သွေးတိုးရောဂါ (Hypertension) လို့ ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အပယိကရောဂါ လိုမျိုး သဘောထား တတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
သွေးတိုးရောဂါ (Hypertension) လို့ ဆိုလိုက်ရင် လူအများစုက သေနိုင်လောက်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ အပယိကရောဂါ လိုမျိုး သဘောထား တတ်ကြပါတယ်။ တကယ်ကတော့ သွေးတိုးက အသက်အန္တရာယ်ကို ထိခိုက်စေသည်အထိ ပြင်းထန်ပါတယ်။
သွေးတိုးခြင်းဟာ နှလုံးကို ထိခိုက်ပျက်စီးစေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း တစ်ဘီလျံခန့်ကို ဒုက္ခပေးနေတဲ့ ရောဂါလည်း ဖြစ်ပါတယ်။ ထိရောက်စွာ မကုသခဲ့ရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း စတဲ့အခြေအနေတွေ တွေ့ကြုံနိုင်ပါတယ်။
သွေးတိုးရောဂါ (သွေးပေါင်တက်ခြင်း) ဆိုတာ အပေါ်သွေး သွေးပေါင်ချိန် ၁၄၀ နဲ့ထက်၊ အောက်သွေး ၉၀ နဲ့ အထက် (သွေးပေါင်ချိန် ၁၄၀/ ၉၀ mmHg) အထက် ဖြစ်နေတဲ့ အချိန်မှာ တွေ့ရတဲ့ နှလုံးသွေးကြောဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ကျန်းမာတဲ့ သွေးပေါင်ချိန် ဆိုတာက သွေးပေါင်ချိန် တိုင်းတဲ့အခါ ၁၂၀/၈၀ mmHg အောက်ရှိရမှာပါ။
သွေးတိုးရောဂါ (Hypertension) ဆိုတာက ခန္ဓာကိုယ်တွင်းက သွေးတွေကို ပုံမှန်ထက် ညှစ်ထုတ်ဖို့ခက်ခဲတဲ့အနေအထားမျိုးပါ။ နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးနိုင်စွမ်းကျသွားတယ်ဆိုတဲ့ သဘောပါ။ ဒီလိုအခြေအနေမျိုးမှာ
သွေးတိုးရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ သွေးတိုးရောဂါဟာ ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုကြောင့် ဖြစ်နိုင်သလို မျိုးရီုးဗီဇကြောင့်လည်း(မူလအစသွေးတိုးရောဂါ)ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ရောဂါ ဒါမှမဟုတ် ဟော်မုန်း စနစ် မူမမှန်တာတွေကြောင့် (တဆင့်ခံ သွေးတိုးရောဂါ) ဖြစ်နိုင်ပါတယ်။ မူလအစ သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ ဆေးလိပ်သောက်တာ၊ မျိုးရိုး၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အငန်ကဲတဲ့ အစားအစားတွေ စားတာ၊ အရက် အလွန်အကျွံ သောက်တာတွေကြောင့်ပါ။ စိတ်ဖိစီးမှု များတာကြောင့်လည်း သွေးတိုးနိုင်ပါတယ်။
ဒီအချက်တွေအပြင်
အချိန်ကြာမြင့်စွာ သွေးတိုးရောဂါ ခံစားရတာက သွေးကြောနံရံတွေကို ပျက်စီးစေနိုင်ပြီး သွေးကြောတွေထဲမှာအနယ်တွေစုပုံတာမျိုး ဖြစ်စေနိုင်ပါတယ်။ သွေးတိုးတာက နှလုံးကို သွေးညှစ်ထုတ်ရာမှာ ခက်ခဲစေပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းစေပြီး လေဖြတ်တာ၊ နှလုံးထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။
နေ့စဉ်စားသောက်မှုနဲ့ နေထိုင်မှုပုံစံကိုပြောင်းလဲတာ၊ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို ပုံမှန်သောက်သုံးတာက သွေးတိုးကိုသက်သာစေပြီး သွေးပေါင်ချိန်ကို ကျန်းမာတဲ့ အနေအထားမှာ ထိန်းထားနိုင်စေဖို့ ထောက်ကူပေးမှာပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။