ကိုယ်ဝန်ဆောင်ချိန် အိမ်မွေးတိရိစ္ဆာန်များက စိတ်ချရပါသလား

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

မိသားစု အတော်များများဟာ သူတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မိသားစုဝင်အဖြစ် စဉ်းစားကြပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေဟာ အိမ်တစ်အိမ်ကို ပျော်ရွှင်မှုတွေ သယ်ဆောင်လာပေးပါတယ်။

ဒါပေမယ့် သင့်မှာ ကိုယ်ဝန်ရှိခဲ့ရင်တော့ အိမ်မွေးတိရိစ္ဆာန်အကုန်လုံးဟာ အဆင်မပြေပါဘူး။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ဘယ်လို အိမ်မွေးတိရိစ္ဆာန်ကို အိမ်မှာ ထားမယ်၊ သူတို့ကို ဘယ်လို ကိုင်တွယ်မယ်၊ ဂရုစိုက်မယ်ဆိုတာကို သေချာစွာ ကြိုတင်တွေးထားသင့်ပါတယ်။

ခွေးတွေဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်းမှာ စိတ်ချရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်ပါသလား။

အခြေအနေ အတော်များများ အတွက်ကတော့ ခွေးတွေဟာ သင်ကိုယ်ဝန်ရှိနေစဉ်မှာလဲ စိတ်ချရတဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချရစေဖို့ အောက်ပါအချက်တွေကို ပြုလုပ်သင့်ပါတယ်။

  • သင့်ခွေးကို ဗိုက်ပေါ် ခုန်မတက်ပါစေနဲ့။
  • သင့်ခွေးမှာ ကိုက်ခြင်း၊ ခုန်ခြင်း အစရှိတဲ့ အကျင့်ဆိုးတွေ ရှိရင် သင်ကလေးမရှိခင်ထဲက ဒီလိုအရာတွေ မလုပ်အောင် လေ့ကျင့်ပေးထားသင့်ပါတယ်။
  • သင့်ခွေးကို ကာကွယ်ဆေး အကုန်ထိုးထားပေးသင့်ပါတယ်။ ဒါကို ကလေးမမွေးခင်မှာ ပြုလုပ်ထားသင့်ပါတယ်။
  • တကယ်လို့ သင်နဲ့ သင့်ခွေးဟာ ရင်းနှီးတယ်ဆိုရင် သင့်အိမ်ထောင်ဖက် (သို့) မိသားစုဝင်တစ်ဦးဦးကို သူနဲ့ အချိန်ပိုမို ကုန်ဆုံးစေသင့်ပါတယ်။ သင့်ကလေးက အချိန်တွေ၊ ဂရုစိုက်မှုတွေ အကုန်ယူသွားမှာ ဖြစ်တာကြောင့် သင့်ကလေးကို အိမ်ပြန်ခေါ်လာတဲ့အခါ သူပြောင်းလဲသွားနိုင်တဲ့ ပြောင်းလဲမှုတွေအတွက် ပြင်ဆင်ပြီး ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ကြောင်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် ထားနိုင်ပါသလား။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကြောင်တွေကို ကိုင်တွယ်တဲ့အခါမှာ toxoplasmosis (တော့ဆိုပလပ်စမိုးဆစ်) ရောဂါ ကို သတိထားသင့်ပါတယ်။ ဒါဟာ ကပ်ပါးကောင်တစ်မျိုးကြောင့် ဖြစ်ပြီး ကြောင်မှ သယ်ဆောင် တာ ဖြစ်ပါတယ်။

Toxoplasma Gondi လို့ခေါ်တဲ့ ဆဲလ်တစ်ခုတည်းပါတဲ့ ကပ်ပါးကောင်ဟာ toxoplasmosis ရောဂါ ကို ဖြစ်စေပါတယ်။ ကြောင်ဟာ ဒီကပ်ပါးကောင်ကို မစင်မှ စွန့်ထုတ်ပစ်ပြီး လူမှ ကြောင်ရဲ့ မစင်၊ အညစ်အကြေး၊ ပန်းခြံအတွင်းမှ မြေကြီး အစရှိတာတွေကို ထိတွေ့မိတာကြောင့် ရောဂါကူးစက်ခံရနိုင်ပါတယ်။

သေချာ ကျက်အောင် မချက်ခြင်း၊ ဥပမာ ဝက်သား၊ သိုးသား သို့ ဒရယ်သားတွေ မှတဆင့်လည်း ကူးစက်နိုင်ပါတယ်။

သင့်မှာ ကြောင်တစ်ကောင် ရှိနေခဲ့ရင် ဒီအချက်အလက်တွေက သင့်ကို toxoplasmosis ရောဂါ ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

  • အမှိုက်ပုံးကို လွှင့်ပစ်ဖို့အတွက် ကိုယ်ဝန်မရှိတဲ့ မိသားစုဝင် တစ်ဦးဦးကို စေခိုင်းသင့်ပါတယ်။
  • ကြောင်ကို အိမ်ထဲမှာ ထားသင့်ပါတယ်။
  • အိမ်ရာမဲ့ကြောင်တွေနဲ့ ဝေးရာမှာ နေသင့်ပါတယ်။
  • ကြောင်ချေး (သို့) အပင်စိုက်ပြီးသွားရင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသင့်ပါတယ်။
  • သင့်မှာ သဲအိတ်ရှိရင် ကြောင်တွေက သူ့ကို အမှိုက်အဖြစ်အသုံးပြုခြင်းမှ ကာကွယ်ဖို့ အဖုံးပိတ်ထားသင့်ပါတယ်။
  • သင့်ကြောင်ကို သေချာမကျက်သေးတဲ့ အသားတွေ မကျွေးသင့်ပါဘူး။

ဟမ်းစတား၊ပူး နဲ့ ကြွက်တွေကို အိမ်မွေးတိရိစ္ဆာန် တွေအနေနဲ့ မွေးသင့်ပါသလား။

လူအတော်များများဟာ ကြွက်တွေ ဟမ်းစတား၊ ပူး တွေကို အိမ်မွေးတိရိစ္ဆာန်တွေ အနေနဲ့ မွေးလေ့ရှိပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိနေရင် (သို့) ကိုယ်ဝန်ရှိဖို့ စိတ်ကူးရှိရင် ဒီတိရိစ္ဆာန်တွေကို ဂရုစိုက်သင့်ပါတယ်။

သူတို့ဟာ lymphocytic choriomeningitis virus လို့ ခေါ်တဲ့ LCMV ဗိုင်းရပ်စ် ကို သယ်ဆောင်နိုင်ပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ သင်နဲ့ သင့်ကလေးငယ်အတွက် ဆိုးကျိုးဖြစ်စေပြီး ပြင်းထန်တဲ့ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ကလေးပျက်ကျခြင်းကို ဖြစ်စေပါတယ်။

သင်ဟာ LCMV ဗိုင်းရပ်စ်ပိုး ကို အောက်ပါအချက်တွေကြောင့် ကူးစက်ရနိုင်ပါတယ်။

  • ရောဂါပိုးကူးစက်နေတဲ့ တိရိစ္ဆာန် အကိုက်ခံရခြင်း
  • တိရိစ္ဆာန်ရဲ့ ရောဂါပိုးပါတဲ့ ဆီး၊ သွေး၊ တံတွေး၊ ကိုယ်ခန္ဓါမှ ထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိခြင်း
  • သန့်ရှင်းရေးလုပ်စဉ် (သို့) လှောင်အိမ် သန့်ရှင်းလေး လုပ်စဉ် လေနဲ့ အမှိုက်တွေကို ရှူမိခြင်း

သင့်မှာ LCMV ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း ရဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်သူကို ပြောပြသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့

  • ဖျားနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ပင်ပန်းခြင်း
  • ကြွက်သား နာကျင်ခြင်း၊ လည်ပင်းတောင့်ခြင်း
  • ပျို့အန်ခြင်း
  • ဗိုက်မဆာခြင်း

တကယ်လို့ သင့်ကလေးဟာ အသက် ၅ နှစ်အောက်ဖြစ်ပြီး အထက်ဖေါ်ပြပါ လက္ခဏာတွေ ရှိတယ်ဆိုရင်

  • လူကြီးတစ်ယောက်ဟာ ကလေးငယ်တွေ ဟမ်းစတား၊ပူးတွေနဲ့ ဆော့ကစားနေစဉ်မှာ စောင့်ကြည့်သင့်ပါတယ်။
  • တိရစ္ဆာန်တွေကို နမ်းခြင်း၊ မျက်နှာနားကပ်ခြင်းတွေကို ခွင့်မပြုသင့်ပါဘူး။
  • တိရိစ္ဆာန်တွေကို ကိုင်တွယ်ပြီးချိန်မှာ လက်ကို ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး ဆေးကြောသင့်ပါတယ်။

ကိုယ်ဝန်ရှိစဉ်မှာ တွားသွားတိရိစ္ဆာန်တွေ လုံခြုံစိတ်ချမှု ရှိပါသလား။

အချို့မိသားစုတွေမှာ တွားသွားသတ္တဝါတွေဖြစ်တဲ့ ပုတ်သင်ညို၊ မြွေ၊ လိပ်တွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူလေ့ရှိကြပါတယ်။ အချို့တိရိစ္ဆာန်တွေဟာ လူတွေကို ဖျားနာစေတဲ့ ရောဂါပိုးတွေကို သယ်ဆောင် တတ်ကြပါတယ်။

သူတို့သယ်ဆောင်တဲ့ ရောဂါတစ်မျိုးကတော့ Salmonellosis လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းပဲဖြစ်ပါတယ်။

Salmonella ရောဂါပိုးအများစုဟာ အသား၊ ကြက်ဥ အစရှိတဲ့ အ စားအစာတွေက လာတာဖြစ်ပါတယ်။ ဒါပေမယ့် salmonella ရောဂါပိုးဝင်ခြင်းတွေဟာ တွားသွားသတ္တဝါတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။

သင့်ရဲ့ တွားသွားသတ္တဝါတစ်ကောင်ကောင်က salmonella စစ်ဆေးခြင်းအဖြေမှာ အနုတ်လက္ခဏာ ဖြစ်တယ်ဆိုရင်တောင် ဒါဟာ တိရိစ္ဆာန်တွေက ရောဂါမဖြစ်စေဘူးလို့ မဆိုလိုနိုင်ပါဘူး။ စစ်ဆေးတဲ့ နေ့မှာ တိရိစ္ဆာန်တွေဟာ salmonella ကူးစက်မှုမရှိဘူးလို့သာ ဆိုလိုပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ သက် ၅ နှစ်အောက် ကလေးငယ်တွေဟာ salmonella ရောဂါပိုးရနှုန်း မြင့်မားပါတယ်။ သင့်မှာ ကိုယ်ဝန်ရှိနေရင် ကလေးမမွေးခင် တွားသွားသတ္တဝါတွေကို အိမ်မှ ဖယ်ထုတ်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

Share now :

တည်းဖြတ်သည့်နေ့ ဩဂုတ် 8, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 15, 2017

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။