Folate (or) Folic acid ဓာတ်ကို ကိုယ်ဝန်ဆောင်အားဆေးတွေမှာ မြင်ဖူး ကြားဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ folate ဓာတ်ကို ဘာကြောင့်လိုတာလဲ? ဘယ်လိုအစားအစာတွေမှာ folate ဓာတ်ကြွယ်ဝစွာ ပါဝင်နေသလဲဆိုတာကိုရော သိပါရဲ့လား??
ထွက်မှာ သေချာပြီလား။
Folate (or) Folic acid ဓာတ်ကို ကိုယ်ဝန်ဆောင်အားဆေးတွေမှာ မြင်ဖူး ကြားဖူးကြမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ folate ဓာတ်ကို ဘာကြောင့်လိုတာလဲ? ဘယ်လိုအစားအစာတွေမှာ folate ဓာတ်ကြွယ်ဝစွာ ပါဝင်နေသလဲဆိုတာကိုရော သိပါရဲ့လား??
Folate ဓာတ်ဆိုတာ ကိုယ်ဝန်နုစဉ်မှာ သန္ဓေသားလေးကျန်းမာစွာကြီးထွားဖွံ့ဖြိုးလာဖို့ (အထူးသဖြင့် သန္ဓေသားလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေဖွံ့ဖြိုးဖို့အတွက်) မရှိမဖြစ်အရေးပါတဲ့ vitamin B တစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်စဉ် အစောပိုင်းလတွေထဲက Folic acid ကြွယ်ဝအောင်စားသောက်ခြင်းဖြင့် ကလေးတွေမှာ neural tube defect ကြောင့် မွေးရာပါဖြစ်တတ်တဲ့ရောဂါတွေကို ၇၀% အထိကာကွယ်နိုင်တာတွေ့ရတယ်လို့လည်း လေ့လာတွေရှိချက်တွေမှာ ဖော်ပြထားကြပါတယ်။
အမျိုးသမီးတစ်ဦးဟာ ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့ကို Folate ဓာတ် အနည်းဆုံး ၆၀၀ microgram ရရှိအောင် စားသုံးပေးဖို့လိုအပ်ပါတယ်။ Folate ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့-
ဒါပေမဲ့ အမျိုးသမီးတော်တော်များများဟာ အစားအသောက်တစ်ခုထဲကနေ Folate ဓာတ်ကို အလုံအလောက်မရရှိကြပါဘူး။ အဲ့ဒါကြောင့် 0.5 mg folic acid supplement ကို ကိုယ်ဝန်ဆောင် ပထမသုံးလမှာ သောက်သုံးပေးဖို့လိုအပ်ပါတယ်။
အကယ်၍သာ အမျိုးသမီးတစ်ဦးဟာ အောက်ပါအခြေအနေတစ်ရပ်ရပ်မှာ အကျုံးဝင်နေတယ်ဆိုရင် တော့ Folate ဓာတ်ကို သာမန်ထက် ပိုလိုအပ်နေပါပြီ။
ဒီလိုအခြေအနေတွေဆိုရင်တော့ Folate ဓာတ်ကို သာမန်ထက် ဆယ်ဆလောက် ပိုမိုလိုအပ်တဲ့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန် ဆရာမတွေရဲ့ ညွှန်ကြားချက်အတိုင်း Folic acid supplement ကို စနစ်တကျ သောက်သုံးပေးဖို့လိုအပ်ပါမယ်။
နောက်ဆုံးအနေနဲ့ မှာချင်တာကတော့ ကိုယ်ဝန်မရှိသေးရင်တောင် ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်နေပြီဆိုကတည်းက Folate ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို များများစားပေးပါနော်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန်တွေရဲ့ တစ်ဝက်လောက်ဟာ အမှတ်မထင် ရလာတတ်တာမျိူးမို့ပါပဲ။
Be Happy and Healthy Motherhood!!
ရေးသားသူ – Dr. Saint
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။