မေမေတွေက ကိုယ်ဝန် ရှိတာကို သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် အရက်သောက်တဲ့အခါ Fetal alcohol syndromeလို့ ခေါ်တဲ့ပြဿနာပေါ်လာပါတယ်။ ကိုယ်ဝန် ဆောင်မေမေ တွေအတွက် စိတ်ချလက်ချသောက်လို့ရတဲ့ အရက်ပမာဏဆိုတာ မရှိပါဘူး။ အရက်အပါအဝင် ဝိုင်နဲ့ ဘီယာကို ကိုယ်ဝန် ဆောင်မေမေ သောက်မိတာနဲ့ ကလေးမှာ fetal alcohol syndromeဖြစ်ဖို့အလားအလာရှိပါတယ်။ အရက်က သင့်ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ သင်ကြားရေးကို ထိခိုက်စေပါတယ်။ ပိုဆိုးတာက ဒါတွေက သေရာပါစွဲပြီး ပြန်ကောင်းလာနိုင်ချေမရှိပါဘူး။