မီးဖွားချိန်မှာ မေမေတို့ အကြုံများတဲ့ ပြဿနာတွေ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကလေးမီးဖွားတယ်ဆိုတဲ့ ဖြစ်စဉ်ဟာ သဘာဝ တရားကြီးက ဖန်တီးထားတာဖြစ်လို့ သူ့အလိုအလျောက် အချိန်တန်ရင် မီးဖွားတယ်ဆိုပေမယ့် မီးဖွားရခက်တာမျိုး၊ မိခင်ရော ကလေးကိုရော ဒုက္ခပေးနိုင်တဲ့ကိစ္စမျိုးတွေလည်း ရှိတတ်ပါတယ်။  ဒါဆို မီးဖွားရင်  ဘယ်လို ပြဿနာတွေ မေမေတို့ အများဆုံး ကြုံတွေ့ရလဲဆိုတာ ဆက်ကြည့်ရအောင်။  ။

၁ ။ ချက်ကြိုးကလေး လည်ပင်းကို ပတ်နေတာ ။   ။

ချက်ကြိုးဆိုတာ ကလေးကို အာဟာရတွေ ပေးနေတဲ့အရာဖြစ်ပြီး ကလေး ဗိုက်နားမှာပဲ ရှိနေသင့်တဲ့အရာတစ်ခုပါ။ တစ်ခါတစ်လေ ကံမကောင်းစွာနဲ့ပဲ ကလေးလည်ပင်းမှာ ပတ်နေပြီး ပြန်မပြေတတ်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီလို အခြေအနေကို ကြိုသိမထားဘူး၊ မီးဖွားချိန်မှာ ရိုးရိုးပဲမွေးပြီးအမေက အားနဲ့ညှစ်တဲ့အချိန်မှာ ကလေးကို ချက်ကြိုးက ပတ်ပြီး လည်ပင်းညှစ်နေတတ်သလိုဖြစ်နေတတ်ပါတယ်။ ကလေးက လည်ပင်းလည်းအစ် အောက်ကို လည်း ဆက်မဆင်းနိုင်၊ နောက်ဆုံး ကလေးအသက်ဆုံးရှုံးရတဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ဒီလို ချက်ကြိုးကလေး လည်ပင်းပတ်တာ မပတ်အောင် ကြိုကာကွယ်လို့ မရပေမယ့် ကြိုသိအောင် အာထရာဆောင်းရိုက်ထားလို့တော့ရပါတယ်။

၂ ။ မီးဖွားချိန်ကြာတာ။  ။

မီးဖွားရမယ့်အချိန်လည်း ကျော်နေပြီ၊ ဗိုက်နာတာလည်းကြာနေပြီ၊ သားအိမ်က မညှစ်နိုင်လို့ ကလေးက မဆင်းဘူးဆိုတာ မီးဖွားတဲ့ အမျိုးသမီး ၈ ရာခိုင်နှုန်းလောက် ကြုံတွေ့နေရတဲ့ ကိစ္စပါ။ သတ်မှတ်ချက်တွေ အရတော့ မီးဖွားချိန်ကြာတာကို ပထမဆုံးကလေးမီးဖွားတဲ့သူတွေမှာ ၂၀ နာရီ ၊ အရင်မီးဖွားဖူးတဲ့သူတွေမှာ ၁၄ နာရီကြာတဲ့အထိ မီးမဖွားနိုင်ဘူးဆိုရင် မီးဖွားရခက်နေပြီ မီးဖွားရတာ ကြာနေပြီလို့ သတ်မှတ်ထားပါတယ်။ မီးဖွားချိန်ကြာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

၃ ။ ကလေးမှာ တစ်ခုခုဖြစ်နေတာ ။  ။

ကလေးက ကျန်းကျန်းမာမာ မဟုတ်ဘဲ တစ်ခုခုချို့ယွင်းနေတယ်ဆိုရင်လည်း မွေးရခက်နေတာမျိုးဖြစ်တတ်ပါတယ်။  ကလေးမှာ ချို့ယွင်းတတ်တဲ့ ဖြစ်စဉ်တွေက ဘာလဲဆိုတော့

  • ကလေးနှလုံးခုန်းနှုန်း မမှန်တာ၊
  • ရေမွှာရေနည်းနေလို့ ကလေး မွန်းနေတာ၊
  • မိခင်က သွေးအားနည်းနေလို့ ကလေးလည်း အောက်ဆီဂျင် ကောင်းကောင်းမရတာ၊
  • ရေမွှာရေက မသန့်တော့လို့ ကလေးဆီ ပိုးဝင်တာ၊
  • မိခင်က ကိုယ်ဝန်ဆိပ်တွေတက်ပြီး နေမကောင်းတော့ ကလေးလည်း ဗိုက်ထဲမှာ ကောင်းကောင်း ဆက်မဖွံဖြိုးနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးကောင်းကောင်း မဖွံ့ဖြိုးတဲ့အခါ မွေးလမ်းကြောင်းထဲကိုလည်း ခေါင်းဆင်းတဲ့ အချိန်လည်း ကြန့်ကြာနေတတ်ပါတယ်။

၎ ။ မွေးပြီးပြီးချင်း ထွက်လာတဲ့ ကလေး အသက်မရှူနိုင်တာ။ မငိုတာ။  ။

မိခင် ဗိုက်ထဲကနေ လောကကြီးဆီကိုရောက်လာပြီဆိုတာနဲ့ ကျန်းမာတဲ့ ကလေးတိုင်း အသံပြဲကြီးနဲ့ ငိုကြပါတယ်။ ကလေးငိုမှ အဆုတ်လည်း စတင် အလုပ်လုပ်ပြီး သွေးလည်ပတ်မှုတွေလည်း စတင်မှာ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ ထွက်ထွက်ချင်း မငိုနိုင် တစ်ချို့ကလေးတွေရှိပါတယ်။

  • ဗိုက်ထဲက ထွက်လာတဲ့ကလေး ပြာနေမယ်၊
  • ငိုလည်း မငိုဘူး၊
  • နှလုံးခုန်သံလည်း တိုးနေမယ်၊
  • အသက်လည်း ကောင်းကောင်း မရှူနိုင်ဘူး
  •  ရေမွှာရေတွေကလည်း ညစ်ပတ်နေမယ်ဆိုရင် ကလေးကို ချက်ချင်း အသက်ကယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါပြီ။ ။

၅ ။ မီးဖွားပြီးနောက်ပိုင်း သွေးတွေ တအားသွန်တာ။   ။

ကလေးတစ်ယောက်မွေးချိန်ဆို  ရိုးရိုးမွေးရင် သွေး 500 ml လောက်၊ ဗိုက်ခွဲမွေးရင် သွေး  1000 ml လောက် မိခင်က ဆုံးရှုံးပါတယ်။ ဒါတွေက ပုံမှန်ဆို ကလေးမွေးပြီး ၂၄ နာရီ အတွင်းမှာဖြစ်တတ်ပါတယ်။

ကလေးမွေးပြီး ၁၂ ပတ်ကျော်ကြာမှ သွေးဆင်းတာမျိုးတွေ ဖြစ်ခဲ့ရင်တော့ ပုံမှန် မဟုတ်တော့ပါဘူး။ ဒီလို သွေးသွန်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

ဒါတွေ အားလုံးက ကလေးမီးဖွားချိန်မှာ အများဆုံး ဖြစ်တတ်တဲ့ ပြဿနာတွေ ပဲဖြစ်ပါတယ်။ ဒီပြဿနာတွေ အားလုံးက အချိန်မီ ကုသမှု မခံယူရင် မိခင်ကိုရော၊ ကလေးကိုပါ ဒုက္ခပေးနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်လို့ ကိုယ်မီးဖွားတော့မယ်ဆိုရင် ကျွမ်းကျင်ပြီး အတွေ့အကြုံ ပြည့်တဲ့ ဆရာဝန်၊ သားဖွားဆရာမတွေနဲ့ သေချာအပ်ပြီး မီးဖွားတာက အကောင်းဆုံးပါ။   ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇငျဘာ 28, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇငျဘာ 28, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။