နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ကိုယ်ဝန်ရှိတဲ့ မေမေတိုင်း စိတ်ပူကြတဲ့ အရာတွေထဲက တစ်ခုက နေ့မစေ့ လမစေ့ဘဲ မီးဖွားရမှာကိုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သက် ၃၇ ပတ်နောက်ပိုင်းမှာမီးဖွားမှ ကလေးက ပြင်ပမှာ ကောင်းကောင်းအသက်ရှင်နိုင်မှာ ဖြစ်တာကြောင့် မေမေတို့ စိတ်ပူရတာလည်း မမှားပါဘူး။လမစေ့ မွေးတာမျိုးတွေ ရှိတယ်ဆိုတည်းက သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေလည်း ရှိတာကြောင့်ပါ။ ဒီအကြောင်းတွေကို မေမေတို့ သိထားတော့ ကြိုတင်သတိထားလို့တာပေါ့ ။ ။

နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

နေ့မစေ့ဘဲ မီးဖွားရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ဘယ်အကြောင်းကြောင်းဖြစ်ရတယ်ဆိုပြီး အတိကျတော့ မရှိပါဘူး။ အဓိက ဖြစ်ရတာကတော့ ရေမြွာအိတ် ပြဲသွား ပေါက်သွားတာကြောင့် မီးဖွားလာချင်ရတာဖြစ်ပါတယ်။ အခြားဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေလည်းရှိသေးတဲ့ မိခင်ကြောင့်၊ ကိုယ်ဝန်ကိုယ်တိုင်ကြောင့်နဲ့ ကလေးကြောင့်ဆိုပြီး အုပ်စု ၃ ခုခွဲပြီး ပြောချင်ပါတယ် ။ ။

မိခင်ကြောင့်ဖြစ်ရတဲ့ နေ့မစေ့ လမစေ့ခင် မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ ။ ။

  • ကိုယ်ဝန်ဆိပ်တက်ခြင်း ( ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ )
  • မိခင်မှာ နှလုံးရောဂါ ။ ကျောက်ကပ်ရောဂါရှိခြင်း
  • group B streptococcus ရောဂါပိုးကြောင့် ဖြစ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်ပိုးဝင်ခြင်း၊ ဗိုက်ထဲက သန္ဓေသားနဲ့ အချင်းဆီ ပိုးဝင်ခြင်း
  • ကိုကင်းမူးယစ်ဆေးစွဲနေခြင်း
  • မိခင်ရဲ့ သားအိမ်က ပုံမှန် မဟုတ်ခြင်း
  • မိခင် သားအိမ်ခေါင်း မလုံခြင်း ( ကိုယ်ဝန်တစ်လျှောက် သားအိမ်ခေါင်း မလုံခြင်း)
  • အရင်တုန်းကလည်း နေ့မစေ့ လမစေ့ဘဲ မီးဖွားခဲ့ဖူးခြင်း တွေဟာ မိခင်ကြောင့်ဖြစ်ရတဲ့ နေ့မစေ့ လမစေ့ မီးဖွားရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

ကိုယ်ဝန် ကိုယ်တိုင်ကြောင့် ဖြစ်တဲ့ နေ့မစေ့ဘဲ မီးဖွားခြင်းများ ။ ။

  • အချင်းက ပုံမှန် မဟုတ်ခြင်း
  • အချင်းရှေ့ရောက်နေခြင်း
  • အချိန်မတိုင်ခင် အချင်းကွာကျခြင်း
  • ရေမြွာရည် စောပေါက်ခြင်း
  • ရေမြွာရည်များလွန်းခြင်းတွေကြောင့် အချိန်မတိုင်ခင် မီးဖွားခြင်း တွေဖြစ်ရတာပါ။

ဗိုက်ထဲက ရင်သွေးလေးကြောင့် ဖြစ်ရတဲ့ နေ့မစေ့ မီးဖွားရခြင်း အကြောင်းအရင်းများ ။ ။

  • အမြွာရင်သွေးလေးများ
  • မိခင်နဲ့ကလေး အပေါင်းသွေး အနှုတ်သွေးမတူတာကြောင့် ကလေးရဲ့ သွေးနီဥများပျက်စီးသွားခြင်းကြောင့် နေ့မစေ့ လမစေ့ ဘဲ ကလေးမီးဖွားခြင်းတွေ ဖြစ်နိုင်ပါတယ်။

ဒါတွေကတော့ နေ့မစေ့ လမစေ့ ဘဲ မီးဖွားရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ နေ့မစေ့ဘဲ မီးဖွားတဲ့အခါ ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ ရင်သွေးလေး အပြင်လောကကြီးမှာအသက်ရှင်နိုင်ဖို့ အခက်အခဲရှိတာကြောင့် အပေါ်က ပြောထားတဲ့ အကြောင်းရင်းတွေ သိထားရင် ကိုယ်ဝန်ကို သေချာအပ်ထားမိပြီး ကြိုပြင်ဆင်ထားလို့ ရတာပေါ့။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 27, 2020 . 2 mins read

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

အိပ်ကောင်းကောင်းနဲ့ အကြာကြီးအိပ်နေမိတဲ့အခါ

အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

မိန်းမကိုယ်ပိုးဝင်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
အမျိုးအစား- ၂ ဆီးချို ခံစားရနိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 3 mins read