အစားအသောက် ဆင်ခြင်ခြင်း
အဆီနည်းနည်း အသီးအရွက်များများ စားသုံးတာက Inflammation ပမာဏကို လျှော့ချပေးတာကြောင့် နာကျင်မှုကို သက်သာစေပါတယ်။ ဒီနည်းလမ်းက တိုက်ရိုက်မဟုတ်ပေမယ့် ထိရောက်ပါတယ်။ နောက်တစ်ခုက ဗီတာမင်-ဒီ လုံလုံလောက်လောက် စားသုံးပါ။ Vitamin-D3 များများသုံးစွဲခြင်းက ဓမ္မတာလာစဉ် နာကျင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ငါးကြီးဆီနဲ့ ဗီတာမင်-ဘီ တို့ကလည်း ကူညီနိုင်ပါတယ်။
လက်ဖက်ရည် ( ရေနွေးကြမ်း ) အနည်းငယ် သောက်သုံးခြင်း
တချို့ ဆေးဖက်ဝင်အရွက်တွေက estrogen ( မ-ဟော်မုန်း ) အဖြစ်ဆောင်ရွက်နိုင်ပြီး ဓမ္မတာလာစဉ် နာကျင်မှုကို သက်သာစေပါတယ်။ Chamomile Tea ၊ Peppermint Tea ၊ Cramp Bark Tea တို့ကို ညွှန်ပေးတာ များပါတယ်။ ဒါပေမယ့် ဟော်မုန်း၊ ဆီးလမ်းကြောင်းတို့နဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိမရှိ ဆရာဝန်နဲ့ စစ်ဆေးရပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။