သာမန် အချိန်မှာဆို ဝမ်းလျှောခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်တယ်ဆိုပေမယ့် သူ့မှာပါဝင်တဲ့ berberine က ကလေးတွေရဲ့ အသားဝါခြင်း ပြဿနာကို ဆိုးဝါးစေပြီး ကလေးရဲ့ ဦးနှောက်နဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေတာကြောင့် ကိုယ်ဝန်သည်တွေ Goldensea ပါတဲ့ဖြည့်စွက်စာတွေ စားဖို့မသင့်တော်ပါ။
( ၅ ) Dong quai
Dong quai ဆိုတာ တရုတ်ရိုးရာ တိုင်းရင်းဆေး အမြစ်တစ်မျိုးဖြစ်ပြီး ဓမ္မတာကြောင့် ကိုက်ခဲတာကစလို့ သွေးတိုး ရောဂါတွေကိုပါ သက်သာစေတဲ့ ဆေးတစ်မျိုးပါ။ ဒါ့ပေမယ့် Dong quai က သားအိမ်ကျုံ့နိုင်အားကို အားပေးတဲ့အတွက်ကြောင့် ကလေးပျက်ကျစေတတ်ပါတယ်။
( ၆ ) Yohimbe
အာဖရိကန် အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ပင်စည်ကနေ ထုတ်ထားတဲ့ Yohimbe တိုင်းရင်းဆေးဟာ ပန်းသေခြင်းနဲ့ အဝလွန်ခြင်းကို ကုသတဲ့ဆေးတစ်မျိုးပါ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးတိုး၊ နှလုံးရောဂါနဲ့ အတက်ရောဂါတို့ကို ဖြစ်စေတာကြောင့် ကိုယ်ဝန်သည်တို့ ထိပ်ဆုံးက ရှောင်သင့်တဲ့ တိုင်းရင်းဆေး တစ်မျိုးပါ။
( ၇ ) ကိုယ်ဝန်ဆောင်တွေ လုံးဝမသုံးသင့်တဲ့ တိုင်းရင်းဆေးတွေကတော့
- Saw palmetto – ဆေးထန်းပင်
- Tansy
- Red clover
- Angelica
- Yarrow
- Wormwood
- Blue Cohosh
- Pennyroyal
- Ephedra
- Mugwort တို့ပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။