင့် ပစ္စည်းတွေပေါ်မှာ အကြွင်းအကျန်တွေ ချန်ထားရစ်ခဲ့ပါတယ်။ ဒီလိုမီခိုးမျိုးတွေဟာ နှစ်ပေါင်းများစွာ ကျန်ရစ်နိုင်ပါတယ်။

တကယ်လို့များ ဘယ်သူမှ ဆေးလိပ်မသောက်ပါဘဲ နေရာတစ်ခုမှာ ဆေးလိပ်နံ့တွေ ရနေတယ်ဆိုရင်တော့ ဒီနေရာမှာ နှစ်ဆင့်ခံမီးခိုးတွေ ရှိနေပြီဆိုတာ သေချာပေါက်ပြောလို့ရနိုင်ပါတယ်။ သင်က ကိုယ်ဝန်ကြီးနဲ့ဆိုရင်တော့ ဒီနေရာကနေ အမြန်ဆုံး ခွာလိုက်ပါ။ ဆေးရွက်ကြီးအကြွင်းအကျန်တွေကို သင်ထိလိုက်တာနဲ့ပဲ အဆိပ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေဟာ သင့်ရဲ့သွေးကြောထဲ ဝင်သွားနိုင်ပါတယ်။ ပြီးရင်တော့ သင့်ရဲ့သွေးတွေအတိုင်းလိုက်ပါ စီးဆင်းပြီး ကလေးဆီ ရောက်သွားပါလိမ့်မယ်။ လေ့လာမှုတွေကတော့ နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းဟာ သန္ဓေသားရဲ့ အဆုတ်ကို ပြဿနာတက်စေနိုင်ပြီး ကလေးကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်စေနိုင်ပါတယ်။

ကလေးကို အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်ရမလဲ။

ဘေးကင်းဖို့ကြိုးစားနေတယ်ဆိုရင်တော့ ဆေးလိပ်သောက်တာကို ရပ်တန်းကရပ်လိုက်ပါ။ သင့်အိမ်ထဲက နှစ်ဆင့်ခံ ဆေးလိပ်သောက်သလိုဖြစ်နေတဲ့ အခြေအနေကိုလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးလျှော့ချပါ။ တကယ်လို့ သင့်ရဲ့လက်တွဲဖော်က ဆေးလိပ်ဆက်သောက်နေတုန်းဆိုရင် အပြင်မှာသာ ထွက်သောက်ပါစေ။ ပြီးတော့ ဆေးလိပ်သောက်တုန်းကဝတ်လာတဲ့ အဝတ်အစားတွေနဲ့ အိမ်ထဲပြန်ဝင်မလာပါစေနဲ့။ သင့်ရဲ့လက်တွဲဖော်ကို ဆေးလိပ်သောက်တဲ့အခါ ကုတ်အင်္ကျီဝတ်ထားဖို့နဲ့ အိမ်ထဲပြန်ဝင်လာတဲ့အခါ ကုတ်ကို ချွတ်လာဖို့ပြောပါ။

ကလေးမွေးပြီးတဲ့အချိန်မှာလည်း သူတို့တွေကို ဆေးလိပ်ငွေ့တွေနဲ့ မထိတွေ့စေဖို့က အရေးကြီးနေဆဲပါပဲ။ ဘာကြောင့်လဲဆိုတော့ တစ်ဆင့်ခံဆေးလိပ်ငွေ့တွေ ရှူရှိုက်နေမိတဲ့ ကလေးတွေဟာ SIDS (ရုတ်တရက်သေဆုံးခြင်း) ဖြစ်နိုင်ချေများလို့ပါ။ ထပ်ပြောစရာရှိတာကတော့ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိတဲ့ကလေးတွေဟာ သူတို့ရဲ့ခုခံအားစနစ်မှာ ပြဿနာတက်နိုင်ချေများပါတယ်။ သူတို့တွေဟာ ပိုးဝင်နိုင်ချေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ချေ မြင့်မားလှပါတယ်။ နှစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိခြင်းကလည်း အန္တရာယ်များဆဲပါပဲ။ ဒါကြောင့် သင့်ကလေးကို ဆေးရွက်ကြီးအကြွင်းအကျန်တွေ ရှိနိုင်တဲ့နေရာတွေကနေ အတတ်နိုင်ဆုံး ဝေးဝေးမှာ ထားပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

The Dangers of Secondhand Smoke. http://www.parents.com/pregnancy/week-by-week/6/secondhand-smoke-dangers/ Accessed April 9, 2017

Second Hand Smoke And Pregnancy. http://americanpregnancy.org/pregnancy-complications/second-hand-smoke-and-pregnancy/ Accessed April 9, 2017

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။