ကျွန်ုပ်တို့အားလုံးသိထားကြတဲ့အတိုင်းပဲ ကိုယ်ဝန်ဆောင်စဉ်မှာအစာအာဟာရ မျှတအောင် စားသုံးဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ အချို့အစားအစာတွေဟာ ကိုယ်ဝန်ဆောင်နေစဉ် မှာရှောင်ကျဉ်ကြရပါတယ် ။ အချို့ပင်လယ်စာများဆိုလျှင် မစားရမယ့်စာရင်းရဲ့ထိပ်ဆုံးမှာ ပါဝင်ပါတယ် ။ ပုံမှန်အားဖြင့်တော့ ပင်လယ်စာတွေဟာ စိတ်ချရပြီး အာဟာရများစွာ ပါဝင်ပါတယ် ။ သို့သော်လည်း အချို့မစားရမယ့် ချွင်းချက်အနည်းငယ်တော့ ရှိပါတယ်။