ပန်းသေပန်းညှိုးကို ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ။
• အဝလွန်ခြင်း
• သွေးတိုးရောဂါ
• ဆီးချိုရောဂါ
• နှလုံးရောဂါ
• သွေးတွင်း ကိုလက်စထရောများခြင်း
• ပါကင်ဆန်ရောဂါ
• အာရုံကြောအားနည်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေအပြင်
• စိတ်ဖိစီးမှုများခြင်း
• စိုးရိမ်ပူပန်လွန်ကဲတဲ့ ရောဂါတွေ
• စိတ်ကျရောဂါ
• စိတ်အတက်အကျမြန်ရောဂါ
• အကြောက်လွန်ခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၁။ လက်နဲ့အာသာဖြေတာ များလွန်းရင် မျက်စိကွယ်နိုင်တယ်။
၂။ အာသာဖြေခြင်းကြောင့် လက်ဖဝါးတွေနဲ့ လက်ဖမိုးတွေမှာ အမွေးအမျှင်တွေ ပေါက်လာနိုင်တယ်။
၃။ လူက ပိန်ပြီးညှက်နေတယ်ဆိုတာ အာသာဖြေလွန်းလို့ ဖြစ်နေတာ
၄။ အာသာဖြေလွန်းရင် ကျားဟော်မုန်းတွေ ခမ်းသွားနိုင်တယ်။
၅။ အာသာဖြေတဲ့ အမျိုးသားတွေ မြုံတတ်တယ်။
၆။ နေမကောင်းဖြစ်လွယ်ခြင်း၊ ကိုယ်ခံအားကျခြင်း၊ အာဟာရပြတ်လပ်ခြင်းတွေကိုလည်း ဖြစ်စေနိုင်တယ်။
၇။ ကြွက်သားနဲ့ အရိုးအဆစ်ကြီးထွားနှုန်းကို နှေးကွေးစေနိုင်တယ် အစရှိသဖြင့် အလွဲတွေကတော့ အစုံပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့ လူတွေပြောသမျှကို အရမ်းကြီး အယုံမလွယ်ဖို့၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး လေ့လာမှတ်သားဖို့၊ ကိုယ်သိထားတဲ့ ပညာတွေကို တခြားကျန်းမာရေးအသိမရှိတဲ့သူတွေဆီ မျှဝေပေးဖို့ လိုအပ်ပါတယ်။
အာသာဖြေခြင်းကို ကုသလို့ရလား။
ကုသလို့ရပါတယ်။ အသက်ငယ်သေးတဲ့ သူတွေမှာတော့ ကုသဖို့ ပိုလွယ်ကူနိုင်ပါတယ်။ အဓိက အားဖြင့် ရုပ်နဲ့ ခန္ဓာပြဿနာကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ လက္ခဏာဖြစ်တာကြောင့် ကိုယ်ဘာကြောင့်ဖြစ်ရတာလဲဆိုတဲ့ အဓိကအကြောင်းရင်းကို ဆရာဝန်အနေနဲ့ အဖြေရှာမှာ ဖြစ်ပါတယ်။ ရုပ်ကြောင့် ဖြစ်တဲ့ ရောဂါဆိုရင် အဲ့ဒီရောဂါတွေကို အရင်ကုသရမယ်၊ မဟုတ်ရင်လည်း ရောဂါအခြေအနေကို ဆေးနဲ့ ထိန်းချုပ်ရမယ်။ စိတ်ကြောင့် ဖြစ်တဲ့ရောဂါမှာ စိတ်ကျရောဂါပျောက်ဆေး၊ စိတ်ငြိမ်ဆေးတွေနဲ့ဖြစ်စေ၊ စိတ်ရောဂါကုထုံးများနှင့် ကုသပြီးတော့ဖြစ်စေ ပန်းသေပန်းညှိုးပြဿနာကို ပျောက်ကင်းအောင် လုပ်လို့ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။